CC လိုင်စင်များ၏ ဥပဒေကြောင်းအရ စိုးမိုးနိုင်စွမ်း

တစ်စုံတစ်ယောက်က CC လိုင်စင်ရှိလက်ရာတစ်ခုကို လူသိရှင်ကြား အသိအမှတ်မပြုဘဲ သုံးနေလျှင် သို့မဟုတ် လိုင်စင်စည်းကမ်းများအား တစ်နည်းနည်းဖြင့် လိုက်နာခြင်းမရှိဘဲ သုံးနေလျှင် လိုင်စင်စည်းကမ်းများကို ယင်းသို့ ချိုးဖောက်လိုက်သည်နှင့်တစ်ပြိုင်နက် ယင်းလက်ရာအား အသုံးပြုခွင့် အလိုအလျှောက် ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။ လက်ရာကို အသုံးပြုနေသည့် ပုဂ္ဂိုလ်သည် သီးသန့်ခွင့်ပြုချက်ကို ရရှိထားခြင်း သို့မဟုတ် မျှတစွာအသုံးပြုမှု(fair use) မူအရ သို့မဟုတ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အခြားခြွင်းချက်တစ်စုံတရာအရ အသုံးပြုနေခြင်း မဟုတ်လျှင် ၎င်းသည် စာပေနှင့်အနုပညာမူပိုင်ခွင့် စည်းကမ်းကို ချိုးဖောက်နေခြင်း ဖြစ်နေနိုင်ပါသည်။ တစ်စုံတစ်ယောက်က CC လိုင်စင်တစ်ခုကို မလိုက်နာလျှင် ကြုံတွေ့ရမည့်အခြေအနေများအကြောင်း လေ့လာရန် ဤ FAQ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကို ဖတ်ပါ။ ပြန်လည်အသုံးပြုသူ၏ ရှုထောင့်မှ ဖြစ်စဉ်များကိုလေ့လာရန် ဤ FAQ ကိုဖတ်ပါ။

အစောပိုင်းတွင် မြင်တွေ့ခဲ့သည့်အတိုင်းပင် CC လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ပတ်သက်လုပ်ဆောင်သည့်အတွက် ဥပဒေအရစိုးမိုးနိုင်စွမ်းသည် CC လိုင်စင်၏ အဓိက အင်္ဂါရပ်များမှတစ်ခုပင် ဖြစ်ပါသည်။ ဤလိုင်စင်များကို အခမဲ့နှင့် လွတ်လပ်စွာ ရယူသုံးစွဲနိုင်ခြင်းတို့၏ သင်္ကေတများအဖြစ် ကျယ်ပြန့်စွာရှုမြင်နေကြသော်လည်း ၎င်းတို့တွင် ဥပဒေကြောင်းအရ အရေးပါမှုလည်း ရှိနေပါသည်။ ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code) ကို နိုင်ငံတကာ စာပေနှင့်အနုပညာမူပိုင်ခွင့် ကျွမ်းကျင်သူများကွန်ယက်၏ အကူအညီကိုရယူ၍ ရှေ့နေများကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ပါသည်။ ရလဒ်အဖြစ် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို အသက်ဝင်လုပ်ဆောင်၍ စိုးမိုးနိုင်စေရန် ရည်ရွယ် ရေးဆွဲထားသည့် အထွေထွေစည်းကမ်းချက်များ ထွက်ပေါ်လာပါသည်။

မိတ်ဆက်

လိုင်စင်မူကွဲများ