လိုင်စင်များကို ခွဲခြားနားလည်ခြင်း

ရွေးချယ်စရာအမျိုးမျိုး၏ အလုပ်လုပ်ပုံကို အမှန်တကယ်နားလည်လာစေရန် မတူသော လိုင်စင်အစိတ်အပိုင်းများကို အသေးစိတ် လေ့လာကြည့်ကြပါမည်။ အသိအမှတ်ပြုခြင်း (Attribution) သည် CC လိုင်စင်များအားလုံးတွင် ပါဝင်နေပါသည်။ မည်သည့် အသိအမှတ်ပြုခြင်း (Attribution) အမျိုးအစားကို အတိအကျ လိုအပ်ကြောင်း နားလည်ရန် နောက်အခန်းတစ်ခုတွင် လေ့လာသွားမည်ဖြစ်ပါသည်။ ယခုလောလောဆယ်တွင် လိုင်စင်များ ကွဲပြားခြားနားပုံကို အာရုံစိုက်လေ့လာကြပါမည်။

စီးပွားဖြစ် (Commercial) နှင့် စီးပွားဖြစ်မဟုတ်သော (Non-commercial) အသုံးချမှု

လေ့လာခဲ့သည့်အတိုင်းပင် CC BY-NC ၊ CC BY-NC-SA နှင့် CC BY-NC-ND လိုင်စင် ၃ မျိုးသည် စီးပွားဖြစ်မဟုတ်သော (Non-commercial) အသုံးချမှုများအတွက်သာ အသုံးပြုခွင့်ပေးထားပါသည်။ ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code) တွင် စီးပွားဖြစ်မဟုတ်သော (Non-commercial) အသုံးချမှုအား "စီးပွားရေးအကျိုးအမြတ်တစ်စုံတစ်ရာ သို့မဟုတ် အခကြေးငွေရယူသော အသုံးချမှုတစ်စုံတစ်ရာအတွက် အခြေခံအားဖြင့် မရည်ရွယ်သော သို့မဟုတ် ဦးမတည်သော" အသုံးချမှုဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဤအချက်သည် တားမြစ်ခံရသည့် ပြန်အသုံးချမှုအချို့ သို့မဟုတ် ခွင့်ပြုထားသည့် ပြန်အသုံးချမှုအချို့တို့အား ဖယ်ထုတ်ထားနိုင်ခြေရှိသော အခြေအနေအတိအကျများကို လွန်လွန်ကဲကဲ အသေးစိတ် မဖော်ပြဘဲ ပြန်လည်အသုံးချမှုနှင့် သက်ဆိုင်သော အခြေအနေများအပေါ် မူတည်၍ ပျော့ပြောင်းမှုကိုပေးရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

CC ၏ NC အားအဓိပ္ပာယ်ဖွင့်ဆိုပုံမှာ အသုံးပြုသူအပေါ်တွင် မူတည်မနေဘဲ အသုံးပြုမှုအပေါ်တွင် မူတည်နေကြောင်း မှတ်သားထားရန် အရေးကြီး ပါသည်။ အကျိုးအမြတ် မရှာသော သို့မဟုတ် ပရဟိတအဖွဲ့အစည်းဆိုပါက NC လိုင်စင်ပါသည့် လက်ရာတစ်ခုကို အသုံးပြုမှုသည် NC ကန့်သတ်ချက်အား ချိုးဖောက်မိခြင်း ဖြစ်နိုင်ပါသေးသည်။ အကျိုးအမြတ်ရှာသော အဖွဲ့အစည်းတစ်ခုဆိုပါက NC လိုင်စင်ပါသည့် လက်ရာတစ်ခုကို အသုံးပြုမှုသည် လိုင်စင်စည်းကမ်းချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဧကန်မုချ မဆိုလိုနိုင်ပါ။ ဥပမာဆိုရသော် အကျိုးအမြတ်မရှာသည့်အဖွဲ့အစည်းတစ်ခုသည် အကျိုးအမြတ်တစ်စုံတစ်ရာအတွက် အခြားလူတစ်ဦး၏ NC လိုင်စင်ရှိသည့် လက်ရာကို ရောင်းချခွင့်မရှိပါ။ အကျိုးအမြတ်ရှာသည့် အဖွဲ့အစည်းတစ်ခုခုအနေဖြင့် NC လိုင်စင်ရှိသည့် လက်ရာတစ်ခုကို စီးပွားဖြစ်မဟုတ်သော (Non-commercial) ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။ စီးပွားဖြစ် (Commercial) အသုံးချမှု ဖြစ်ခြင်း မဖြစ်ခြင်းကို သက်ဆိုင်ရာ အသုံးချမှုအခြေအနေအပေါ်တွင် မူတည်၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ Creative Commons ၏ NonCommercial Interpretation စာမျက်နှာ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] တွင် ယင်းအကြောင်းကို ပိုမိုလေ့လာနိုင်ပြီး နမူနာအခြေအနေများလည်း ဖော်ပြထားပါသည်။

