အသိအမှတ်ပြုခြင်း (Attribution)ဆိုင်ရာ အခြေခံအချက်များ

OER ကိုရှာဖွေရာတွင် ရင်းမြစ်တစ်ခုအား သင့်တင့်လျောက်ပတ်စွာ အသိအမှတ်ပြုဖော်ပြနိုင်ရန် လိုအပ်သောအချက်အလက်များ မိမိတွင် စုံလင်မှုရှိမရှိအား စစ်ဆေးရန်လိုအပ်သည်။ ဤတွင် သင်၏ရင်းမြစ်မှတ်တမ်း(Asset Log)သည် အသုံးဝင်လာနိုင်သည်။

CC လိုင်စင် ရှိသော ရင်းမြစ်အားလုံးကို အသိအမှတ်ပြုဖော်ပြရန် ဥပဒေကြောင်းအရလိုအပ်သည်ကို ဤသင်တန်း အစောပိုင်းကတည်းက သင်မှတ်မိကောင်းမှတ်မိပါလိမ့်မည်။ ယင်းသို့လိုအပ်ရခြင်းမှာ CC လိုင်စင်အားလုံးတွင် 'BY' အစိတ်အပိုင်း ပါဝင်နေခြင်းကြောင့်ဖြစ်သည်။ အများပြည်သူပိုင်နေရာရှိ လက်ရာများနှင့် CC0 အထောက်အကူဖြင့် အမှတ်အသားပေးထားသော လက်ရာများသည် အသိအမှတ်ပြုဖော်ပြခြင်း (Attribution)မလိုအပ်ကြောင်း အခန်း ၂ တွင် လေ့လာခဲ့ရသည်ကို သင်မှတ်မိကောင်းမှတ်မိပါလိမ့်မည်။ သို့ရာတွင် ယင်းကဲ့သို့ရင်းမြစ်အမျိုးအစားအား ရည်ညွှန်းဖော်ပြခြင်းသည် ကောင်းသောလုပ်ရပ်ဖြစ်ကြောင်း မကြာခဏ သတ်မှတ်ခံရလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဖော်ပြခြင်းသည် အခြားအသုံးပြုသူများအား မူလရင်းမြစ်ကို ရှာဖွေနိုင်စေသည်။

အသိအမှတ်ပြုဖော်ပြခြင်းအတွက် အကောင်းဆုံးလုပ်ရပ်မှာ ရည်ညွှန်းရာတွင် အောက်ပါအချက်များပါဝင်စေခြင်းဖြစ်သည်။ -

  • T = ခေါင်းစဉ် (Title)
  • A = လက်ရာရှင် (Author)
  • S = ရင်းမြစ် (Source)
  • L = လိုင်စင် (Licence)

ယင်းအား 'TASL' ချဉ်းကပ်မှုပုံစံဟု ခေါ်ဆိုလေ့ရှိသည်။ မူလလက်ရာရှင်က ၎င်းတို့၏ အသိအမှတ်ပြု ဖော်ပြချက်ဆိုင်ရာ သတိပေးစာတွင် အချက်အလက်များစွာ ပေးထားပါက ဖြစ်နိုင်လျှင် ထိုအချက်အလက်များကို ဆက်၍ ထိန်းသိမ်းရမည်။

ဤသင်တန်းတွင် အသုံးပြုထားသော အကြောင်းအရာ၊ အချက်အလက်များနှင့် ပုံများအား အသိအမှတ်ပြုဖော်ပြပုံကို လေ့လာသိရှိနိုင်ရန် သင်တန်းတလျှောက်တွင် ပို့ချဲ့သည်များနှင့် ‘ကျေးဇူးတင်လွှာ’ အခန်းကို ကြည့်ပါ။

