သင်၏ကိုယ်ပိုင်လေ့ကျင့်မှုများ

ကျွန်ုပ်တို့မြင်တွေ့ခဲ့ရသည့်အတိုင်း OER များရှာဖွေခြင်းနှင့် မှန်ကန်စွာအသုံးချခြင်းတို့တွင် လုပ်ဖော်ကိုင်ဖက်များအားကူညီထောက်ပံ့ပေးရာ၌ စာကြည့်တိုက်မှူးများနှင့် အခြားသော ICT ကဏ္ဍရှိဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးပါပါသည်။ သင်စတင်လုပ်ဆောင်နိုင်ရန် လေ့ကျင့်မှုနှင့် ပတ်သက်၍ အကြုံပြုချက်ကောင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • Open license ရှိသည့် ရင်းမြစ်များကိုရှာဖွေသောအခါ ရင်းမြစ်အားတွေ့ရှိခဲ့သည့်နေရာ၊ ဖန်တီးသူနှင့် အသုံးပြုထားသော CC လိုင်စင်အမျိုးအစားတို့ကို မှတ်သားထားရန် အရေးကြီးသည်။ သို့မှသာ သင့်တင့်လျောက်ပတ်စွာဖြင့် အသိအမှတ်ပြုရည်ညွှန်းဖော်ပြနိုင်မည်ဖြစ်သည်။ နောက်သင်ခန်းစာတွင် အသိအမှတ်ပြုခြင်း (Attribution)အကြောင်းကို ဆက်လက်လေ့လာပါမည်။ ယင်းအချက်အလက်များအား တစ်နေရာတည်းတွင်ထိန်းသိမ်းထားနိုင်ရန် သီးခြားစာဖိုင်တစ်ခု (ရင်းမြစ်မှတ်တမ်း (asset log) ဟု ခေါ်လေ့ရှိသည်) ကို ဖန်တီးထားသင့်သည်။ ဒေါင်းလုတ်ရယူထားသောရင်းမြစ်များကိုလည်း တည်နေရာတစ်ခုတည်းတွင် သိမ်းဆည်းထားသင့်သည်။ မတူ သော OER များကို အသုံးပြုမည့်ပုံစံကို မှတ်တမ်းသိမ်းဆည်းထားခြင်းသည် အထူးသဖြင့် ရှုပ်ထွေးသည့်စီမံကိန်းများ (ဥပမာ - ရှိပြီးသား အကြောင်းအရာ၊ အချက်အလက်များပါဝင်သော open course တစ်ခု ဖန်တီးရေးဆွဲခြင်း) လုပ်ဆောင်ရာတွင် အရေးပါသည်။ နမူနာအချို့ကို အခန်း ၅ တွင် လေ့လာပါမည်။
  • လုပ်ဖော်ကိုင်ဖက်များနှင့်အတူ OER ကိုရှာဖွေရာတွင်သော်လည်းကောင်း open license ရှိသောအကြောင်းအရာကို ကိုယ်တိုင်ရှာဖွေရာတွင်သော်လည်းကောင်း အသုံးပြုလိုသည့်ရင်းမြစ်တစ်ခုချင်းကို ပြန်လည်သုံးသပ်ရန်နှင့် စစ်ဆေးရန် အရေးကြီးပါသည်။ ဖန်တီးသူ (သို့) လိုင်စင်အချက်အလက်များမဖော်ပြထားသော ရင်းမြစ်အားတွေ့ရှိသောအခါ သတိကြီးစွာထားပြီး ဆက်လက်လုပ်ဆောင်သင့်ပါသည်။ အသုံးပြုရန် အခြားရွေးချယ်စရာရင်းမြစ်တစ်ခုကို ရှာနိုင်ပါသလား။ တစ်ခါတစ်ရံတွင် လိုအပ်သောအချက်အလက်များကိုရှာဖွေရန် ဖန်တီးသူက ရင်းမြစ်ကို လွှင့်တင်ထားခဲ့သော မူရင်းဝက်ဘ်ဆိုက် သို့ ပြန်သွားရန်လိုအပ်ကောင်းလိုအပ်နိုင်သည်။ open license ရယူထားသောလက်ရာများ၏ အားသာချက်များထဲမှတစ်ခုမှာ ဖန်တီးသူနှင့် သင့်အား ရင်းမြစ်ကိုအသုံးပြုစေလိုသည့် ပုံစံနှင့်ပတ်သက်ပြီး ရှင်းလင်းသောအချက်အလက်များကို ဖော်ပြထားခြင်းဖြစ်သည်။
  • နောက်ဆုံးတွင် သင်အသုံးပြုလိုသော ရင်းမြစ်များကို ရရှိပြီးဖြစ်သော်လည်း မူလတွေ့ရှိခဲ့သည့်နေရာကို သင်မေ့သွားခဲ့သည် ဆိုပါစို့။ မူပိုင်ခွင့်ကိုမချိုးဖောက်ဘဲ ယင်းတို့ကိုအသုံးပြုနိုင်ပါသလား။ ၎င်းတို့သည် open license ဖြင့်ပေးထားသည်များ ဖြစ်ပါသလား။ ရင်းမြစ်သည် ဓာတ်ပုံဖြစ်နေပါက ဓာတ်ပုံနှင့် ၎င်းအားဖန်တီးသူနှင့် မူပိုင်ခွင့်အချက်အလက်များကိုရှာဖွေရန် Google reverse image search [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကို အသုံးပြုနိုင်ပါသည်။ သို့မဟုတ် အဓိကအသုံးအနှုန်းများကိုအသုံးပြုခြင်းအားဖြင့် ရှာဖွေရေးအင်ဂျင် (search engine) တစ်ခုကို အသုံးပြုကာ မူလရင်းမြစ်ကိုရှာဖွေနိုင်ပါသည်။

ရင်းမြစ်များကို အကဲဖြတ်ခြင်း

အပြီးသတ် မှတ်ချက်များ