အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပညာရေးအရင်းအမြစ်များ (OER)

open educational resources များကို မည်သည့်အချက်က ‘open’ ဖြစ်စေသနည်း။ ယူနက်စကို (UNESCO) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လေ့လာကြည့်ကြပါမည်။

အခမဲ့လွတ်လပ်စွာရယူအသုံးပြုနိုင်သည့်ပညာရေးအရင်းအမြစ်များ (OER) ဆိုသည်မှာ အများပြည်သူပိုင်နေရာ တွင်ရှိနေသော (သို့) open licence ရယူထားသော မည်သည့် ပညာရေးဆိုင်ရာ အကြောင်းအရာ၊ အချက်အလက် မျိုးကိုမဆို ဆိုလိုသည်။ အဆိုပါ လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော အကြောင်းအရာ၊ အချက်အလက်များ (Open materials) များအား မည်သူမဆို တရားဝင်လွတ်လပ်စွာ မူပွား၊ အသုံးချ၊ မှီငြမ်းကာ ပြန်လည်ဝေမျှနိုင်သည်။ OER များတွင် ကျောင်းသုံးဖတ်စာအုပ်မှ သင်ရိုးညွှန်းတမ်းများ၊ သင်ရိုးမာတိကာများ၊ ပို့ချချက်မှတ်စုများ၊ သင်တန်းတာဝန်များ၊ စာမေးပွဲများ၊ စီမံကိန်းများ၊ အသံဖိုင်များ၊ ရုပ်သံများနှင့် ကာတွန်းရုပ်ရှင်များအထိ ပါဝင်နိုင်သည်။ (UNESCO, n.d.)

မြင်တွေ့ရသည့်အတိုင်း OER သည် ပို့ချချက်မှတ်စုများမှ ကျောင်းသုံးဖတ်စာအုပ်အထိ ပုံစံများစွာဖြင့် တည်ရှိနိုင်ပါသည်။ ထိုရင်းမြစ်များကို open licence ဖြင့်ရရှိနိုင်ခြင်း (သို့) အများပြည်သူပိုင်နေရာတွင် ရှိနေခြင်းတို့ကြောင့် (open) လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည်ဟု ညွှန်းဆိုနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါရင်းမြစ်များအား မည်သူမဆို တရားဝင်လွတ်လပ်စွာ မူပွား၊ အသုံးချ၊ မှီငြမ်းကာ ပြန်လည်ဝေမျှနိုင်သောကြောင့် (open) လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည်ကိုလည်း မြင်တွေ့နိုင်ပါသည်။

Creative Commons လိုင်စင်များအားလုံးက ယင်းလုပ်ဆောင်မှုအားလုံးကို လုပ်နိုင်စေပါသလား။

OER ၏ openness ဖြစ်မှုကို ဖော်ပြရန်နောက်တစ်နည်းမှာ David Wiley ၏ 5Rs ဖြစ်သည်။ David Wiley မှာ ကန့်သတ်ပိတ်ပင်မှု မရှိသော လွတ်လပ်စွာ လက်လှမ်းမီနိုင်သည့် ပညာရေးလှုပ်ရှားမှုတွင် အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ 5Rs ဆိုသည်မှာ OER ဖန်တီးသူတစ်ဦးက အသုံးပြုသူတစ်ဦးကို ပေးထားသော အခွင့်အရေးများဖြစ်ပြီး ပါဝင်သည့်အခွင့်အရေးများမှာ -

  • လက်ရာတစ်ခုကိုထိန်းသိမ်းခြင်း (၎င်းလက်ရာ၏မိတ္တူအား သိမ်းဆည်းထားခြင်းကိုဆိုလိုသည်။)
  • အကြောင်းအရာ၊ အချက်အလက်များကို ပြန်လည်အသုံးပြုခြင်း (ရင်းမြစ်၏ open licence စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုထားပြီးဖြစ်သောကြောင့် ခွင့်ပြုချက်တောင်းခံရန်မလို)
  • အကြောင်းအရာ၊ အချက်အလက်ကို ပြုပြင်တည်းဖြတ်ခြင်း (ရင်းမြစ်ကို အပြောင်းအလဲများပြုလုပ်ခြင်း)
  • ရင်းမြစ်တစ်ခုကို ပေါင်းစပ်ဖန်တီးခြင်း (အသစ်တစ်ခုဖန်တီးရန် ရင်းမြစ်ကို အခြား OER နှင့်ပေါင်းစပ်ခြင်း)
  • open licence ရယူထားသော လက်ရာကို ဖြန့်ဖြူးခြင်း (တစ်နည်းအားဖြင့် အခြားသူများနှင့်မျှဝေခြင်း)

