ရင်းမြစ်များကို အကဲဖြတ်ခြင်း

သင်အသုံးပြုသော အခြားပညာရေးဆိုင်ရာရင်းမြစ်များနည်းတူ OER ကိုလည်း အသုံးမချခင် အကဲဖြတ်ရန်လိုအပ်သည်။ OER အားအသုံးပြုခြင်းနှင့်အကဲဖြတ်ခြင်းဖြစ်စဉ်သည် သမားရိုးကျဖြစ်သော "မူပိုင်ခွင့်များထိန်းသိမ်းထား ပြီး (All rights reserved)" ဟူသည့် မူပိုင်ခွင့်တင်ထားသောရင်းမြစ်များကို အကဲဖြတ်ခြင်းနှင့် များစွာကွာခြားမှုမရှိပေ။ အခမဲ့လွတ်လပ်စာအသုံးပြုခွင့်လိုင်စင်ပေးထားသည်ဖြစ်စေ၊ မူပိုင်ခွင့်ဖြင့် ပိတ်ပင်ထားသည်ဖြစ်စေ ၎င်းပညာရေး အကြောင်းအရာ၊ အချက်အလက် များ၏ အရည်အသွေးကိုအကောင်းဆုံးဝေဖန်အကဲဖြတ်နိုင်သူများမှာ ကျောင်းသားများ၏လိုအပ်ချက်နှင့် ရင်းမြစ်တစ်ခုအား မည်သို့မည်ပုံ အသုံးပြု မည်ကိုသိထားသော သင်နှင့်သင်၏လုပ်ဖော်ကိုင်ဖက်များသာဖြစ်သည်။

ပညာရေး အကြောင်းအရာ၊ အချက်အလက်များကို အကဲဖြတ်စစ်ဆေးသောအခါ စဉ်းစားသင့်သည့်အချက်များကို အသေးစိတ်လေ့လာကြည့်ကြပါမည်။ JISC က ထောက်ပံ့ပေးထားသော အရည်အသွေးအကဲဖြတ်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] မှာ -

  • တိကျမှု (accuracy)
  • ဖန်တီးသူ/အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျော်ကြားမှု (reputation of author/institution)
  • နည်းပညာဆိုင်ရာထုတ်လုပ်မှု၏ စံနှုန်းအဆင့်အတန်း (standard of technical production)
  • လက်လှမ်းမီခြင်း့် (accessibility)
  • မူလရည်ရွယ်ချက်အတိုင်းကိုက်ညီမှု (fitness for purpose)

OER အားအကဲဖြတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သော အရေးကြီးသည့်အချက်တစ်ချက်မှာ ယင်းလက်ရာကို အခြား open license ရယူထားသောရင်းမြစ်များနှင့် ပေါင်းစပ်ကာ မှီငြမ်းခြင်း (သို့) ပြောင်းလဲခြင်းများ ပြုလုပ်ရန် စိတ်ကူးရှိမရှိဟူသော အချက်ဖြစ်သည်။ အချို့သော CC လိုင်စင်အမျိုးအစားများသည် ကိုက်ညီမှုမရှိသောကြောင့် လက်ရာအသစ်များဖန်တီးရန် ၎င်းတို့အား ပေါင်းစပ်၍မရသည်ကို လာမည့်အခန်းတွင် လေ့လာရပါမည်။ ဆိုလိုသည်မှာ မှီငြမ်းရန်အတွက် open license ရယူထားသောလက်ရာကို ရှာဖွေနေပါက သင်ရွေးချယ်သည့်ရင်းမြစ်များ၏ လိုင်စင်အမျိုးအစားများကို အထူးသဖြင့် သတိပြုရန်လိုအပ်ပါသည်။ ဆိုလိုသည်မှာ ကြိုတင်စဉ်းစားထားရန်လိုအပ်ပါသည်။ အထူးသဖြင့် ဤ ကိစ္စတွင် စာကြည့်တိုက်မှူးများ၊ ICT ကဏ္ဍရှိဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးပါပါသည်။ အဘယ်ကြောင့်ဆိုသော် လိုအပ်သည့်အကြောင်းအရာပေါ်မူတည်ကာ ရင်းမြစ်များ ရွေးချယ်ခြင်းနှင့် ရည်ရွယ်ချက်နှင့်ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ခြင်းတို့တွင် ဆရာများကို ၎င်းတို့က ကူညီအားဖြည့်ပေးနိုင်ပါသည်။

ရင်းမြစ်များကို အကဲဖြတ်သောအခါ ရင်းမြစ်တစ်ခု၏ ပုံစံကိုပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ မြန်မာနိုင်ငံသည် မိုဘိုင်းဖုန်းဦးစားပေးနိုင်ငံအဖြစ် မကြာခဏညွှန်းဆိုခံရသော်လည်း လက်ရှိတွင် OER အားလုံးကို မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်ခြင်းမရှိပါ။ သင်သည် နည်းပညာပိုင်းဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်ပါက လုပ်ဖော်ကိုင်ဖက်များအား အသင့်တော်ဆုံး OER အားရွေးချယ်ခြင်းနှင့် ယင်းနှင့်စပ်လျဉ်း၍ ဆက်လက်အကြံပြုခြင်းများတွင် ကူညီပေးနိုင်ပါလိမ့်မည်။

ပြန်လည်သုံးသပ်ချက်

ရင်းမြစ် အမျိုးမျိုးကို စဉ်းစားသောအခါ အဆိုပါရင်းမြစ်ကို ရယူသုံးစွဲမည့် ကျောင်းသား အမျိုးမျိုးကိုပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ ဒေတာအချက်အလက်များသည် ဈေးကြီးနိုင်ပြီး ရင်းမြစ်များကိုရယူသုံးစွဲရန် တက္ကသိုလ်ရှိဝိုင်ဖိုင် (သို့) Offline ဖြင့်အသုံးပြုနိုင်သောဝန်ဆောင်မှုများ (ဥပမာ eTekkatho) ကို နေ့တက်ကျောင်းသားများမှ အသုံးပြုနိုင်သော်လည်း အဝေး သင် ကျောင်းသားများက ရင်းမြစ်များကို ရယူသုံးစွဲနိုင်ရန် သင်မည်သို့ထောက်ပံ့နိုင်ပါသလဲ။ ရင်းမြစ်များကို ဒေါင်းလုတ်ရယူကာ ကျောင်းသားများနှင့် ဆရာများထံ အင်တာနက်ကို အသုံးမပြုဘဲ သင်ထောက်ပံ့နိုင်ပါသလား။ ရှာဖွေရွေးချယ်ထားပြီးသား OER များကို အဝေးသင်ကျောင်းသားများက တက္ကသိုလ်၌ ကျောင်းလာအပ်သည့်အခါ (သို့) တက္ကသိုလ်နယ်မြေတွင် စာမေးပွဲလာဖြေသည့်အခါ ထောက်ပံ့ပေးနိုင်ပါသလား။

OER ကို ရှာဖွေရမည့်နေရာများ

သင်၏ကိုယ်ပိုင်လေ့ကျင့်မှုများ