မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သမိုင်းကြောင်း

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ (၁၉၁၄ ခုနှစ်)ကို ကိုလိုနီခေတ်အတွင်းက ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ၁၉၄၈ ခုနှစ်တွင် ထုတ်ပြန်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ (ဥပဒေများပြင်ဆင်ပြောင်းလဲခြင်းအမိန့် )အရ ဆက်လက်ပြဋ္ဌာန်းခဲ့သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ (၁၉၁၄ ခုနှစ်) သည် မြန်မာနိုင်ငံတွင် ပထမအကြိမ် ထုတ်ဝေသောလက်ရာ သို့မဟုတ် မြန်မာနိုင်ငံတွင်အခြေစိုက်နေထိုင်သူ သို့မဟုတ် မြန်မာနိုင်ငံသားများမှ ဖန်တီးထားသည့် လက်ရာများကိုသာအကာအကွယ်ပေးပါသည်။ ၁၉၁၄ ခုနှစ်အက်ဥပဒေအရ ဖန်တီးထားသောလက်ရာတစ်ခုကို မူလဖန်တီးသူ၏တစ်သက်တာအပြင် ကွယ်လွန်ပြီးနှစ်ပေါင်း ၃၀ အထိ အကာအကွယ်ပေးပါသည်။

နှစ်ပေါင်း ၁၀၀ ရာကျော်က အတည်ပြုပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သည့်အတွက် ဒစ်ဂျစ်တယ်အသွင်ဖြင့်ရှိသော ကြောင်းအရာများကဲ့သို့ ဖန်တီးထားသောလက်ရာများကို ကျွန်တော်တို့ဖန်တီးပြီးဝေမျှသည် နည်းလမ်းအသစ်များစွာကို ယင်းဥပဒက ထည့်သွင်းစဉ်းစားခြင်းခြင်းမရှိပါ။ မြန်မာနိုင်ငံရုပ်ရှင်နှင့်ဂီတနယ်ပယ်များကဲ့သို့ ကြီးမားလာသောစျေးကွက်များ၏လိုအပ်ချက်များကိုလည်း စဉ်းစားခြင်း ခြင်း မရှိပါ။ ထို့အပြင် ၁၉၁၄ ခုနှစ် အက်ဥပဒ က စိုးမိုးမှု မရှိသလောက်ပင် ဖြစ်သည်။ ထိုဥပဒေသည် ခေတ်မမီတော့သည့်အတွက် မြန်မာနိုင်ငံရှိ မူပိုင်ခွင့်ဆိုင်ရာ အသိပညာရေချိန်သည် အခြေခံအားဖြင့် နိမ့်ကျနေပြီး လက်ရှိ ကျင့်ကြံမှုများသည်လည်း အခြားသူများဖန်တီးထားသည့်လက်ရာများကိုအသုံးမပြုမီ အရင်းအမြစ်များကို ရည်ညွှန်းရန်နှင့် ခွင့်ပြုချက်ယူရန်လိုအပ်ကြောင်း မစဉ်းစားကြပါ။

မြန်မာနိုင်ငံကို နိုင်ငံတကာစံနှုန်းများနှင့်ညီစေရန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်ကို နှစ်ပေါင်းများစွာရေးဆွဲခဲ့ရာ ၂၀၁၅ ခုနှစ်တွင် မူကြမ်းပြီးစီးခဲ့ပါသည်။ ၁၉၁၄ ခုနှစ်နှင့် ၂၀၁၉ နှစ်များအတွင်း မြန်မာနိုင်ငံသည် ဉာဏပစ္စည်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် များစွာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ (အခန်း ၁.၃ တွင် ထိုအကြောင်းအရာများကိုသုံးသပ်သွားပါမည်။)

'ဉာဏပစ္စည်း (Intellectual property) 'ဆိုသည်မှာ မူလလက်ရာရှင်များက ၎င်းတို့၏လက်ရာများကို အခြားသူများသုံးစွဲခြင်းအား ကန့်သတ်ထိန်းချုပ်နိုင်စေသည့် ဥပဒေအရ ပြဋ္ဌာန်းထားသော အခွင့်အရေးများအတွက် သုံးနှုန်းသောစကားရပ်ဖြစ်ပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်သည် ဉာဏပစ္စည်းမူပိုင်ခွင့်အမျိုးအစားတစ်ခုဖြစ်သော်လည်း ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့််ဥပဒေတို့အပါအဝင် များစွာရှိပါသည်။ မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MIPPA)သည် ဉာဏပစ္စည်းမူပိုင်ခွင့်နေ့(ဧပြီ ၂၆)အား ဂုဏ်ပြုထားပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်အပါအဝင် မတူညီသည့် ဉာဏပစ္စည်းမူပိုင်ခွင့်အမျိုးအစားများကိုရှင်းပြထားသည့် ဗီဒီယိုတစ်ခု [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကိုဖန်တီးခဲ့ပါသည်။ မတူညီသည့်ဉာဏပစ္စည်းအမျိုးအစားများနှင့်ပတ်သက်၍ နောက်ဆက်တွဲ အရင်းအမြစ်များအခန်း တွင် ထပ်မံလေ့လာနိုင်ပါသည်။

မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ၂၁၀၉ ခုနှစ် မေလ ၂၄ ရက်တွင် အတည်ပြုခဲ့ပါသည်။ ၂၀၂၀ ခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံတော်အစိုးရက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ( Central Committee for Intellectual Property - CCIPR)ကို တည်ထောင်ခဲ့ပါသည်။ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ သည် မြန်မာနိုင်ငံဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီ((MIPRA)တည်ထောင်ခြင်းကို ကြီးကြပ် ပါလိမ့်မည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ် စတင်သက်ရောက်မည်ဟု မျှော်မှန်းထားပြီး ထိုအခါတွင် ၁၉၁၄ ခုနှစ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ဖျက်သိမ်းပါလိမ့်မည်။

၁.၂။ မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ

၂၀၁၉ ခုနှစ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