အခန်း ၄ ။ နောက်ဆက်တွဲ အရင်းအမြစ်များ

အခန်း ၄ ။ OER နှင့် CC လိုင်စင်ရှိ သောလက်ရာများကိုအသုံးပြုခြင်း

၄.၁ အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပညာရေးအရင်းအမြစ်များ (Open educational resources -- OER)

မည်သည့်အတွက် CC BY ကိုသုံးကြပါသနည်း။

Open textbook community advocates CC BY licence for open textbooks‘ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ဆောင်းပါးကိုဖတ်ပြီး ပညာရေးအတွက် Creative Commons Attribution Licence (CC BY) ကို အဘယ်ကြောင့် အကြံပြုကြသည်ကို စဉ်းစားပါ။ Open Access Scholarly Publishers Association ၏ ‘Why CC-BY?‘ တွင် သိပ္ပံသုတေသနစာတမ်းများထုတ်ဝေခြင်းအတွက် ယင်းလိုင်စင်နှင့် ပတ်သက်၍ ထပ်မံ၍ဆွေးနွေးထားသည့် အလားတူ ရေးသားချက် ကို လေ့လာနိုင်ပါသည်။

OER နှင့် MOOC အကြောင်း ရုပ်သံရင်းမြစ်များ

OER ကဲ့သို့လက်ရာများကို မျှဝေရန် အရေးကြီးရသည့်အကြောင်းရင်း မိတ်ဆက်အတွက် ‘Open education matters: why is it important to share content?’ နှင့် ‘Why OER?’ တို့ရှိ ဗီဒီယိုများကိုကြည့်ရှုရန်။ Dave Cormier‘What is a MOOC?’ (CC-BY 3.0) ဗီဒီယိုကိုလည်း ကြည့်ရှုနိုင်ပါသည်။

အခမဲ့လွတ်လပ်စွာ လေ့လာသင်ယူနိုင်သည့် သင်ကြားရေးဆော့ဖ်ဝဲ (Open courseware)

အခမဲ့လွတ်လပ်စွာ လေ့လာသင်ယူနိုင်သည့်သင်ကြားရေးဆော့ဖ်ဝဲ (Open courseware) နမူနာများအား ထပ်မံလေ့လာလိုပါက Open Education Consortium နှင့် Lumen Learning တို့တွင် လေ့လာရန်။

၄.၃ OER ကို ရှာဖွေခြင်းနှင့်အကဲဖြတ်ခြင်း

OER များသည် အရည်အသွေးနိမ့်ပါသလား။

အခမဲ့ဖြစ်သောကြောင့် OER များသည် 'အရည်အသွေးနိမ့်သည်' ဟု မည်သူကမှ သင့်အား လာမပြောစေရန် သတိပြုပါ။ SPARC OER Mythbusting Guide က ယခုလိုဆိုပါသည်။

  • ယခုကဲ့သို့ ဒစ်ဂျစ်တယ်နှင့် အင်တာနက်ဖြင့် ချိတ်ဆက်မှုများတိုးပွားလာနေသော ကမ္ဘာကြီးတွင် 'မိမိပေးသည့်အဖိုးအခနှင့် တန်သလောက်သာ မိမိပြန်ရသည်' ဟူသော ဆိုရိုးစကားသည် ခေတ်နောက်ကျနေပြီဖြစ်သည်။ လူမှုအဖွဲ့အစည်းကဏ္ဍအလွှာအသီးသီးတွင် ့် အသုံးပြုသူများအတွက် ကုန်ကျစရိတ်များ သိသာစွာလျှော့ချ (သို့) အပြီးအပိုင်ဖယ်ရှားလိုက်သော ပုံစံအသစ်များ ဖွံ့ဖြိုးလာသည် ်။ ထိုကဲ့သို့ တီထွင်ဆန်းသစ်ခြင်းသည် ပညာရေးရင်းမြစ်များသို့ပါ ကူးစက်ပျံ့နှံ့လာခဲ့သည်။
  • OER များအား လွှင့်တင်သူများသည် ၎င်းတို့၏ ရင်းမြစ်များ၏ အရည်အသွေးကို သေချာစေရန် ဆောင်ရွက်ထားသည်။ အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပြဋ္ဌာန်းစာအုပ် အတော်များများကို တင်းကျပ်သည့်တည်းဖြတ်မှုနှင့် လုပ်ဖော်ကိုင်ဖက်ချင်း ပြန်လည်သုံးသပ်သည့် ညမ်းညွှန်ချက်များဖြင့် ဖန်တီးထားပြီး OER အင်တာနက် မော်ကွန်းတိုက် များစွာသည် အကြောင်းအရာ၊ အချက်အလက်များကို ပြန်လည်သုံးသပ်ရန် (နှင့် အခြားသူများသုံးသပ်ထားသည်ကို ပြန်ကြည့်ရန်) မဟာဌာနကြီးမှ ဆရာ/ဆရာမများကို ခွင့်ပြုထားသည်။ OER များသည် အခမဲ့ဖြစ်ပြီး အရည်အသွေးမြင့်မားကာ - အရေးအကြီးဆုံးအချက်အနေဖြင့် အပြုသဘောဆောင်သော ကျောင်းသား၏သင်ယူမှုရလဒ် များကို ထောက်ပံ့ပေးနိုင်ကြောင်း ပြသသော သက်သေအထောက်အထားများလည်း ရှိနေပြီဖြစ်သည်။

ထို့အပြင် 'ပညာရေးဆိုင်ရာအရင်းအမြစ်များ၏ အရည်အသွေး နိမ့်ခြင်း (သို့) မြင့်မားခြင်း' အကြောင်းကို ဆွေးနွေးငြင်းခုံမနေသင့်ဘဲ သင်ကြားပို့ချသူ ဆရာ/မများ အမှန်တကယ်စိတ်ပူသင့်သည်မှာ 'ထိရောက်မှု' ဖြစ်သည်ကို သတိပြုသင့်ပါသည်။ David Wiley ၏ အောက်ပါ တင်ပြမှု ၂ ခုကို ဖတ်ရှုပါရန် ‘Stop saying “high quality”’ နှင့် ‘No, really – stop saying “high quality”’