အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပြဋ္ဌာန်းစာအုပ်များ (Open textbooks) များ

OER များသည် အရွယ်အစားပုံသဏ္ဌာန်မျိုးစုံရှိပြီး ဗီဒီယိုတစ်ခုစာ (သို့) သရုပ်ပြဗီဒီယို [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] တစ်ခုစာအရွယ်လောက် သေးငယ်နိုင်သကဲ့သို့ ဘွဲ့သင်တန်းတစ်ခုလုံးစာလောက်လည်း ကြီးနိုင်ပါသည်။ ဆရာများအတွက် မူပိုင်ခွင့်ရှိ သော ပြဋ္ဌာန်းစာအုပ်နေရာတွင် အစားထိုးရန် အတော်အတန် ပြည့်စုံ သော စုစည်းမှုတစ်ခုအဖြစ် OER ကို ဖန်တီးရန်မှာ အလွန်ခက်ခဲနိုင်ပြီး ယုတ်စွအဆုံး အချိန်ကုန်နိုင်ပါသည်။ ထို့ကြောင့် ဆရာများ နားလည်ပြီး စတင်အသုံးပြုရာတွင် ပိုမိုလွယ်ကူစေရန်အလို့ငှာ OER များကို သမားရိုးကျပြဋ္ဌာန်းစာအုပ်နှင့်ဆင်တူသော ပုံစံများဖြင့် စုစည်းတင်ဆက်လေ့ရှိပါသည်။

'အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပြဋ္ဌာန်းစာအုပ်များ (Open textbooks)'ဟူသည့် စကားရပ်သည် စတင်အသုံးပြုရာတွင် လွယ်ကူချောမွေ့စေရန်အလို့ငှာ သမားရိုးကျပြဋ္ဌာန်းစာအုပ်အသွင် ဖွဲ့စည်းထားသော OER စုစည်းမှုတစ်ခုကိုသာ ိ ဆိုလိုပါသည်။ ဘာသာရပ်များစွာတွင် ရှိသော အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပြဋ္ဌာန်းစာအုပ်များ (Open textbooks) ၏ နမူနာများကို OpenStax the Open Textbook Library (သို့) theBC Open Textbook Project တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ OER များကို ဒစ်ဂျစ်တယ် သင်ကြားရေးဆော့ဖ်ဝဲ (digital courseware) - ဥပမာ MIT OpenCourseWare ­ အဖြစ် စုစည်းတင်ပြနိုင်သည်။

အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပညာရေးအရင်းအမြစ်များ (OER)

အခမဲ့လွတ်လပ်စွာ လေ့လာသင်ယူနိုင်သည့်သင်တန်းများ(Open courses) များနှင့် MOOCs