မှီငြမ်းလက်ရာများ (Adaptations)

လိုင်စင်များအကြားရှိ အခြားသော ခြားနားချက်များသည် ပြန်လည်အသုံးပြုသူများက လိုင်စင်ရှိသောလက်ရာကို မှီငြမ်းပြီး ပြန်လည်ဝေမျှနိုင်ခြင်း ရှိမရှိနှင့် ရှိပါက မည်သည့်စည်းကမ်းချက်များနှင့်အညီ ယင်းသို့လုပ်နိုင်သည်ဆိုသည့်အပေါ်တွင် မူတည်ပါသည်။ အခန်း ၁ တွင် လေ့လာခဲ့ပြီးဖြစ်သည့်အတိုင်း မည်သည်က လိုင်စင်ရှိသည့်လက်ရာကို မှီငြမ်းထားသည့်ဖန်တီးမှုတစ်ခုနှင့် ညီပါသနည်းဆိုသည့် ပြဿနာသည် သက်ဆိုင်ရာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပေါ်တွင် မူတည်သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်အရ မူလလက်ရာရှင်များကို အပ်နှင်းထားသည့် သီးသန့်အခွင့်အရေးများမှ တစ်ခုမှာ မိမိတို့လက်ရာများအား မှီငြမ်းထားသည့်လက်ရာများကို ဖန်တီး ခွင့်ပင်ဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းကို အချို့နိုင်ငံများတွင် ဆင့်ပွားလက်ရာများဟု ခေါ်ပါသည်။ (ဥပမာအားဖြင့် စာအုပ်တစ်အုပ်ပေါ်တွင် မှီငြမ်း၍ ရုပ်ရှင်တစ်ကား ဖန်တီးခြင်း သို့မဟုတ် စာအုပ်တစ်အုပ်အား ဘာသာစကားတစ်ခုမှ အခြားဘာသာစကားတစ်ခုသို့ ပြန်ဆိုခြင်း)

ဥပဒေရှုထောင့်မှကြည့်လျှင် မှီငြမ်းလက်ရာ ဖြစ်ခြင်း၊ မဖြစ်ခြင်းအား အတိအကျ ဆုံးဖြတ်ရန်မှာ တစ်ခါတစ်ရံ သိမ်မွေ့ခက်ခဲလှပါသည်။ မှတ်သားနိုင်ရန် လိုင်စင်များနှင့် သက်ဆိုင်သော အသုံးဝင်သည့် စည်းကမ်းများကိုဖော်ပြထားပါသည်။

  • မည်သို့ပင် သက်ဆိုင်ရာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေက တစ်နည်းတစ်ဖုံ ပြဋ္ဌာန်းထားပါသော်လည်း နည်းပညာအရ ပုံစံပြောင်းလဲခြင်း (ဥပမာ လိုင်စင်ရှိသည့်လက်ရာကို ဒစ်ဂျစ်တယ်ပုံစံမှ ထိတွေ့ကိုင်တွယ်နိုင်သောမိတ္တူအဖြစ်သို့ ပုံစံပြောင်းလဲခြင်း) သည် မှီငြမ်းလက်ရာတစ်ခု မဟုတ်ပါ
  • အသေးစားပြင်ဆင်ခြင်းများဖြစ်သည့် စာလုံးပေါင်းနှင့် သတ်ပုံအမှားများ ပြင်ဆင်ထားခြင်းသည် မှီငြမ်းလက်ရာတစ်ခု မဟုတ်ပါ
  • မည်သို့ပင် သက်ဆိုင်ရာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေက တစ်နည်းတစ်ဖုံ ပြဋ္ဌာန်းထားပါသော်လည်း ဂီတလက်ရာတစ်ခုအား လှုပ်ရှားနေသောပုံရိပ်တစ်ခုနှင့် တွဲစပ်ခြင်းသည် မှီငြမ်းလက်ရာတစ်ခု ဖြစ်ပါသည်
  • အခန်း ၄ နှင့် ၅ တို့တွင် CC လိုင်စင်ရထားသည့် အကြောင်းအရာ၊ အချက်အလက်များအား သင့်အနေဖြင့် အသုံးချလိုက ချနိုင်မည့် နည်းလမ်းများကို လေ့လာကြပါမည်။ လက်ရာများကို မူပွားခြင်းနှင့် လက်ရာပေါင်းချုပ် တစ်ခုအဖြစ် စုစည်းထားခြင်းသည် လက်ရာတစ်ခုစီကို မှီငြမ်းသောလက်ရာတစ်ခု မဟုတ်ပါ။ ဥပမာ လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော ပြဋ္ဌာန်းစာအုပ် (open textbook) အဖြစ်အသုံးပြုနိုင်ရန် စာရေးဆရာအချို့၏ သီးခြားစီရှိနေသော အက်ဆေးများကို ပေါင်းစပ်ပြီး အက်ဆေးပေါင်းချုပ်တစ်ခု ပြုလုပ်ခြင်းသည် လက်ရာပေါင်းချုပ် တစ်ခုသာဖြစ်ပြီး မှီငြမ်းလက်ရာတစ်ခု မဟုတ်ပါ။ Open courseware အများစုသည် အခြား Open educational resources (OER) များအား စုပေါင်းထားခြင်းပင်ဖြစ်သည်။
  • ဘလော့ဂ်စာတစ်ပုဒ်၊ PowerPoint တင်ဆင်မှုတစ်ခု သို့မဟုတ် ဆောင်းပါးတစ်ခုကဲ့သို့သော စာများနှင့်ဆက်စပ်၍ ဓာတ်ပုံတစ်ပုံကို ထည့်သွင်းခြင်းသည် မူရင်းဓတ်ပုံကို ပြုပြင်ပြောင်းလဲထားခြင်း မဟုတ်လျှင် မှီငြမ်းပြုပြင်ထားသည့်လက်ရာတစ်ခု မဖြစ်စေပါ။