(Wiley ၏ 5Rs အပေါ် မူလအဓိပ္ပာယ်ဖွင့်ဆိုချက် [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] )

CC လိုင်စင်တစ်ခုအောက်တွင်ရှိသော ပညာရေးဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များ အားလုံးမှာ OER မဟုတ်ပါ။ အောက်ပါပုံတွင် ပညာရေးရင်းမြစ်များအတွက် အလုပ်ဖြစ်သည့် CC လိုင်စင်များနှင့် အလုပ်မဖြစ်သည့် CC လိုင်စင်များကို အသေးစိတ် ဖော်ပြထားပါသည် ။ "OER မဟုတ်" နှင့် "လွတ်လပ်ခွင့်အနည်းဆုံး (least free)" ဟု ညွှန်းဆိုသော CC လိုင်စင်အမျိုးအစားများကို ဖော်ပြပါ။ အဘယ်ကြောင့် ယင်းကဲ့သို့ ညွှန်းဆိုသည်ဟု ထင်ပါသလဲ။

ရုပ်ပုံအသိအမှတ်ပြုချက် (Paul Stacey and Hal Plotkin, CC BY 4.0) ၏ ‘Finding and using open educational resources (OER): implementing the Creative Commons CC BY licence (slide 4)’

"OER မဟုတ်” နှင့်် “လွတ်လပ်ခွင့်အနည်းဆုံး" လိုင်စင်အမျိုးအစား ၂ ခုတွင် 'ND' (သို့) no-derivatives (ဆင့်ပွားလက်ရာ ခွင့်မပြု) လိုင်စင်သတ်မှတ်ချက်ပါဝင်သည်ကို သင်မှတ်မိကောင်းမှတ်မိပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ND လိုင်စင်အစိတ်အပိုင်းသည် ရင်းမြစ်တစ်ခုကို အပြောင်းအလဲပြုလုပ်ခြင်းနှင့် ထိုသို့ပြုလုပ်ပြီးနောက် အခြားသူများနှင့်မျှဝေခြင်းကို တားမြစ်ထားသည်။

အခြားသူများနှင့်မျှဝေလိုသည့် ND လိုင်စင်ရှိသည့် အကြောင်းအရာ၊ အချက်အလက်များကို မှီငြမ်းပြုပြင်၍မရသောကြောင့်ND လိုင်စင်များသည် ယူနက်စကို (UNESCO) ၏ OER အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မကိုက်ညီပါ။ ND လိုင်စင်ရှိသော ရင်းမြစ်များသည် အသုံးပြုသူအား ရင်းမြစ်တစ်ခုကို ပေါင်းစပ်ဖန်တီးခြင်းနှင့် စိစည်တည်းဖြတ်ခြင်းတို့ကို ပြုလုပ်ရန် ခွင့်မပြုသောကြောင့် David Wiley ၏ 5Rs အချက်များနှင့်လည်း မကိုက်ညီပါ။

မိမိ၏ OER အတွက် သင့်တော်မှန်ကန်သောလိုင်စင်ကိုရွေးချယ်ရန် အခြားအသုံးပြုသူများကို မည်သည့်ခွင့်ပြုချက်များပေးလိုသည်နှင့် သင့်အတွက် မည်သည့်ခွင့်ပြုချက်များ ထိန်းသိမ်းထားလိုသည်ကို စဉ်းစားရန်လိုအပ်သည်။ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်၍မူကွဲဖန်တီးခြင်းအတွက် အသုံးပြုသူအား ခွင့်ပြုချက်အများဆုံးပေးသောကြောင့် လွတ်လပ်စွာ လက်လှမ်းမီနိုင်သည့် ပညာရေး (open education) ကို ထောက်ခံသူများစွာက CC BY လိုင်စင်အား ပညာရေးအတွက် အသုံးပြုခြင်းကို ထောက်ခံကြပါသည်။ CC BY ကို အသုံးပြုရသည့်အကြောင်းရင်းကို နောက်ဆက်တွဲ အရင်းအမြစ်များ အခန်းတွင် လေ့လာနိုင်သည်။ ကိုယ်ပိုင်လက်ရာတစ်ခုအတွက် CC လိုင်စင်တစ်ခုကို အသုံးပြု ရာတွင် စဉ်းစားရမည့်အချက်များနှင့် မှီငြမ်းခြင်းကိုခွင့်ပြုသည့် လိုင်စင်ကို ရွေးချယ်ရန် အရေးပါပုံကို အခန်း ၄.၂ နှင့် ၅.၂ တို့တွင် အသေးစိတ်လေ့လာပါမည်။

မိတ်ဆက်

အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပြဋ္ဌာန်းစာအုပ်များ (Open textbooks) များ