၂၀၁၉ ခုနှစ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ

မြန်မာနိုင်ငံ၏ ၂၀၁၉ ခုနှစ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်သည် ကိုယ်ပိုင်ဖန်တီးမှုဖြစ်သော စာပေများနှင့် အနုပညာလက်ရာများအားလုံးကို မူပိုင်ခွင့်ပိုင်ရှင်ထံမှကြိုတင်ခွင့်ပြုချက်မပါဘဲ ထုတ်လွှင့်ခြင်း၊ ဖြန့်ဝေရခြင်း၊ မှီငြမ်းခြင်း သို့မဟုတ် မူပွားခြင်းတို့ကို အကာအကွယ်ပေးပါသည်။ အဆိုပါဥပဒက ဖော်ပြပုံ သို့မဟုတ် ဖော်ပြသည့်ပုံစံ၊ ပါဝင်သည့်အကြောင်းအရာ၊ အရည်အသွေးနှင့် ရည်ရွယ်ချက်တို့ မည်သို့ပင်ကွဲပြားစေကာမူ မူလလက်ရာအားလုံးနှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် ဥပဒေသစ်သည် ထိတွေ့ကိုင်တွယ်နိုင်သောပုံစံများနှင့် ဒစ်ဂျစ်တယ်ပုံစံလက်ရာနှစ်မျိုးစလုံးကို အကာအကွယ်ပေးထားပါသည်။ လက်ဖြင့်ဖန်တီးသည့်လက်ရာများ (ဥပမာ ပန်းချီကားများ သို့မဟုတ် ပန်းပုလက်ရာများ) သို့မဟုတ် ထုတ်လုပ်ထားသည့် လက်ရာများကိုလည်း အကာအကွယ်ပေးပါသည်။ အစောပိုင်းတွင် လေ့လာခဲ့ရည့်အတိုင်း မူလလက်ရာရှင်က လက်ရာတစ်ခုကို လက်ဆုပ်လက်ကိုင်ပြ နိုင်သည့်ပုံစံတစ်ခု (ဥပမာ - ရေးသားထားလျှင် ၊ ခြယ်သထားလျှင် သို့မဟုတ် ရေးဆွဲထားလျှင်) အဖြစ်သို့ စတင်ပြုလုပ်သည့်အချိန်မှစ၍ ထိုဖန်တီးမှုက ် အလိုအလျောက် မူပိုင်ခွင့်အကာအကွယ်ရရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် စာပေနှင့်အနုပညာမူပိုင်ခွင့်အတွက် မှတ်ပုံတင်သွင်းရန် မလိုအပ်ပါ။

၂၀၁၉ ခုနှစ် ဥပဒေတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ဆိုင်ရာ ပြဋ္ဌာန်းချက် အသစ်များလည်း ထည့်သွင်းလာပါသည်။ ယေဘုယျအားဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်သည် မူလလက်ရာရှင် သက်ရှိထင်ရှားရှိစဉ်ကာလအပြင် ကွယ်လွန်ပြီး သည့်နှစ်မှ နှစ် ၅၀ ဖြစ်ပါသည်။ သို့သော် အရုပ်အသံလက်ရာ(audiovisual work) သို့မဟုတ် ရုပ်ရှင်ဖန်တီးမှုလက်ရာ (Cinematographic work) သည် အများပြည်သူ ရရှိခံစားနိုင်စေရန် ဆောင်ရွက်ပြီးသည့်နှစ်မှ နှစ် ၅၀ အကာအကွယ်ရမည်ဖြစ်ပါသည်။ အသုံးချအနုပညာလက်ရာများသည် ယင်းလက်ရာပြုလုပ်ပြီးသည့်နှစ်မှ ၂၅ နှစ်ကြာသည်အထိ အကာအကွယ်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများနှင့်မြန်မာနိုင်ငံတွင်အခြေစိုက်နေထိုင်သူများက ဖန်တီးထားသောလက်ရာကို စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်ဖြင့် အကာအကွယ်ပေးပါမည်။ သို့သော် ထုတ်လွှင့်ခြင်း၊ အရုပ်အသံနှင့် ရုပ်ရှင်ဖန်တီးမှုလက်ရာများတွင် မူလလက်ရာရှင်သည် မြန်မာနိုင်ငံတွင်အခြေစိုက်နေထိုင်သောသူ သို့မဟုတ် မြန်မာနိုင်ငံတွင်ရုံးစိုက်သူ သို့မဟုတ် လုပ်ငန်းလုပ်နေသူ ဖြစ်ရပါမည်။ ဥပဒေအသစ်အရ သက်ဆိုင်ရာအဆောက်အအုံသည် မြန်မာနိုင်ငံအတွင်းတည်ရှိမှသာ ဗိသုကာလက်ရာများက အကာအကွယ်ရပါမည်။ ၎င်းတို့၏ မူလလက်ရာကို မြန်မာနိုင်ငံတွင် တင်ဆက်ခြင်း သို့မဟုတ် ပထမဆုံးထုတ်ဝေခြင်းဖြစ်လျှင် နိုင်ငံသားဖြစ်ခြင်း သို့မဟုတ် အခြေစိုက်နေထိုင်ခြင်းတို့နှင့် မသက်ဆိုင်ဘဲ ဘဲ မူလလက်ရာရှင်ကို ဥပဒေသစ်အရအကာအကွယ်ပေးပါမည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များတွင် လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်လျှင် အခြားနိုင်ငံများတွင် မြန်မာနိုင်ငံသားများ၏ဖန်တီးမှုများကို စာပေနှင့်အနုပညာမူပိုင်ခွင့်ဖြင့်အကာကွယ်ပေးမည်ဖြစ်ကြောင်း အခန်း ၁.၃ တွင်တွေ့ရပါလိမ့်မည်။

