စာပေနှင့်အနုပညာမူပိုင်ခွင့်၏ရည်ရွယ်ချက်
(ဥပဒေကျင့်ထုံးများတွင် နောက်ခံ အကြောင်းတရားများ အမျိုးမျိုးကွဲပြားနေတတ်သော်လည်း) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအတွက် အဓိက နောက်ခံအကြောင်းတရား နှစ်ခု ရှိပါသည်။
- လူ့အဖွဲ့အစည်းတွင်း သာယာပျော်ရွှင်မှုကို အစွမ်းကုန် မြှင့်တင်ပေးသော (Utilitarian) - စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် မူလလက်ရာရှင်များကို အားပေးသမှုပြုရန် ရေးဆွဲထားခြင်းဖြစ်သည်။ စာပေ သို့မဟုတ် အနုပညာလက်ရာသစ်များဖန်တီးမှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်လိုခြင်းဖြစ်သည်။
- မူလလက်ရာရှင်၏အခွင့်အရေးများ (Author's rights) - မူပိုင်ခွင့်သည် မူလလက်ရာရှငများအနေဖြင့် အသိအမှတ်ပြုခံရမှု (Attribution) သေချာစွာရရှိစေရန်နှင့် ဖန်တီးမှုလက်ရာများ ပြုပြင်ပြောင်းလဲခြင်း မခံရဘဲ မူလအတိုင်းတည်ရှိမှု (Integrity)ကို ထိန်းသိမ်းထားနိုင်ရန် အဓိကရည်ရွယ်ပါသည်။ ရည်ရွယ်ချက်မှာ မူလလက်ရာရှင်များနှင့် ၎င်းတို့၏ဖန်တီးမှုလက်ရာများအကြား နက်ရှိုင်းသည့်ဆက်နွှယ်မှုကို အသိအမှတ်အပြု ကာကွယ်ရန်ဖြစ်ပါသည်။ (နောက်ဆက်တွဲ အရင်းအမြစ်များ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] အပိုင်းတွင် မူလလက်ရာရှင်၏အခွင့်အရေးများအကြောင်း ပိုလေ့လာပါ)
ဥပဒေစနစ်အမျိုးမျိုးတို့တွင် ယင်းအကြောင်းတရားနှစ်ခုအနက် တစ်ခုမဟုတ် တစ်ခုက ပိုမိုလွှမ်းမိုးထားခြင်း ရှိနေသော်လည်း သို့မဟုတ် ၎င်းတို့၏ ဥပဒေထုံးတမ်းများနှင့်သာ တကူးတက သက်ဆိုင်သည့် အခြားအကြောင်းတရားများ ရှိနေတတ်သော်လည်း (မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်စနစ်အပါအဝင်) စာပေနှင့်အနုပညာမူပိုင်ခွင့်စနစ်များစွာတို့ကို ထိုနှစ်ချက်လုံးဖြင့် လွှမ်းမိုးပုံဖော်ထားခြင်းသာဖြစ်ပါသည်။
ပြန်လည်သုံးသပ်ချက်
စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအတွက်ဖြစ်သော ထိုအကြောင်းတရားနှစ်ခုထဲမှ တစ်ခု သို့မဟုတ် နှစ်ခုစလုံးက တခြား အလားတူ အကြောင်းတရားများကို စဉ်းစားမိစေပါသလား။ ကိုယ်ပိုင်လက်ရာများကို ဖန်တီးသည့် မူလလက်ရာရှင်အား သီးသန့်အခွင့်အရေးများပေးရာတွင် တခြားမည်သည့် အကြောင်းအရင်းများက အထောက်အကူပေးသည် သို့မဟုတ် အထောက်အကူမပေးဟု သင်ယုံကြည်ပါသလဲ။
မူလလက်ရာရှင်၏ အခွင့်အရေးများဆိုင်ရာ ထုံးတမ်းများအရ နိုင်ငံအများစုတွင် ကျင့်ဝတ်ဆိုင်ရာ သီးသန့်အခွင့်အရေးများရှိသည်။ ၎င်းတို့က မူလလက်ရာရှင်နှင့်၎င်း၏ဖန်တီးမှုလက်ရာအကြားရှိ ဆက်နွှယ်မှုကို (တစ်ခါတရံတွင် အကန့်အသတ်မရှိ) ကာကွယ်ပေးပါသည်။ ကျင့်ဝတ်ဆိုင်ရာ သီးသန့်အခွင့်အရေးများနှင့် မူပိုင်ခွင့်ရရှိသူများအား ၎င်းတို့၏လက်ရာများကို အခြားသူများက စီးပွားရေးအရအမြတ်ထုတ်ခြင်းမှ အကာအကွယ်ပေးသောအခွင့်အရေးများအကြား ကွဲပြားခြားနားမှုရှိပါသည်။ သို့သော် နီးစပ်သောဆက်နွှယ်မှုရှိပါသည်။
အများဆုံးတွေ့ရတတ်သော ကျင့်ဝတ်ဆိုင်ရာသီးသန့်အခွင့်အရေး ၂ မျိုးမှာ
- 'မူလလက်ရာရှင်အမည်ကိုဖော်ပြခွင့် ( Right of paternity)' ဟု အစဉ်အလာအားဖြင့်လူသိများသည့် လက်ရာတစ်ခု၏ မူလလက်ရာရှင်အဖြစ် အသိအမှတ်ပြုခံယူနိုင်ခွင့်
- ယေဘုယျအားဖြင့် လက်ရာအားချို့ယွင်းမှုဖြစ်ပေါ်စေရန်ပြုလုပ်ခြင်းအား ကန့်ကွက်ပိုင်ခွင့် သို့မဟုတ် မလိုလားအပ်သည့်ပြုပြင်ပြောင်းလဲမှုများပြုလုပ်လာခြင်းအား ကန့်ကွက်ပိုင်ခွင့်ဖြစ်သည့် လက်ရာ၏ မပျက်မယွင်း တည်ရှိမှု ကိုကာကွယ်ခွင့်
မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်တွင် မူလလက်ရာရှင်များအတွက် ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများ ပါဝင်ပါသည်။ နိုင်ငံတိုင်းတွင် ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများမရှိသော်လည်း အချို့နိုင်ငံများတွင် ယင်းအခွင့်အရေးများသည် မူလလက်ရာရှင်က ခွင့်ပြု၍မရလောက်အောင် သို့မဟုတ် စွန့်လွှတ်၍မရလောက်အောင် လက်ရာရှင်နှင့်တစ်သားတည်းဖြစ်နေသည် ယူဆကြသဖြင့် ယင်းတို့သည် အချိန်ကာလ ကန့်သတ်ချက်မရှိ ကြာမြင့် ပါသည်။ အခန်း ၁.၂ တွင် ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများအကြောင်း ပို၍လေ့လာကြပါမည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်၏ ရိုးရှင်းသောသမိုင်းကြောင်း