ဆင့်ပွားလက်ရာခွင့်မပြု(NoDerivatives) လိုင်စင်များ ဖြစ်သည့် (BY-ND နှင့် BY-NC-ND) တို့သည် ပြန်လည်အသုံးပြုသူများက လိုင်စင်ရှိသည့်လက်ရာများအား အခြေခံထားသော မှီငြမ်းလက်ရာများ (Adaptations) ကို မျှဝေခြင်း (ဆိုလိုသည်မှာ ဖြန့်ချိခြင်းနှင့် ရယူအသုံးပြုနိုင်စေခြင်း) မပြုရန် တားမြစ်ထားသည်။ မှီငြမ်းထားသည့်ပုံစံဖြင့် အခြားသူများအား ပြန်လည်မျှဝေခြင်း မပြုလုပ်သ၍ ND လိုင်စင်တစ်ခုရှိသော လက်ရာများကို အခြေခံသည့် မှီငြမ်းလက်ရာများကို မည်သူမဆိုဖန်တီးနိုင်သည်ဟု ဆိုလိုပါသည်။ အခြားအချက်များရှိသေးသော်လည်း ဤအချက်က အဖွဲ့အစည်းများအား ND စည်းကမ်းချက်အား ချိုးဖောက်ခြင်းမရှိဘဲ စာနှင့် အချက်အလက်များ ဆန်းစစ်ထုတ်ယူခြင်း တို့ကို လုပ်ကိုင်ခွင့်ပြုထားခြင်းပင်ဖြစ်ပါသည်။

‘လိုင်စင်တစ်မျိုးတည်းဖြင့် ပြန်လည်ဝေမျှရန်’ (ShareAlike) လိုင်စင်နှစ်ခုဖြစ်သည့် (BY-SA နှင့် BY-NC-SA) လိုင်စင်များသည် လိုင်စင်ရှိလက်ရာအား မှီငြမ်းထားသည့်လက်ရာများကို မျှဝေမည်ဆိုပါက ယင်းတို့ကို တူညီသော သို့မဟုတ် ကိုက်ညီသောလိုင်စင်တစ်ခုဖြင့်သာ မျှဝေရမည်ဟု သတ်မှတ်ထားသည်။ ShareAlike ရည်ရွယ်ချက်များအတွက် ကိုက်ညီသောလိုင်စင်များစာရင်း က တိုပါသည်။ ယင်းစာရင်းတွင် (the Free Art Licenceကဲ့သို့) Creative Commons က ကိုက်ညီသည်ဟု သတ်မှတ်ထားသည့် CC မဟုတ်သော လိုင်စင် (non-CC) များနှင့် လိုင်စင်တစ်ခုတည်း၏ နောက်ပိုင်းမူကွဲများပါဝင်နေပါသည် (ဥပမာ BY-SA 4.0 သည် BY-SA 3.0 နှင့် ကိုက်ညီပါသည်)။ ထိုအကြောင်းအရာများကို ဤနေရာ တွင်ပို၍ လေ့လာနိုင်ပါသည်။ သို့သော် မှတ်သားရန် အရေးအကြီးဆုံးအချက်မှာ မှီငြမ်းလက်ရာများ (Adaptations)ကို ဝေမျှလိုပါက တူညီသော သို့မဟုတ် ကိုက်ညီသာ လိုင်စင်ကို အသုံးပြုရန် ShareAlike က သတ်မှတ်ထားပါသည်။

အများပြည်သူပိုင်နေရာ (Public Domain)