ဥပဒေသစ်တွင် ထိုစကားရပ်ကို ဖွင့်ဆိုချက်မပါသည့်တိုင် အစောပိုင်းတွင်သိထားခဲ့သည့်အတိုင်း ပုံစံတစ်ခုမှ အခြားတစ်ခုသို့ပြောင်းလဲခြင်းဖြစ်သည့် 'မှီငြမ်းထားသည့်လက်ရာများ(Adaptations)' ကိုလည်းကာကွယ်ပေးပါသည်။ ထို့ကြောင့် ဤစာကို ရေးသားစဉ် (၂၀၂၀ စက်တင်ဘာလ) မူကြမ်းရေးဆွဲဆဲဖြစ်သည့် ပေါ်ထွက်လာမည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် ထပ်မံရှင်းလင်းချက်များ ပို၍လိုအပ်ပါသည်။

တခြားသူများက အွန်လိုင်းတွင် တင်လာသောအကြောင်းအရာများ ဥပမာ စာပေနှင့်အနုပညာမူပိုင်ခွင့်ရှိသော အကြောင်းအရာများ ပါဝင်သည့် ဖေ့စ်ဘွက် တင်ပြမှုများကို ဖယ်ရှားပေးရန် မူပိုင်ခွင့်ပိုင်ရှင်များ၏တောင်းဆိုချက်များကို တုံ့ပြန်သောဝက်ဘ်ဆိုက်များက စာပေနှင့်အနုပညာမူပိုင်ခွင့်ချိုးဖောက်ထားခြင်းရှိမရှိကို ရှင်းလင်းရန် အခွင့်အရေးတစ်ခုလည်း ဥပဒေသစ်အတွက် ရပါသည်။ ခေတ်မမီတော့သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ဆိုသည်မှာ မျက်မှောက်ကာလတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သတိပေးချက်များနှင့် ဝက်ဘ်ဆိုက်၊ ဝက်ဘ်ဆိုက် စာမျက်နှာနှင့် ဖိုင်များ အင်တာနက်ပေါ်မှ ဖယ်ရှားခံရခြင်းတို့နှင့်ပတ်သက်၍ ဝက်ဘ်ဆိုက်များအတွက် 'ခိုလှုံရာ' တစ်ခုရှိနေခြင်း ဖြစ်ပါသည်။ထို့ကြောင့် သုံးစွဲသူမျာ၏ ှ စာပေနှင့်အနုပညာမူပိုင်ခွင့်ချိုးဖောက်မှုအတွက် ဝက်ဘ်ဆိုက်များတွင် တာဝန်မရှိခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိအခြားနေရာများတွင် ယင်းကိစ္စအား ကိုင်တွယ်နေသည့် အစီအမံများအကြောင်းကို နောက်ဆက်တွဲ အရင်းအမြစ်များ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] အခန်းတွင် ပိုမိုလေ့လာနိုင်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်တွင် ဥပဒေချိုးဖောက်သူတိုင်းအတွက် ပြင်းထန်သောပြစ်ဒဏ်များလည်း ပါဝင်မှာဖြစ်ပါသည်။ အနိမ့်ဆုံးပြစ်ဒဏ်သည် သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းအောက် မနည်းသောငွေဒဏ်ဖြစ်စေ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀၀၀ ခန့်) ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။ ထပ်မံကျူးလွန်သူများအတွက် ၃ နှစ်မှ ၁၀ နှစ်အထိထောင်ဒဏ်အပြင် ကျပ်သိန်း ၁၀၀ ထက်မပိုသောငွေဒဏ(ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ခန့် )ကို ပြစ်ဒဏ်ချမှတ်ပါလိမ့်မည်။ သို့သော် စာပေနှင့်အနုပညာမူပိုင်ခွင့်ရှိသောလက်ရာကို မူပိုင်ခွင့်ရရှိသူထံမှ ခွင့်ပြုချက်ယူရန်မလိုအပ်ဘဲ အသုံးပြုနိုင်သည့်အခြေအနေအချို့ရှိပါသည်။ (အခန်း ၁.၄ တွင် အဆိုပါ တသီးတသန့်ဖြစ်သော အခြေအနေများကို ဆွေးနွေးထားပါသည်။)

