၁.၁။ စာပေနှင့်အနုပညာမူပိုင်ခွင့်အခြေခံများ

ဓာတ်ပုံအသိအမှတ်ပြုချက် Marc Veraart ၏ Myanmar - Bagan [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] သည် CC BY-ND 2.0 လိုင်စင်တင်ထားပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်က သင့်အတွက် ရှုပ်ထွေးနေပါလား။ စာပေနှင့်အနုပညာမူပိုင်ခွင့် သမိုင်းကြောင်းနှင့် ရည်ရွယ်ချက်ကိုလေ့လာခြင်းဖြင့် ရှင်းလင်းအောင်လုပ်ပါ။

သင်ယူမှုရလဒ်များ

သင်တန်း ၏ ယခုအပိုင်း ပြီးဆုံးသည့်အခါ

  • စာပေနှင့်အနုပညာမူပိုင်ခွင့်၏ အခြေခံသမိုင်းကြောင်းကို ခြေရာကောက်နိုင်လာမည်
  • စာပေနှင့်အနုပညာမူပိုင်ခွင့်၏ ရည်ရွယ်ချက်ကို ရှင်းပြနိုင်လာမည်။
  • စာပေနှင့်အနုပညာမူပိုင်ခွင့်က မည်ကဲ့သို့အလိုအလျောက်ရရှိပြီးသားဖြစ်သည်ကို ရှင်းပြနိုင်လာမည်။
  • ယေဘုယျ စာပေနှင့်အနုပညာမူပိုင်ခွင့်စည်းကမ်းချက်များကို ရှင်းပြနိုင်လာမည်။

ပြန်လည်သုံးသပ်ချက်

မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် ပြောင်းလဲနေပါသည်။ ယင်းသို့ ပြောင်းလဲမှုများက သင်၏လုပ်ကိုင်ပုံနှင့်နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိလာပါလိမ့်မည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ရှိသော အရင်းအမြစ်များကို ခွင့်ပြုချက်မရရှိဘဲ ဖြန့်ဝေခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ကို ပြုလုပ်နေကြပါသည်။ အရင်းအမြစ်များကို မည်သို့ရှာဖွေကာ မျှဝေပါသလဲ။ စာပေနှင့်အနုပညာမူပိုင်ခွင့်ကို ထည့်စဉ်းစားမိပါသလား သို့မဟုတ် မိမိမျှဝေသည့် ဖန်တီးထားသောလက်ရာကို မည်သူဖန်တီးထားသလဲဟု တွေးမိပါသလား။

မိတ်ဆက်

ခြုံငုံဖော်ပြချက်