၁.၃။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာ လက္ခဏာများ

Steve Cadman ၏ Globe [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] လိုင်စင်အမှတ် CC BY-SA 2.0

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီကြသော်လည်း မီဒီယာက ကမ္ဘာသုံးဖြစ်နေသော ကမ္ဘာလောကတွင် ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။ တဖြည်းဖြည်းဖြင့် ကမ္ဘာတစ်ဝန်းရှိ မူပိုင်ခွင့်ဥပဒေများကို တညီတညွတ်တည်းဖြစ်စေရန် ကြိုးပမ်းနေကြပါသည်။

သင်ယူမှုရလဒ်များ

သင်တန်း ၏ ယခုအပိုင်း ပြီးဆုံးသည့်အခါ

  • သင့်နိုင်ငံမှ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများသည် အခြားနိုင်ငံများ၏ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေများနှင့်မည်သို့ကွဲပြားသည်ကို ရှင်းပြနိုင်ပါမည်။
  • အရေးကြီးသောအပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များနှင့် ကမ္ဘာတစ်ဝန်းရှိဥပဒေများအား တသမတ်တည်းဖြစ်ရန်ကြိုးပမ်းမှုများကို သိရှိလာပါမည်။

ပြန်လည်သုံးသပ်ချက်

အွန်လိုင်းပေါ်တွင် တစ်ခုခုကို လွှင့်တင်သည့်အခါ သို့မဟုတ် ပြန်အသုံးပြုသည့်အခါများတွင် မည်သည့်ဥပဒေနှင့် ငြိစွန်းနေသည်လဲဆိုသည့်အချက်ကို သင်တွေးဖူးပါသလား။ သင့်ဖန်တီးမှုလက်ရာကို အသုံးပြုမှုနှင့် ပတ်သက်၍ အရပ်ဒေသကိုလိုက်ပြီး လူအမျိုးမျိုးတါင် ကန့်သတ်ချက် အမျိုးမျိုးရှိသင့်သည် ဆိုသည့်အချက်က အဓိပ္ပါယ် ရှိပါသလား။ မည်သည့်အတွက်ကြောင့်အဓိပ္ပာယ်ရှိပါသလဲ သို့မဟုတ် မည်သည့်အတွက်ကြောင့်အဓိပ္ပာယ်မရှိပါသလဲ။

၂၀၁၉ ခုနှစ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ

ခြုံငုံဖော်ပြချက်