မူပိုင်ခွင့်ဥပဒေသစ်၏ ပုဒ်မ ၉၀ တွင် ဥပဒေအာဏာသက်ရောက်သည့်နေ့မှ ၂ နှစ်အတွင်း မူပိုင်ခွင့်ရှိသော လက်ရာတစ်ခု၏ ခွင့်ပြုချက်မဲ့ မိတ္တူများကို ခွင့်ပြုချက်မပါဘဲ ဖြန့်ချိခွင့်ပြုနိုင် ကြောင်း ပြဋ္ဌာန်းချက်ပါရှိပါသည်။ သို့သော် ထိုကာလကျော်လွန်သည်နှင့် မူပိုင်ခွင့်ရရှိသူ၏ခွင့်ပြုချက်မရှိဘဲ ဖန်တီးထားသောလက်ရာကိုမူပွားခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဝေမျှခြင်း လုပ်နိုင်တော့မည်မဟုတ်ပါ။ ထို့ကြောင့် ဥပဒေအသစ်နှင့်အညီလိုက်နာကျင့်ကြံရန် အသင့်ဖြစ်စေဖို့ မိမိနှင့် မိမိ၏တက္ကသိုလ် သို့မဟုတ် ကောလိပ်၏ ကျင့်ကြံလုပ်ဆောင်မှုမျတွင် ပြုပြင်ပြောင်းလဲရန် လိုအပ်နိုင်သည်များကို ယခုပင်စတင်တွေးကြည့်ဖို့ အရေးကြီးလှပါသည်။ အခန်း ၁.၄ တွင်အဆင့်မြင့်ပညာရေးကဏ္ဍအပေါ် သက်ရောက်မှုများကို ပို၍အသေးစိတ်ဆွေးနွေးသွားပါမည်။

(မြန်မာဘာသာဖြင့်ဖတနိုင်သော) ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ အပြင် အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့်အနှစ်ချုပ်များကို နောက်ဆက်တွဲ အရင်းအမြစ်များအခန်း တွင်ဖတ်နိုင်ပါသည်။

မြန်မာနိုင်ငံဉာဏပစ္စည်းမူပိုင်ခွင့်ဌာန၏ ဝက်ဘ်ဆိုက်တွင်ရှာဖွေလေ့လာနိုင်သကဲ့သို့ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကိုပုံမှန် တင်ပြသောIP Myanmar၏ ဖေ့စ်ဘွက် စာမျက်နှာတွင်လည်း ကြည့်ရှုနိုင်ပါသည်။

Frontier မဂ္ဂဇင်းကလည်း မြန်မာနိုင်ငံ၏စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် သက်ရောက်နိုင်ခြေများကိုဆန်းစစ်လေ့ရှိသလို EIFL ၏ ဥပဒေအသစ်အပေါ်သုံးသပ်အကဲဖြတ်မှုကိုလည်းဖတ်ရှုနိုင်ပါသည်။

မူပိုင်ခွင့်ဥပဒေသစ်ပါ သီးသန့်အခွင့်အရေးများ

မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်တွင်ထည့်သွင်းထားသော သီးသန့်အခွင့်အရေးများဟုခေါ်သည့် အခြားအခွင့်အရေးအတန်းအစား ၂ မျိုးရှိပါသည်။ ထိုသီးသန့်အခွင့်အရေးများကိုနားလည်ရန်အရေးကြီးပါသည်။ အကြောင်းရင်းမှာ အခန်း ၃.၂ တွင်တွေ့ရမည့်အတိုင်း ထိုအခွင့်အရေးများမှာ လိုင်စင်ရရှိထားပြီး Creative Commons လိုင်စင်များနှင့် အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူ များက ကိုးကားသောကြောင့်ဖြစ်ပါသည်။

  • ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများသည် နိုင်ငံအများအပြားရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများတွင် သီးခြားခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်အောက်တွင် ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများကို မူလလက်ရာရှင်တစ်ဦး၏တစ်သက်တာကာလအပြင် ၎င်းကွယ်လွန်ပြီးနောက်တွင်လည်း အချိန်ကာလအကန့်အသတ်မရှိအကာအကွယ်ပေးထားပါသည်။ သို့သော် အချို့အခြေအနေများတွင် ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများကို လျှော့ပေါ့ပေးနိုင်ပါသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် စာပေနှင့်အနုပညာလက်ရာများအကာအကွယ်ပေးခြင်းအတွက် ဘန်းသဘောတူညီချက်( the Berne Convention) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ ဘန်းသဘောတူညီချက်၏ ပုဒ်မခွဲ ခွဲ ၆(ခ)တွင် ပို၍လေ့လာနိုင်ပါသည်။ (အခန်း ၁.၃ တွင်ဘန်းသဘောတူညီချက် (Berne Convention)အကြောင်း ပို၍လေ့လာသွားပါမည်။)
  • ဆင်တူပြီးဆက်နွှယ်နေသောအခွင့်အရေးများ(နိုင်ငံအများအပြားတွင် 'အိမ်နီးချင်းအခွင့်အရေးများ'ဟု လူသိများသည့်အခွင့်အရေးများပါဝင်သည်) စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် နီးကပ်စွာ ဆက်နွှယ်နေသည်များမှာ ဆင်တူပြီးဆက်နွှယ်နေသောအခွင့်အရေးများဖြစ်ပါသည်။ ယင်းအခွင့်အရေးများသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ရလက်ရာများနှင့် ဆက်စပ်နေပြီး အထက်တွက်ဖော်ပြထားသည့် မူလလက်ရာရှင်အတွက် အခြေခံအခွင့်အရေးများအပြင် နောက်တိုးသီးသန့်အခွင့်အရေးများပါ ရစေပါသည်။ ယင်းအခွင့်အရေးများမှအချို့ကို နိုင်ငံတကာ သဘောတူစာချုပ်များက ထိန်းချုပ်သော်လည်း နိုင်ငံအလိုက်လည်း ကွဲပြားကြပါသေးသည်။ ယေဘုယျအားဖြင့် မိမိကိုယ်တိုင်က မူလလက်ရာရှင်များ မဟုတ်သော်လည်း ဖန်တီးမှုကို အများပြည်သူအား တင်ဆက်ရာတွင် ပါဝင်ပတ်သက်သူများ ဥပမာ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ် တင်ဆက်ထုတ်လွှင့်သူများနှင့် ဖျော်ဖြေသူများအတွက် ' မူပိုင်ခွင့်နှင့်တူသည့်'အခွင့်အရေးအချို့ကိုပေးရန် ယင်းအခွင့်အရေးများကို ရေးဆွဲထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်၏ အခန်း ၂ တွင် ဆင်တူပြီးဆက်နွှယ်နေသောအခွင့်အရေးများပါဝင်သည်။ အထူးသဖြင့် ဖျော်ဖြေသူများ၊ အရုပ်အသံလက်ရာ ထုတ်လုပ်သူများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ် ရထုတ်လွှင့်သည့် အဖွဲ့အစည်းများနှင့် သက်ဆိုင်သော ေအခွင့်အရေးများပါဝင်သည်။ ယင်းဥပဒေတွင် အများပြည်သူအား တင်ဆက်မှုသာမက တင်သွင်းခြင်း၊ အင်တာနက်ပေါ်သို့် (မူပွား)လွှဲပြောင်းခြင်းနှင့် ဖြန့်ချိရန်ရည်ရွယ်ချက်ဖြင့် အများပြည်သူသို့ရောင်းချခြင်းများလည်း အကျုံးဝင်သည်။

Creative Commons လိုင်စင်များနှင့် အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူများတွင် ယင်းအခွင့်အရေးများအကျုံးဝင်ပါသည်။ ထိုကဲ့သို့ အများပြည်သူကို စာပေ သို့မဟုတ် အနုပညာလက်ရာမျာအားို အခွင့်အရေးများကို မချိုးဖောက်သော နည်းလမ်းများဖြင့် အသုံးပြုခွင့်ပေးခြင်းကို အခန်း ၂ တွင် တွေ့ရပါမည်။

မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သမိုင်းကြောင်း

၁.၃။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာ လက္ခဏာများ