Creative Commons လိုင်စင်များ

CC ဥပဒေဆိုင်ရာ အထောက်အကူများသည် ဖန်တီးသူများက ၎င်းတို့၏လက်ရာများကို စာပေနှင့်အနုပညာမူပိုင်ခွင့်အောက်တွင်အစဉ်အလာဖြစ်သော "မူပိုင်ခွင့်များရယူပြီး (All rights reserved)" ဆိုသည့်နည်းလမ်းထက် ပိုမိုလွတ်လပ်ခွင့်ပြုသော သတ်မှတ်ချက်များဖြင့် အများပြည်သူကို မျှဝေလိုသည့်အခါ အသုံးပြုနိုင်သည့် အခြားနည်းလမ်းတစ်ခုဖြစ်သည်။ ဥပဒေ အထောက်အကူများကို အသုံးပြုသူက အကြောင်းအရာ၊ အချက်အလက်များကို ဖန်တီးထုတ်လုပ်သည့် ပလက်ဖောင်းများ (user-generated content platforms) ဖြစ်သည့် YouTube၊ Flickr နှင့် Jamendo တို့တွင် ပေါင်းစပ်ထည့်သွင်းထားပြီး ၎င်းတို့ကို Wikipedia [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] နှင့် OpenStax ကဲ့သို့ အကျိုးအမြတ်မယူသည့်စီမံကိန်းများတွင် အသုံးပြုကြသည်။ ယင်းတို့ကို Metropolitan Museum of Art နှင့် British Library ကဲ့သို့ တရားဝင်အသိအမှတ်ပြုအဖွဲ့အစည်းများအပြင် တစ်ဦးချင်းဖန်တီးသူများကလည်း အသုံးပြုကြသည်။ အခန်း ၃ နှင့် ၄ တို့တွင် CC လိုင်စင်အမျိုးမျိုးအကြောင်းနှင့် CC လိုင်စင် မှတ်ပုံတင်ထားသော အရင်းအမြစ်အမျိုးမျိုးအားရှာဖွေနည်းတို့ကို လေ့လာသွားပါမည်။

CC ဥပဒေဆိုင်ရာ အထောက်အကူများသည် ဖန်တီးသူတို့အား ၎င်းတို့၏လက်ရာများကို မျှဝေပုံနှင့်ပတ်သက်၍ ‌ ရွေးချယ်စရာများ ပိုပေးသည့်အပြင် တက္ကသိုလ်စာအုပ်ထုတ်ဝေရေးနှင့်ပညာရေးနယ်ပယ်များတွင်လည်း အရေးပါသော မူဝါဒပန်းတိုင်များအဖြစ် ဆောင်ရွက်ပေးသည်။ Creative Commons လိုင်စင်များက ပညာရေးအတွက် ဖန်တီးပေးသည့် အခွင့်အလမ်းများကို သိရှိနိုင်ရန် လွတ်လပ်သောပညာရေး၏အရေးပါပုံ ဗီဒီယိုကိုကြည့်ပါ။ အစုအပေါင်းအားဖြင့် ဥပဒေဆိုင်ရာ အထောက်အကူများသည် တစ်ကမ္ဘာလုံး ဘုံပိုင်သော မည်သူမဆို လွတ်လပ်စွာရယူနိုင်သည့် ရုပ်ပြစာအုပ်များ မှ ကာတွန်းစာအုပ်များ အထိ အကြောင်းအရာမျိုးစုံကို ် ကူညီဖန်တီးပေးသည်။

CC လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်မလိုသည့် အလုပ်ကိုလည်း လုပ်နိုင်ပါသည်။ မျှဝေခြင်းကို ကျင့်သုံးသည့်နေရာများတွင် လိုင်စင်များသည် တန်ဖိုးများနှင့် မတူညီသည့်ဆောင်ရွက်ပုံနည်းလမ်းကို အချက်ပြရန်ဆောင်ရွက်သည်။

