စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေရှိ ကန့်သတ်ချက်များနှင့်ခြွင်းချက်များ

စာပေနှင့်အနုပညာမူပိုင်ခွင့်က အကြွင်းမဲ့မပြည့်စုံပါ။ ခွင့်ပြုချက်တောင်းရန်မလိုသော မူပိုင်ခွင့်ရထားသည့်လက်ရာများအသုံးပြုမှုအချို့ရှိပါသည်။ ထိုအသုံးပြုမှုများသည် ပုံမှန်အားဖြင့် မူပိုင်ခွင့်ရရှိသူကိုပေးထားသော သီးသန့်အခွင့်အရေးများအပေါ်ကန့်သတ်ချက်များဖြစ်သည်။ မူပိုင်ခွင့်ဥပဒဆိုင်ရာှိ 'ခြွင်းချက်များနှင့်ကန့်သတ်ချက်များ'ဟု သိကြပါသည်။

ဥပဒေပြုသူများသည် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်များဖော်ဆောင်စဉ်က ဖန်တီးထားသောလက်ရာများအား လုံးဝအသုံးမပြုရန်ကန့်သတ်ခြင်းကို ခွင့်ပြုပါက ပြဿနာများစွာဖြစ်လာမည်ဟု နားလည်သဘောပေါက်ခဲ့ကြပါသည်။ ဥပမာ ပညာရှင်များ သို့မဟုတ် ဝေဖန်ရေးဆရာများသည် မူလလက်ရာများကိုကူးယူဖော်ပြခြင်းမပြုလုပ်ဘဲ ပြဇာတ်များအကြောင်းရေးသားခြင်း၊ စာအုပ်များအကြောင်းရေးသားခြင်း၊ ရုပ်ရှင်များအကြောင်းရေးသားခြင်း သို့မဟုတ် အခြားအနုပညာများအကြောင်းရေးသားခြင်းများကို မည်သို့ပြုလုပ်နိုင်မည်နည်း။ (အလွန်ခက်ခဲသွားပါမည်) မူပိုင်ခွင့်ရရှိသူသည် အပျက်သဘောဖြစ်နိုင်သည့်သုံးသပ်ချက်များကိုရေးသားသူအား လိုင်စင်များ သို့မဟုတ် အခြားသောခွင့်ပြုချက်များပေးချင်ပါသလား။ (မပေးနိုင်လောက်ပါ)

နိုင်ငံအများစုတွင် ထိုအကြောင်းရင်းနှင့်အခြားသောအကြောင်းရင်းများကြောင့် အချို့သောအသုံးပြုမှုများကို စာပေနှင့်အနုပညာမူပိုင်ခွင့်မှ ရှင်းလင်းစွာဖယ်ထုတ်ထားပါသည်။ဝေဖန်ရေးရည်ရွယ်ချက်ဖြင့်အသုံးပြုမှုများ၊ အမြင်အာရုံချို့ယွင်းသူများက လက်လှမ်းမီရန်နှင့် သရော်စာများနှင့် အခြားသော ရည်ရွယ်ချက်များဖြင့် အသုံးပြုမှုများ ပါဝင်ပါသည်။

မျှတစွာအသုံးပြုမှု(Fair use)၊ မျှတစွာပတ်သက်ဆက်ဆံမှု (Fair dealing) နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အခြားသောခြွင်းချက်များ၊ ကန့်သတ်ချက်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဒီဇိုင်း၏ အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အချို့နိုင်ငံများသည် မျှတစွာပတ်သက်ဆက်ဆံမှု ကဲ့သို့သော မူပိုင်ခွင့်တွင်ပါရှိသည့်ခြွင်းချက်များနှင့်ကန့်သတ်ချက်များကို ခွင့်ပြုထားသော်လည်း အခြားနိုင်ငံများသည် ခြွင်းချက်များနှင့်ကန့်သတ်ချက်များကိုလုံးဝခွင့်ပြုခြင်းမရှိပါ။ အခြားသူ၏ မူပိုင်ခွင့်ရထားသည့်လက်ရာအပေါ် သင်၏အသုံးပြုမှုသည် 'မျှတလျှင်' သို့မဟုတ် မူပိုင်ခွင့်တွင်ပါရှိသော ခြွင်းချက်ဖြစ်စေ ကန့်သတ်ချက်တွင်ဖြစ်စေ အကျုံးဝင်လျှင် မူလလက်ရာရှင်၏မူပိုင်ခွင့်ကို ချိုးဖောက်ခြင်းမမည်ပါ။ ကမ္ဘာတစ်ဝန်းနှင့် ဘန်းကွန်ဗင်းရှင်း(the Berne Convention)ကဲ့သို့ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များအရ မျှတစွာအသုံးပြုမှု(Fair use)'အကြောင်းကို ပိုမိုသိရှိရန် နောက်ဆက်တွဲ အရင်းအမြစ်များ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] အပိုဒ်တွင် လေ့လာနိုင်ပါသည်။ မူပိုင်ခွင့်တွင်ပါရှိသော ခြွင်းချက်များနှင့် ကန့်သတ်ချက်များသည် နိုင်ငံအလိုက်ကွဲပြားပါသည်။ ယင်းတို့ကို တစ်သမတ်တည်းဖြစ်အောင်လုပ်ရန် ကမ္ဘာတစဝန်းတွင်ဆွေးနွေးမှုများရှိပါသည်။ ကမ္ဘာတစ်ဝန်းရှိနိုင်ငံအများအပြားမှစာကြည့်တိုက်များအတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်ခြွင်းချက်များနှင့် ကန့်သတ်ချက်များကို ဤ ဝီပို စာတမ်း၌ နှိုင်းယှဉ်ပြထားပါသည်။

