ခြုံငုံဖော်ပြချက်

Creative Commons (CC) ၏သမိုင်းကြောင်းသည် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် စတင်ခဲ့ပါသည်။ CC လိုင်စင်များကို စာပေနှင့်အနုပညာမူပိုင်ခွင့်အပေါ်တွင် တည်ဆောက်ထားပြီး မျှဝေလိုသည့် ဖန်တီးသူများအား ရွေးချယ်မှုပိုမိုရရှိစေရန် ဖန်တီးထားခြင်းဖြစ်သည်။ ကာလကြာမြင့်သည့်နှင့်အမျှ Creative Commons ၏ အခန်းကဏ္ဍနှင့်တန်ဖိုးသည် ကျယ်ပြန့်လာခဲ့သည်။

CC တည်ထောင်သူများသည် နည်းပညာ၏လုပ်နိုင်စွမ်းနှင့် မူပိုင်ခွင့်၏ကန့်သတ်မှုကြားက ကွာဟချက်ကို သဘောပေါက်သည့်အတွက် လက်ရာများကို မျှဝေချင်သည့် ဖန်တီးသူတို့အတွက် ရွေးချယ်စရာနည်းလမ်း နောက်တစ်ခုကို ပေးခဲ့သည်။ ယနေ့တွင် ထိုနည်းလမ်းကို ကမ္ဘာတစ်ဝန်းရှိ ဖန်တီးသူသန်းပေါင်းများစွာက အသုံးပြုနေပြီဖြစ်သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်လိုင်စင်များက ကမ္ဘာတစ်ဝန်းလှုပ်ရှားမှုကို မည်သို့လှုံ့ဆော်နိုင်သည်ကို နားလည်သဘောပေါက်ရန် Creative Commons ၏ သမိုင်းကြောင်းအနည်းငယ်ကို သိရှိရန်လိုအပ်သည်။ ဤအခန်းသည် ထိုအရေးပါသည့် နောက်ခံအကြောင်းအရာကို အလေးပေးထားပါသည်။

၂.၂ Creative Commons ၏သမိုင်းကြောင်း

ဆန်နီဘိုနို စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်း တိုးမြင့်ခြင်း အက်ဥပဒေ (The Sonny Bono Copyright Term Extension Act - CTEA)