သင်တန်းအကြောင်း

ဤသင်တန်းသည် စာကြည့်တိုက်မှူးများအတွက် Creative Commons အသိအမှတ်ပြုလက်မှတ်ရသင်တန်းအစီအစဉ် [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကို ပြန်ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။ အဝေးသင်ပညာရေးတွင်ဆန်းသစ်တီထွင်မှုဖြင့်ပြောင်းလဲခြင်း (TIDE) စီမံကိန်း၏ Master Trainer Programme (MTP) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ MTP နှင့် သက်ဆိုင်သော နောက်ထပ် အထောက်အကူ၊ အရင်းအမြစ်များလည်း ရနိုင်ပါသည်။

ဤသင် တန်းကို ပြန်လည်အသုံးပြုနိုင်စေရန် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် (open license) ချပေးထားပါသည်။ သင် တန်းအားကိုးကားပုံ အသေးစိတ်နှင့်အား အောက်တွင်တွေ့ရှိနိုင်ပြီး အသုံးပြုထားသည့် အကြောင်းအရာ၊ အချက်အလက်များ၏ စာရင်းကို ကျေးဇူးတင်လွှာနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် အချက်အလက်ဆိုင်ရာ အခန်းများတွင် ကြည့်ရှုနိုင်ပါသည်။

သင်တန်း အကောင်အထည်ဖော်မှု နောက်ကွယ်ရှိ အဖွဲ့အကြောင်း ပို၍အသေးစိတ် ထပ်မံသိရှိလိုပါက နောက်အခန်း ကျေးဇူးတင်လွှာတွင် ကြည့်ရှုနိုင်ပါသည်။

ဤသင်တန်းသည် ‘စာကြည့်တိုက်မှူးများအတွက် Creative Commons အသိအမှတ်ပြုလက်မှတ်ရသင်တန်း’ အပေါ်တွင် အခြေခံထားသော်လည်း တရားဝင် CC Certifiate အစီအစဉ်တွင် ပါဝင်ခြင်းမဟုတ်သည်ကို သတိပြု ပါ။ ဤသင်တန်းတွင်ပါဝင်သော မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာအကြောင်းအရာများသည် အချက်အလက် အတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး ဥပဒေဆိုင်ရာ အကြံပြုချက်များ မပါဝင်သည်ကိုလည်း သတိပြုပါ။ ဤသင်တန်းက စာပေနှင့်အနုပညာမူပိုင်ခွင့်၏ မည်သည့် အကြောင်းခြင်းရာမဆိုနှင့် လွတ်လပ်စွာ ရယူအသုံးပြုခွင့်ပေးသော လိုင်စင်များချပေးခြင်းတို့ နှင့်စပ်လျင်းသည့် ဥပဒေဆိုင်ရာအကြံပြုချက်များ ပေးရန် အခွင့်အရေးကိုလည်း သင်ယူသူများအား မပေးအပ် ပါ။

သင် တန်း အကြောင်းအရာ၊ အချက်အလက်များအား အသုံးပြုနည်း