Creative Commons တွင် CC လိုင်စင်အုပ်စုအပြင် "မည်သည့် အခွင့်အရေးမှ ထိန်းသိမ်းမထားပါ" ဆိုသော နည်လမ်းကိုသုံးပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်ကို လုံးဝမယူချင်သော ဖန်တီးသူများအတွက် ရွေးချယ်စရာတစ်ခုရှိနေပါသေးသည်။ ၎င်းမှာ CC0, အများပြည်သူပိုင်နေရာသို့ ရည်စူးမှုဆိုင်ရာ အထောက်အကူ (the public domain dedication tool)ပင်ဖြစ်ပါသည်။

CC လိုင်စင်များကဲ့သို့ပင် CC0 ( 'စီစီဇီးရိုး' ဟုဖတ်ရန်) သည်လည်း အလွှာ ၃ ခုရှိသည့်ဒီဇိုင်းကို အသုံးပြုထားပါသည်။ ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code)သဘောတူညီချက်(deed) နှင့် မက်တာဒေတာ(metadata) တို့ဖြစ်ကြပါသည်။

CC0 ၏ ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code)တွင် သုံးခွပုံစံရှိသော ဥပဒေရေးရာ နည်းလမ်းတစ်ခုကို အသုံးပြုထားသည်။ အချို့နိုင်ငံများတွင် စည်းကမ်းချက်များကို လျှော့ပေါ့ခြင်း သို့မဟုတ် အခွင့်အရေးများကို စွန့်လွှတ်ခြင်းတို့ဖြင့် ဖန်တီးသူများက ၎င်းတို့၏ လက်ရာများကို အများပြည်သူပိုင်နေရာ (Public Domain) သို့ ရည်စူးခွင့်မပြုပါ။ ထို့ကြောင့် CC0 တွင် ကမ္ဘာအနှံ့မှ မည်သူမဆို ဖန်တီးလက်ရာတစ်ခုကို ခြွင်းချက်မရှိ လုပ်ချင်ရာ လုပ်နိုင်စေမည့် အရံ (Fallback) လိုင်စင်တစ်ခုကိုထည့်သွင်းပေးထားပါသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် စည်းကမ်းချက်များကို လျှော့ပေါ့ခြင်း မအောင်မြင်ပါက အရံ (Fallback) လိုင်စင်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ လျှော့ပေါ့ခြင်းနှင့် အရံ (Fallback) လိုင်စင်တို့အား အသုံးပြု၍မရနိုင်သည့် အဖြစ်နည်းသည့် အခြေအနေတစ်ခုတွင် ၎င်း၏လက်ရာအတွက် CC0 လိုင်စင်သုံးသည့် ပုဂ္ဂိုလ်၏ ကတိကဝတ်ဖြစ်သော ဖန်တီးထားသောလက်ရာနှင့် ပတ်သက်သမျှ အခွင့်အရေးများအားလုံးကို စွန့်လွှတ်သည့် ၎င်း၏ ဖော်ပြပါ ရည်ရွယ်ချက်ကို အနှောက်အယှက် ဖြစ်စေသော ပုံစံတစ်ခုဖြင့် ပြန်လည်အသုံးပြုသူများအပေါ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ ခုခံကာကွယ်မှုများ ပြုလုပ်လိမ့်မည်မဟုတ် ဆိုသည့်အချက်ကို CC က ထည့်သွင်းပေးထားပါသည်။

CC လိုင်စင်များကဲ့သို့ပင် CC0 သည်လည်း မူပိုင်ခွင့်အထောက်အကူတစ်ခုပင်ဖြစ်ပါသည်။ သို့သော် ၎င်းတွင် ယှဉ်ပြိုင်ခွင့် တားမြစ်ခြင်းဆိုင်ရာ ဥပဒေများကဲ့သို့ CC လိုင်စင်များတွင် မပါဝင်သည့် အပိုအခွင့်အရေး အနည်းငယ် ပါဝင်ပါသည်။ ပြန်လည်အသုံးပြုမှုဆိုင်ရာ ရှူထောင့်မှ ကြည့်ပါက လက်ရာတစ်ခုတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် နှင့် တီထွင်မှုမူပိုင်ခွင့်ကဲ့သို့ သီးခြားရထားရန်လိုအပ်သော မူပိုင်ခွင့်များနှင့် ပုဂ္ဂလိကကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အမည်နှင့် အမှတ်သညာတို့ကို အလွဲသုံးစားပြုခြင်းအား တားမြစ်ပိတ်ပင်ခွင့်များ (privacy or publicity rights) ကဲ့သို့ အခြားသော တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ မူပိုင်ခွင့်များလည်း ရှိနေနိုင်ပါသည်။

လိုင်စင် ၆ မျိုးကို မိတ်ဆက်ခြင်း

အပြီးသတ် မှတ်ချက်