OER နှင့် CC လိုင်စင်ရှိ သောအရင်းအမြစ်များကို အသုံးပြုရသည့်အကြောင်းရင်းများ

နောက်ဆုံးသင်ခန်းစာတွင်မြင်တွေ့ခဲ့ရသည့်အတိုင်း CC လိုင်စင် သုံးထားသော လက်ရာအားလုံးသည် ပြောင်းလဲခြင်းများ ပြုလုပ်ရန် ခွင့်ပြုထားသည်မဟုတ်ပါ။ သို့သော်လည်း ND (no-derivatives) လိုင်စင်ရှိ သော ရင်းမြစ်များသည် ၎င်းတို့ကို မျှဝေခြင်းနှင့် ကူးယူခြင်းတို့ကို တစ်ခါတစ်ရံ စီးပွားဖြစ်အတွက်ပါ ခွင့်ပြုပေးထားသည်။ ND လိုင်စင်ရှိ သောလက်ရာများကို ပြောင်းလဲမှုများမပြုလုပ်နိုင်သော်လည်း သင်၏တက္ကသိုလ်တွင် အကိုးအကားအတွက် (သို့) အထောက်အကူပြုရင်းမြစ်အဖြစ် အသုံးဝင်နိုင်ပါသည်။ နောက် သင်ခန်းစာတွင် အခမဲ့လွတ်လပ်စွာသုံးနိုင်သည့် Open license ရှိသောရင်းမြစ်များကို ရှာဖွေသောအခါ စဉ်းစားရမည့်အချက်များနှင့် ရှာဖွေရမည့်နေရာများအကြောင်း အသေးစိတ်လေ့လာမည်ဖြစ်သည်။

CC လိုင်စင်ရှိ သောရင်းမြစ်များနှင့် OER ကို အသုံးပြုသင့်သည့် အခြားအကြောင်းအရင်းတချို့ကို အသေးစိတ်လေ့လာကြပါစို့ -

  • Open licence ရှိသောရင်းမြစ်များတွင် ၎င်းတို့အား သင်လုပ်ခွင့်ရှိသည့်အရာများ၊ လုပ်ခွင့်မရှိသည့်အရာများနှင့် ပတ်သက်၍ ရှင်းလင်းသော ညွှန်ကြားချက်များ ပါဝင်သည်။
  • မူပိုင်ခွင့်ကိုင်ဆောင်ထားသူထံ ခွင့်ပြုချက်တောင်းခြင်း နှင့်/သို့မဟုတ် အခကြေးငွေပေးခြင်းများ လုပ်ရန်မလိုသည့်အတွက် CC လိုင်စင်ရှိသော အချက်အလက်များ၊ ရင်းမြစ်များကို အသုံးပြုရန် ပိုလွယ်ပါသည်။ ထို့ကြောင့် အချိန်နှင့်ငွေကို ချွေတာနိုင်ပါသည်။
  • ပိုမိုလွတ်လပ်သည့် CC လိုင်စင်ရှိ သော အချို့အရင်းအမြစ်များ (ဥပမာ-ပြောင်းလဲမှုများပြုလုပ်ခွင့်ပေးထားသော အရင်းအမြစ်များ) ကိုမူ အသုံးပြုမည့်အကြောင်းအရာ၊ အခြေအနေနှင့် ပိုမိုဆီလျော်စေရန် ပြုပြင်ပြောင်းလဲနိုင်သည်။ ဤကဲ့သို့ပြုလုပ်ခြင်းကို နေရာဒေသအလိုက်၊ လုပ်ဆောင်မှုအလိုက် သင့်တော်အောင် ပြောင်းလဲ ခြင်း (localisation) ဟု တစ်ခါတစ်ရံ ရည်ညွှန်းလေ့ရှိသည်။ ရှိရင်းစွဲရင်းမြစ်များအား နေရာဒေသအလိုက်၊ လုပ်ဆောင်မှုအလိုက် သင့်တော်အောင် ပြောင်းလဲခြင်း သည် အစမှနေ၍ အသစ်ဖန်တီးရန် မလိုအပ်သောကြောင့် အချိန်ကုန်သက်သာစေပါသည်။
  • Open license ရှိသောရင်းမြစ်အတော်များများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား သည်။ အခြားဘာသာစကားများဖြင့် OER များနှင့် အကြောင်းအရာအမျိုးမျိုးကို ပြန်လည်သုံးသပ်ခြင်းများ လိုအပ်သော်လည်း မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် အသုံးပြုရန်ထည့်စဉ်းစားနိုင်သည့် ရှိရင်းစွဲရင်းမြစ်များ များစွာရှိနေပါသည်။ အဆိုပါရင်းမြစ်များမှ အများအပြားကို လိုင်စင်အမျိုးအစားကခွင့်ပြုပါက ဘာသာပြန်ဆိုနိုင်ပါသည်။
  • မတူ သည့် OER များကို သင်ကြားရေးနှင့်သင်ယူရေး အကြောင်းအရာ၊ အချက်အလက် များတွင် ပေါင်းစပ်ခြင်းသည် ကျောင်းသားများကို မတူ သည့်အမြင်ရှုထောင့်များ (သို့) အကြောင်းအရာအားရှင်းပြ ပုံများ ပေးနိုင်ပါသည်။
  • လိုအပ်သည့် စာအုပ်စာတမ်းများဝယ်ယူရန်တတ်နိုင်သူများအတွက်သာမဟုတ်ဘဲ လူတိုင်းအတွက် ရင်းမြစ်များထောက်ပံ့ပေးခြင်းဖြင့် လွတ်လပ်စွာ ရယူသုံးစွဲခွင့်ပြုသော လိုင်စင်များရှိသည့် ရင်းမြစ်များသည် ပညာရေးဆိုင်ရာ အကြောင်းအရာ၊ အချက်အလက် များအား ရယူသုံးစွဲနိုင်မှုကို တိုးလာစေပါသည်။ စာကြည့်တိုက်တွင် စာအုပ်စာတမ်း တိုးပွားစေ ရန် (သို့) ရှိပြီးသားသင် တန်းများကို အထောက်အကူပြုရန် OER စုဆောင်း မှုများကို ရွေးချယ်နိုင်ပါသည်။
  • နိဂုံးအားဖြင့် ကမ္ဘာတစ်ဝန်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် အစိုးရများမှ OER ရည်ရွယ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြပါသည်။ ထိုသို့အားပေးထောက်ခံမှုကို အောက်ပါ စာရွက်စာတမ်းများ (ဥပမာ - Cape Town Open Education Declaration [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] (2007), the UNESCO Paris OER Declaration (2012), and the UNESCO Ljubljana OER Action Plan (2017) and the UNESCO OER Recommendation (2019)) က သက်သေ ပြနေပါသည်။

ပြန်လည်သုံးသပ်ချက်

open license ရှိသောရင်းမြစ်များကို အသုံးပြုစေသော ယင်းအကြောင်းရင်းများက အလားတူ အကြောင်းအရင်းများကို တွေးမိစေပါသလား။ ဤစာရင်းတွင်ထပ်ဖြည့်နိုင်သော အခြားအကြောင်းရင်းများကို စဉ်းစားနိုင်ပါသလား။ မည်သည့်အကြောင်းအရင်းများက လုပ်ဖော်ကိုင်ဖက်များ (သို့) ကျောင်းသားများနှင့် အကိုက်ညီဆုံးဖြစ်နိုင်ပါသလဲ။

မိတ်ဆက်

အပြီးသတ် မှတ်ချက်များ