သက်ဆိုင်ရာ အကြောင်းအရာအားအသုံးပြုသည့် များစွာသောပုံစံများနှင့် ကိုက်ညီမှုရှိစေရန်အတွက် CC လိုင်စင်များတွင် ပါဝင်သော ှ ရည်ညွှန်းဖော်ပြခြင်းဆိုင်ရာလိုအပ်ချက်များကို အတန်အသင့်ပြောင်းလွယ်ပြင်လွယ်ရှိစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးဆွဲထားသည်။ ရုပ်ရှင်ရိုက်ကူးသူတစ်ဦးသည် ပညာရပ်ဆိုင်ရာ စာတမ်းတစ်ခုအား ထုတ်ဝေဖော်ပြသည့် သိပ္ပံပညာရှင်တစ်ဦးထက် အသိအမှတ်ပြုဖော်ပြရာတွင် ရွေးချယ်ခွင့်ပိုမိုရရှိပါသည်။ CC wiki တွင် အသိအမှတ်ပြု ဖော်ပြခြင်းအတွက် အကောင်းဆုံးအလေ့အကျင့်များ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] အကြောင်းကို လေ့လာနိုင်ပါသည်။ စာရင်းတွင်ပါရှိသော ရွေးချယ်ခွင့်များထဲမှ သင်၏ကိုယ်ပိုင်လက်ရာအတွက် မည်သို့ အသိအမှတ်ပြု ဖော်ပြခံချင်သည်ကို စဉ်းစားပါ။

Creative Commons သည် အသိအမှတ်ပြုဖော်ပြခြင်း (Attribution)ကို အလိုအလျောက်ပြုလုပ်နိုင်မည့် နည်းလမ်းသစ်များကိုလည်း ရှာဖွေနေပါသည်။ CC search အထောက်အကူမှ ရလဒ်များရှိသည့် စာမျက်နှာ ကို ကြည့်ရှုရန်။ အသိအမှတ်ပြုဖော်ပြသည့်ပုံစံကိုကြည့်ရှုရန် မတူသောဓာတ်ပုံနှစ်ပုံကို ကလစ်နှိပ်ပါ။ ထို့နောက် 'Credit အားစာသားအဖြစ်ကူးယူပါ (Copy credit as text)' နှင့် 'Credit အား HTML ဖိုင်အဖြစ်ကူးယူပါ (Copy credit as HTML)' ဟူသောလုပ်ဆောင်ချက်များ (functions) ကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ။ Open Attribute ကလည်း CC အသိအမှတ်ပြု ဖော်ပြချက်ကို အလွယ်တကူ ပြုလုပ်နိုင်စေရန် အထောက်အကူ (tool) တစ်ခု ပေးထားပါသည်။ Word ၊ Excel နှင့် Power Point တွင် အသိအမှတ်ပြု ဖော်ပြချက်များ ထည့်သွင်းရန် Creative Commons Microsoft Office Add-in ရှိပါသည်။

ပေါင်းစပ်ခြင်း မဟုတ်ဘဲ လက်ရာများအားမူပွားခြင်း တွင် (ပေါင်းစပ်ဖန်တီးခြင်းအကြောင်းကို အခန်း ၅ တွင်လေ့လာရပါမည်) အခြားသောအဓိကစဉ်းစားရမည့်အချက်တစ်ချက်မှာ NC (သို့) စီးပွားဖြစ်အသုံးမပြုရန် တားမြစ်ချက်ဖြစ်သည်။ သင်အသုံးပြု သည့်လက်ရာကို NC အစိတ်အပိုင်း ပါဝင်သော CC လိုင်စင် ၃ ခုထဲမှ ၁ ခုနှင့် ထုတ်ဝေဖော်ပြထားပါက ၎င်းအား စီးပွားဖြစ်အသုံးပြုခြင်းမဟုတ်ကြောင်း သေချာရန်လိုအပ်သည်။

လိုင်စင် ခွင့်ပြုချက်ထက်ကျော်လွန်သော အပိုခွင့်ပြုချက်တောင်းခံလိုပါက ဖန်တီးသူလက်ရာရှင်ကို ဆက်သွယ်နိုင်ကြောင်း သတိရပါ။

မိတ်ဆက်

အပြီးသတ် မှတ်ချက်များ