လိုင်စင်မူကွဲများ

CC လိုင်စင်မူကွဲ အမျိုးမျိုးရှိနေသည်ကို ရှေ့တွင် လေ့လာခဲ့ကြပြီးဖြစ်ပါသည်။ အခန်း ၃.၃ တွင် ဖော်ပြပါရှိသည့် လိုင်စင် အမျိုးအစား အမျိုးမျိုးနှင့် ရောထွေးသွားစရာမလိုပါ။ လိုင်စင်မူကွဲအမှတ်သည် မည်သည့်အချိန်က အဆိုပါ ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code) အား ရေးသားထားသည်ကို ကိုယ်စားပြုခြင်းသာဖြစ်ပါသည်။

CC သည် ၎င်းတို့၏ လိုင်စင်များကို မူပြင်ခြင်းဖြစ်စဉ်ဖြင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ ယင်းဖြစ်စဉ်သည် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် နည်းပညာအပြောင်းအလဲများအပြင် ပြန်လည်အသုံးပြုသူများ၏ လိုအပ်ချက်များအတွက်ပါ ပိုမိုကောင်းမွန်စေရန် ဥပဒေရေးရာ ပြဋ္ဌာန်းချက်ကို အသစ်ပြင်ဆင် ဖြည့်စွက်ခြင်းဖြစ်ပါသည်။ လိုင်စင်မူကွဲများအလိုက် ကွဲလွဲမှုအချို့ရှိသော်လည်း လက်တွေ့သက်ရောက်မှုတွင် ယင်းမူကွဲအမျိုးမျိုးသည် များစွာမပြောင်းလဲဘဲ ယခင်အတိုင်း ရှိနေပါသည်။ နောက်ဆုံးထွက်ရှိသည့် CC လိုင်စင်အုပ်စု၏ မူကွဲမှာ version 4.0 [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ထွက်ရှိခဲ့ခြင်းဖြစ်ပါသည်။ မူကွဲ ၄.၀ လိုင်စင်များတွင် အသစ်ပြင်ဆင်ဖြည့်စွက်ထားသည့် အချက်အလက် အသေးစိတ်များကို CC wiki တွင် လေ့လာနိုင်ပါသည်။ ယင်းလိုင်စင်များ၏ မူကွဲ ၁.၀ မှ လက်ရှိအထိ အသိအမှတ်ပြုခြင်း (Attribution)နှင့် လိုအပ်ချက်များ သတ်မှတ်ပုံဆိုင်ရာ ပြောင်းလဲချက်များအားလုံး အပါအဝင် လိုင်စင်များ၏ ပြောင်းလဲပုံကို အကောင်းဆုံးနှင့် အပြည့်စုံဆုံး လေ့လာနိုင်ရန် Creative Commons ဝက်ဘ်ဆိုက်ကို သွားပါ။

နောက်ဆုံးထွက် CC လိုင်စင်များ (မူကွဲ ၄.၀) နှင့် ယခင်မူကွဲများအကြား အရေးပါသော ခြားနားချက်တစ်ခုမှာ CC လိုင်စင်စည်းကမ်းများအား ချိုးဖောက်ခြင်းများနှင့် သက်ဆိုင်ပါသည်။ CC လိုင်စင်များ၏ မူကွဲ ၄.၀ သည် လိုင်စင်စည်းကမ်းချိုးဖောက်သည့် (ဥပမာ အသိအမှတ်ပြုချက် (Attribution)ထည့်သွင်းပေးရန် မေ့သွားခြင်း) လိုင်စင်ရရှိသူက ယင်းသို့ချိုးဖောက်မှုအား ရက် ၃၀ အတွင်း ပြန်လည်ပြင်ဆင်ပေးလျှင် ၎င်း၏ ယင်းအရင်းအမြစ်အား အသုံးပြုခွင့်ကို ပြန်ပေးနိုင်စေပါသည်။ ယင်းနှင့် စပ်လျဉ်း၍ CC ဝက်ဘ်ဆိုက်ပေါ်ရှိ What’s New in 4.0 page မှ ‘30-day window to correct licence violations’ အပိုင်းတွင် ပိုမိုလေ့လာဖတ်ရှုနိုင်ပါသည်။

