စာပေနှင့်အနုပညာမူပိုင်ခွင့်၏ ရိုးရှင်းသောသမိုင်းကြောင်း

မည်သို့ပင်ဆိုစေ ကမ္ဘာပေါ်တွင် အရေးအပါဆုံးနှင့် အစောဆုံး စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအန်းဘုရင်မ၏ဥပဒေ(Statute of Anne) [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကို ၁၇၁၀ခုနှစ်၌အင်္ဂလန်တွင်ပြဋ္ဌာန်းခဲ့သည်။

ယင်းခေတ်ကာလအတွင်း ပုံနှိပ်စာအုပ်များ၏ မိတ္တူများကို စာရေးဆရာများထံ သို့မဟုတ် ထိုမိတ္တူများအား ဝယ်ယူသူများထံ ပိုင်ဆိုင်ခွင့်အပ်နှင်းခြင်းဖြင့် လေ့လာမှုများအား အားပေးတိုက်တွန်းမှုတစ်ရပ်လည်း ဖြစ်ခဲ့သည်။

ယင်းဥပဒေသည် စာအုပ်ထုတ်ဝေသူများအား ၎င်းတို့၏ စာအုပ်များကို အခြားသူများ မူပွားခြင်းမှ ၁၄ နှစ်အထိ ဥပဒေအရအကာအကွယ် ပေးပါသည်။

ထိုအချိန်မှစ၍ စာပေနှင့်အနုပညာမူပိုင်ခွင့်အရအပ်နှင်းသော သီးသန့်အခွင့်အရေးများဆိုင်ရာ နယ်ပယ်သည် ကျယ်ပြန့်လာခဲ့သည်။ ယနေ့ခေတ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒ၌ စာအုပ်များတင်မကဘဲ လူတို့တီထွင်ထားသည့် တီထွင်ဖန်တီးမှု တစ်ပိုင်းတစ်စမျှ သို့မဟုတ် ကိုယ်ပိုင်ဖန်တီးမှုဖြစ်သည့် မည်သည့်အရာမဆိုနီးပါး အကျုံးဝင်ပါနေပါပြီ။

ထို့အပြင် သီးသန့်အခွင့်အရေးများ၏ အချိန်ကာလသည်လည်း ပိုမိုကြာမြင့်စွာရရှိနေပြီဖြစ်သည်။ ယနေ့တွင် ကမ္ဘာ့နိုင်ငံအများအပြား၌ မူလလက်ရာရှင်တစ်ဦးကို ပေးသည့် စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းသည် ၎င်း်၏တစ်သက်တာကာလအပြင် ၎င်းသေဆုံးပြီးနောက် အနှစ် ၅၀ အထိဖြစ်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ်များကိုနိုင်ငံများစွာက လက်မှတ်ရေးထိုးထားကြသည့်အတွက် ကမ္ဘာတစ်ဝှမ်းရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများသည် အတိုင်းအတာတစ်ခုအထိ တူညီမှုရှိနေကြပြီဖြစ်သည်။ အခန်း ၁.၃ တွင် အရေးအကြီးဆုံးစာချုပ်စာတန်းများနှင့် ကမ္ဘာတစ်ဝန်း၌ စာပေနှင့်အနုပညာမူပိုင်ခွင့် အလုပ်လုပ်ပုံကို ပိုမိုလေ့လာရပါလိမ့်မည်။

ခြုံငုံဖော်ပြချက်

စာပေနှင့်အနုပညာမူပိုင်ခွင့်၏ရည်ရွယ်ချက်