ပုံမှန်အားဖြင့် မူပိုင်ခွင့်ဥပဒေတွင်ရေးထားသော ကန့်သတ်ချက်များနှင့် ခြွင်းချက်များကို အဓိကရေးသားထားပုံနှစ်မျိုးရှိပါသည်။

  • ပထမတစ်မျိုးမှာ စာပေနှင့်အနုပညာမူပိုင်ခွင့်၏ သက်ရောက်ရာနယ်ပယ်ထဲမှ ဖယ်ထုတ်ထားသည့် အထူးပြဿနာများကို စာရင်းသွင်းခြင်းဖြင့်ဖြစ်သည်။ ဥပမာ ဂျပန်နိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် မူပိုင်ခွင့်ရထားသောလက်ရာအား စာသင်ခန်းအတွင်းအသုံးချမှုကို ခွင့်ပြုပေးသည့် အထူးကင်းလွတ်ခွင့်တစ်ခုရှိပါသည်။ ထိုဖြေရှင်းနည်းသည် အများပြည်သူ၏ မည်သို့အသုံးပြုမှုများကို ခွင့်ပြုပေးထားပြီး ယင်းတို့သည်မူပိုင်ခွင့်ချိုးဖောက်ရာမရောက်ကြောင်း ရှင်းရှင်းလင်းလင်း သိစေသည့်အကျိုးကျေးဇူးရှိပါသည်။ သို့သော် အကန့်အသတ်ရှိနိုင်ပါသည်။ အကြောင်းရင်းမှာ ခြွင်းချက်များတွင် တိတိကျကျမပါရှိသော အရာများကို မူပိုင်ခွင့်ဖြင့်ကန့်သတ်ထားသည်ဟု မှတ်ယူနိုင်သည့်အတွက်ဖြစ်ပါသည်။
  • နောက်တစ်နည်းမှာ အထက်တွင်ဖော်ပြခဲ့သည့် အဆင့် ၃ ဆင့်စမ်းသပ်ချက်မူတွင် ခွင့်ပြုမည့်အချက်များနှင့်ပတ်သက်၍ ပြောင်းလွယ်ပြင်လွယ်ရှိသည့်လမ်းညွှန်ချက်များကို ထည့်သွင်းရန်ဖြစ်သည်။ ထို့နောက် တရားရုံးများသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ရရှိသူ၏ခွင့်ပြုချက်မလိုဘဲ ခွင့်ပြုသည့်အသုံးပြုမှုများကို အတိအကျဆုံးဖြတ်သည်။ ပြောင်းလွယ်ပြင်လွယ်ရှိသည့်လမ်းညွှန်ချက်များ၏ အားနည်းချက်မှာ မရေရာမှုများ တိုးလာနိုင်စေခြင်းဖြစ်သည်။ နောက်ဆက်တွဲ အရင်းအမြစ်များ အခန်းတွင် အမေရိကန်နိုင်ငံ၌ မျှတစွာအသုံးပြုမှု(Fair use)ကို ချမှတ်ပုံများအကြောင်း ပိုလေ့လာနိုင်ပါသည်။

နိုင်ငံအများစုတွင်လည်း မဖြစ်မနေလိုက်နာရမည့် လိုင်စင်ပေးခြင်းစီမံချက်များရှိသည်။၎င်းတို့မှာ စာပေနှင့်အနုပညာမူပိုင်ခွင့်ရရှိသူ၏ သီးသန့်အခွင့်အရေးများအပေါ် ကန့်သတ်ချက်ပုံစံနောက်တစ်မျိုးဖြစ်ပါသည်။ ထိုပြဋ္ဌာန်းဥပဒေပါစနစ်များသည် မူပိုင်ခွင့်ရထားသည့် လက်ရာ(ဥပမာ ဂီတကဲ့သို့)အား ခွင့်ပြုချက်မတောင်းဘဲ အထူးတလည်ဖြစ်သော ပြန်အသုံးပြုမှုပုံစံများရရှိစေနိုင်ပါသည်။ သို့သော် မူပိုင်ခွင့်ပိုင်ရှင်များအား တိကျသောအခကြေးငွေ(ညှိနှိုင်း၍မရသော)ပေးရန်လိုပါသည်။ အစိုးရခွင့်ပြုချက်ရ တီထွင်မှုအသုံးချခွင့်လိုင်စင်အား ကျင့်သုံးသည့်စနစ်များ (Compulsory licensing schemes) တွင် မည်သူမဆိုလက်ရာ၏ မူပိုင်ခွင့်ပိုင်ဆိုင်သူကို အခကြေးငွေပေးနေသ၍စာပေနှင့်အနုပညာမူပိုင်ခွင့်လက်ရာများကို အချို့သောနည်းလမ်းများဖြင့်အသုံးပြုခွင့်ရပါသည်။

မိတ်ဆက်ခြင်းများ

မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်အက်ဥပဒေ၏ ခြွင်းချက်များနှင့် အဆင့်မြင့်ပညာရေး