နောက်ထပ် အဓိကခြားနားချက်တစ်ခုမှာ မူကွဲ ၄.၀ မတိုင်မီ မူကွဲများတွင် Creative Commons က CC Global Network အား Creative Commons လိုင်စင်များကို 'လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲ' ရန် ခွင့်ပြုချက်ပေးထားခဲ့ခြင်းဖြစ်သည်။ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲခြင်းတွင် လိုင်စင်များက ဒေသဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများနှင့် မူကြမ်းရေးဆွဲထားသော သဘောတူညီချက်များကို ထင်ဟပ်သည့်အပြင် ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများနှင့် လိုင်စင်ထုတ်ပေးခြင်းနှင့် လိုက်နာစေခြင်းဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ (collecting societies) တည်ရှိခြင်းကဲ့သို့ ဒေသဆိုင်ရာ အခြားကွဲပြားမှုများကိုပါ ထည့်သွင်းဖော်ပြနိုင်ရန် ဘာသာပြန်ခြင်းနှင့် ပြုပြင်ချိန်ညှိခြင်းများပါဝင်ခဲ့ပါသည်။

လိုင်စင်မူကွဲ ၃.၀ မှ ၄.၀ သို့ ပြောင်းလဲလိုက်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်ကို ဖယ်ရှားနိုင်ရန်ဖြစ်သည်။ ၎င်းလိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုသည် မလိုအပ်ဘဲ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်နေပြီး CC အနေဖြင့် လိုင်စင်အသစ်များကို နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီအောင် လုပ်နိုင်ခဲ့ပါက ၎င်းလုပ်ငန်းစဉ်အားဖယ်ရှားနိုင်သောကြောင့် ယင်းသို့ ဖယ်ရှားခဲ့ခြင်း ဖြစ်ပါသည်။ မူကွဲအမှတ် ၄.၀(နောက်ဆုံးထွက်ရှိသည့် CCလိုင်စင်အုပ်စု) မှစတင်၍ CC သည် လိုင်စင်များကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲခြင်း မရှိတော့ပါ။ မူကွဲအဟောင်းများဖြစ်သော လိုင်လျောညီထွေဖြစ်အောင် ပြုလုပ်ထားသည့် လိုင်စင်များသည်လည်း တရားဥပဒေကြောင်းအရ အကျုံးဝင်လျက်ရှိနေဆဲ ဖြစ်ပါသည်။ သို့သော် Creative Commons သည် ၎င်းလိုင်စင်မူကွဲများအား အသုံးပြခြင်းကို အားမပေးတော့ပါ။ မူကွဲ ၄.၀ သည် နောက်ဆုံးထွက်ရှိထားခြင်းဖြစ်ပြီး CC နှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာကွန်ယက်အတွက် ခေတ်အမီဆုံးမူကွဲအဖြစ် ထောက်ခံပေးထားပါသည်။

လိုင်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲထားသည့် လိုင်စင်မူကွဲများသည် CC လိုင်စင်များကို တရားဝင်ဘာသာပြန်ဆိုချက်များနှင့် ကွဲလွဲမှုများရှိနေမည်ဖြစ်ပါသည်။ CC ဥပဒေအထောက်အကူများ အားလုံး၏ နောက်ဆုံးမူကွဲများကို အခြားဘာသာစကားများသို့ တရားဝင်ဘာသာပြန်ဆိုချက်အဖြစ် ဘာသာပြန်ဆိုနိုင်ပါသည်။ CC လိုင်စင်များကို ဘာသာပြန်ဆိုခြင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ အရင်းအမြစ်များ အခန်းတွင် လေ့လာနိုင်သည်။

မည်သည့်အသုံးပြုမှုကိုဖြစ်စေ CC လိုင်စင်များ၏ နောက်ဆုံးထွက်မူကွဲကိုသာ အသုံးပြုရန် CC မှ တိုက်တွန်းထားပါသည်။ နောက်ဆုံးမူကွဲတွင် Creative Commons နှင့် ၎င်း၏ ကမ္ဘာအနှံ့မှ ဥပဒေကျွမ်းကျင်သူများ၏ ခေတ်အမီဆုံး အတွေးအခေါ်များ ပါဝင်နေမည်ဖြစ်ပါသည်။ သင်၏ အရင်းအမြစ်များကို မျှဝေနိုင်သည့် အချို့ပလက်ဖောင်းများတွင် သီးသန့်လိုင်စင်များကို အသုံးပြုရန် လိုအပ်နေမည်ဖြစ်သည်။ ဥပမာ အားဖြင့် ဓာတ်ပုံမျှဝေသည့် ပလက်ဖောင်း Flickr သည် CC လိုင်စင်များ၏ မူကွဲ ၂.၀ ကိုအသုံးပြုနေပါသည်။

CC လိုင်စင်များ၏ ဥပဒေကြောင်းအရ စိုးမိုးနိုင်စွမ်း

အပြီးသတ် မှတ်ချက်