OER ကို ရှာဖွေရမည့်နေရာများ

Open license ရှိသောရင်းမြစ်များကိုရှာဖွေရန် နေရာအများအပြားရှိပါသည်။ တချို့သောအင်တာနက်စာမျက်နှာများတွင် OER ကို ပညာရပ်၊ ပညာအရည်အချင်းနှင့်/သို့မဟုတ် ရင်းမြစ်အမျိုးအစားအလိုက် ရွေးချယ်ထည့်သွင်းထားသည်။ အခြားသော ဝက်ဘ်ဆိုက်များတွင် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် (open license) ရှိသောရင်းမြစ်များ (သို့) အခြားသတ်မှတ်ချက်များသာ ရှာဖွေဖော်ပြစေရန် ကျွန်ုပ်တို့၏ရှာဖွေမှုများကို မွမ်းမံပေးနိုင်သော ရှာဖွေမှုလုပ်ဆောင်ချက်များ ပါဝင်ပါသည်။

CC လိုင်စင်ရှိ သောရင်းမြစ်များကို ရှာဖွေရန် အခြားနေရာများကို အသေးစိတ်လေ့လာကြည့်ကြပါစို့။ OER အကြောင်း အခန်း ၄.၁ တွင် open license ရှိသော အရင်းအမြစ်များ၏ တချို့သောအမျိုးအစားများ (ဥပမာ-သင်တန်းများနှင့် ပြဋ္ဌာန်းစာအုပ်များ) ကိုတွေ့ရှိနိုင်သော အသုံးတည့်သည့်နေရာများ များစွာပါဝင်ပါသည်။ ၎င်းရင်းမြစ်အမျိုးအစားများကို ရှာဖွေပါက အောက်ဖော်ပြပါများကို ရှာဖွေနိုင်သည်။ တချို့သောဘာသာရပ်များအတွက် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီသောဝေါဟာရများကို အသုံးပြုသည်ကို သတိပြုပါ။ ဥပမာအားဖြင့် 'ဇီဝသိပ္ပံပညာရပ်များ (Life Sciences)' သည် သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဇီဝဗေဒကဲ့သို့သော ဘာသာရပ်များကို ညွှန်းဆိုပြီး 'လူမှုသိပ္ပံပညာ' တွင် ပထဝီဝင်နှင့် စီးပွားရေးကဲ့သို့သော ဘာသာရပ်များပါဝင်သည်။ နိုင်ငံအလိုက် ပညာရေးစနစ်မတူညီမှုများရှိပြီး ရင်းမြစ်များ၏ သင့်တော်မှု အဆင့်သတ်မှတ်ချက်နှင့် ယင်းက သင့်ကျောင်းသားများ၏လိုအပ်ချက်နှင့် ကိုက်ညီမှုရှိမရှိကို စဉ်းစားရန် လိုကောင်းလိုပါလိမ့်မည်။

မြန်မာနိုင်ငံတစ်လွှားရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့် ကျောင်းများတွင် ဒစ်ဂျစ်တယ်နည်းပညာသုံး OER ကို အင်တာနက်မလိုဘဲ အသုံးပြုနိုင်စေသော eTekkatho [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကို သင်ကြားဖူးကောင်းကြားဖူးပါလိမ့်မည်။ ACU-OER သည် ပူးတွဲဆောင်ရွက်ခြင်းနှင့် လွတ်လပ်စွာ ရယူနိုင်သောသောပညာရေးကို မြှင့်တင်ပေးပြီး အာဆီယံဒေသ တွင် OER ကို မျှဝေပေးသည်။ မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ် (MIMU) သည် အသိအမှတ်ပြုချက်နှင့်အတူ အသုံးပြုနိုင်သော နိုင်ငံဆိုင်ရာ သတင်းအချက်အလက်များကို ထောက်ပံ့ပေးသည်။ Open Development Myanmar သည် CC BY-SA လိုင်စင်ရှိ သော အထောက်အကူများနှင့် အချက်အလက်များကို ထောက်ပံ့ပေးသည်။

အခြားအသုံးဝင်သော အထောက်အကူများတွင် CC Search ပါဝင်ပြီး ၎င်းသည် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင်ရှိ သော ဓာတ်ပုံ သန်း ၅၀၀ ကို ရှာဖွေနိုင်စေသော အထောက်အကူဖြစ်သည်။

၎င်းတို့၏ဝက်ဘ်ဆိုက်ျား ပေါ်တွင် မျှဝေ သော လက်ရာများကို CC လိုင်စင်ချပေးနိုင်စေသည့် ပလက်ဖောင်းအတော်များများတွင် OER Commons ကဲ့သို့ CC အကြောင်းအရာများကို ရှာဖွေရန် စိစစ်ရွေးချယသည့် လုပ်ဆောင်ချက်များ ပါဝင်ပါသည်။ Open license ရှိသောအကြောင်းအရာ (သို့) CC လိုင်စင် ရှိသောလက်ရာကို ရှာဖွေနိုင်ရန် Google၊ Flickr နှင့် YouTube တို့တွင်လည်း စိစစ်ရွေးချယ်ကာ ရှာဖွေနိုင်ပါသည်။

အကြောင်းအရာတစ်မျိုးကို ရှာဖွေလိုပါက ၎င်းနှင့်ဆက်စပ်သော သီးသန့်သက်ဆိုင်သည့်ရင်းမြစ်များတွင် စစ်ထုတ်ရှာဖွေနိုင်ပါသည်။ ဝီကီပီးဒီးယားတွင် နေရာအသီးသီးမှ အဓိက CC လက်ရာ အရင်းအမြစ်များစွာ၏ ပြည့်စုံသောစာရင်းတစ်ခု ကိုပေးပါသည်။

သက်ဆိုင်ရာ CC လိုင်စင်တစ်ခု၏ အောက်တွင်ရှိသော လက်ရာများကိုလည်း ရှာဖွေနိုင်ပါသည်။ စီမံကိန်းနမူနာများနှင့် ၎င်းလိုင်စင်များကိုအသုံးပြုနေသူတို့၏ နမူနာများပါဝင်သော လိုင်စင်တစ်ခုချင်းစီ၏ Creative Commons ခြုံငုံသုံးသပ်ချက်ကို လေ့လာပါမည်။

ပြန်လည်အသုံးပြုလိုသောလက်ရာတစ်ခုကို တွေ့ရှိပါက အဆိုပါရင်းမြစ်အတွက် သင့်တင့်သော အသိအမှတ်ပြုမှု ပြုလုပ်ရန် အရေးကြီးသည်။ အခန်း ၃.၁ ရှိ ခေါင်းစဉ်(Title)၊ လက်ရာရှင်(Author)၊ အရင်းအမြစ်(Source)နှင့် လိုင်စင်(Licence) TASL ကို သင်မှတ်မိပါသလား။ ရင်းမြစ်တစ်ခုအား အသိအမှတ်ပြု ရည်ညွှန်းဖော်ပြရန် TASL အား အသုံးချပုံကို အခန်း ၄.၄ တွင် အသေးစိတ်လေ့လာသွားပါမည်။

အဆုံးသတ်အနေ ဖြင့် OER ကမ္ဘာ့မြေပုံ (OER World Map) ကိုအသုံးပြုုပြီး ဒေသအလိုက် တသီးတသန့်ဖြစ်သော OER ကို လည်း ရှာဖွေနိုင်ပါသည်။ ဥပမာ အောက်ဖော်ပြပါသည် ထိုင်းနိုင်ငံရှိ OER များ ဖြစ်သည်။

မိတ်ဆက်

ရင်းမြစ်များကို အကဲဖြတ်ခြင်း