အပြီးသတ် မှတ်ချက်များ

အင်အားကောင်းသည့် အများပြည်သူပိုင်နေရာတစ်ခုသည် ကျွန်ုပ်တို့၏ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်း၊ ဖန်တီးသူမျိုးဆက်သစ်များကို အားပေးလှုံ့ဆော်ခြင်းနှင့် လူသားတို့၏အသိပညာဗဟုသုတတို့ကို တိုးပွားစေခြင်းတို့အတွက် များစွာအရေးပါပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်၏ သက်ဆိုင်မှုအတိုင်းအတာနှင့်သက်တမ်းသည် နှစ်ကာလကြာမြင့်သည်နှင့်အမျှ တိုးပွားလာခြင်းကြောင့် အများပြည်သူပိုင်နေရာတည်ရှိနေသေးသည်ကိုပင် အလွယ်တကူမေ့ပျောက်နိုင်ပါသည်။ သို့သော် အများပြည်သူပိုင်နေရာသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆို်ငရာ သဘောတူညီချက်၏ အရေးကြီးသောအစိတ်အပိုင်းဖြစ်သကဲ့သို့ အများပြည်သူပိုင်နေရာတွင်ရှိနေသောလက်ရာများသည် ကျွန်ုပ်တို့အားလုံပိုင်ဆိုင်သော အလွန်ကောင်းမွန်သည့်ရင်းမြစ်များဖြစ်သည်

အများပြည်သူပိုင်နေရာရှိ လက်ရာတစ်ခုကို သင်ဘာလုပ်လို့ရသလဲ။

၂.၂ Creative Commons ၏သမိုင်းကြောင်း