တချို့သောအသုံးပြုသူများအတွက် ဘုံအရင်းအမြစ်များ (commons) ၏ စီးပွားရေးပုံစံကို ကြည့်ရန်လိုအပ်သည်။ စီးပွားရေးပညာရှင် David Bollier က " အဖွဲ့အစည်းတစ်ခုအနေဖြင့် အရင်းအမြစ်တစ်ခုကို မျှမျှတတဖြင့် ရယူ၊ သုံးစွဲ၊ ထိန်းသိမ်းခြင်းကို အထူးဂရုပြုကာ အစုအဖွဲ့ဖြင့် စီမံလိုသည့်အချိန်တိုင်း ဘုံအရင်းအမြစ်များ ပေါ်ပေါက်လာသည်" ဟု ဆိုသည်။ ဝီကီပီးဒီးယား (Wikipedia) သည် CC လိုင်စင်ရယူထားသည်အကြောင်းအရာများကိုအသုံးပြုကာ ဘုံအရင်းအမြစ်ျားကိုအခြေခံထားသော အသိုင်းအဝိုင်းတစ်ခု၏ နမူနာကောင်းပင် ဖြစ်သည်။ ဘုံအရင်းအမြစ်များ (commons) အကြောင်းကို နောက်တိုးအကိုးအကား ကဏ္ဍတွင် လေ့လာနိုင်သည်။

အခြားအသုံးပြုသူများအတွက်မူ CC ဥပဒေဆိုင်ရာ အထောက်အကူများနှင့် တံဆိပ် (buttons) များသည် အမြုတေတန်ဖိုးများအား နှစ်ခြိုက်မှုကို ဖော်ပြနေသည်။ CC buttons များသည် မျှဝေခြင်း၊ လွတ်လပ်ခြင်းနှင့် လူသားတို့ ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် အတွေ့ရများသော သင်္ကေတများဖြစ်လာသည်။ CC အမှတ်တံဆိပ် (logo) နှင့် သင်္ကေတ (icon) များသည် ယခုအချိန်တွင် နယူးယောက်မြို့ရှိ Museum of Modern Art (MoMA) မော်ဒန်အနုပညာပြတိုက်၏ အမြဲတည်ရှိနေမည့် ဒီဇိုင်းစုစည်းမှုထဲတွင် ပါဝင်နေပြီဖြစ်သည်။

CC လိုင်စင်များကို အသုံးပြုခြင်းအတွက် တစ်ခုတည်းသော အရင်းခံအကြောင်းအရင်းမရှိသော်လည်း အသိပညာနှင့် ဖန်တီးနိုင်မှုစွမ်းအားသည် ဈေးကွက်တန်ဖိုးထုတ်ယူရန်ဖြစ်သည့် သာမန်လူသုံးကုန်ပစ္စည်းမမဟုတ်ဘဲ ကျွန်ုပ်တို့၏ယဉ်ကျေးမှုကို တည်ဆောက်ပေးသည့်အုတ်ချပ်များဖြစ်သည် ဆိုသည့် အခြေခံယုံကြည်မှုတွင် CC လိုင်စင်ချပေးခြင်းက မြစ်ဖျားခံသည်ဆိုသော အခြေခံအသိတစ်ခုရှိသည်။ လိုင်စင်များသည် လူတိုင်းတွင် မျှဝေစရာတစ်ခုခုရှိပြီး ကျွန်ုပ်တို့၏အတူမျှဝေထားသည့် ယဉ်ကျေးမှုကို မည်သူမျှ ပိုင်ဆိုင်ခွင့်မရှိဟူသောယုံကြည်မှုကို ထင်ဟပ်နေသည်။ အခြေခံအားဖြင့် မျှဝေမည်ဟူသော ကတိအပေါ်ယုံကြည်ချက် ထင်ဟပ်နေသည်။

မိတ်ဆက်

Creative Commons လှုပ်ရှားမှု