မိတ်ဆက်

လက်ရာရှင်များသည် ၎င်းတို့၏လက်ရာများအတွက် CC လိုင်စင် (သို့) CC0 မသုံးမီ မည်သည့်အချက်များကို စဉ်းစားသင့်ပါသနည်း။ CC လိုင်စင်များကို အသုံးပြုကာ မျှဝေရန်ရွေးချယ်ထားသည့် လက်ရာရှင်များအတွက် ရွေးချယ်စရာ များစွာရှိပါသည်။ CC လိုင်စင် (သို့) CC0 မသုံးမီ လိုအပ်သောအခွင့်အရေးအားလုံးရှိ၊ မရှိနှင့် မရှိပါက ယင်းကို အများပြည်သူ သိစေမည့်နည်းလမ်းအပါအဝင် စဉ်းစားရန်အချက်များစွာရှိပါသည်။

သင်ဖန်တီးထားသောလက်ရာအတွက် Creative Commons လိုင်စင် (သို့) CC0 သုံးချင်သလားဆိုသည်ကို မဆုံးဖြတ်ခင် စဉ်းစားရမည့် အရေးကြီးသည့်အချက်တချို့ရှိသည်။

လိုင်စင်များနှင့် CC0 များအား ပြန်ပြောင်း၍မရပါ။

'ပြန်ပြောင်း၍မရ' ဟုဆိုရာတွင် ဥပဒေစည်းမျဉ်းသဘောတူညီချက်များကို ဖျက်သိမ်း၍မရခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ လက်ရာတစ်ခုအတွက် CC လိုင်စင်တစ်ခုကို အသုံးပြု သည်နှင့်တစ်ပြိုင်နက် မူပိုင်ခွင့်သက်တမ်းကုန်သည်အထိ လိုင်စင်သည် သက်ရောက်နေမည်ဖြစ်သည်။ ပြန်လည်အသုံးပြုသူများ၏အမြင်ရှုထောင့်မှကြည့်လျှင် CC လိုင်စင်များ၏ ယင်းအချက်ကို များစွာ နှစ်ခြိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် CC လိုင်စင်အရ ခွင့်ပြုထားသော အခွင့်အရေးများကို ဖန်တီးသူက စိတ်ကူးပေါက်သလို ပြန်လည်ရုပ်သိမ်းခြင်းမလုပ်နိုင်သည်ကို သိထားသဖြင့် ၎င်းတို့တွင်ယုံကြည်ချက်ရှိသည်။

လိုင်စင်များသည် ပြန်ပြောင်း၍မရသောကြောင့် လက်ရာတစ်ခုအပေါ် CC လိုင်စင်အသုံးပြုရန် မဆုံးဖြတ်ခင် ရွေးချယ်စရာများကို ဂရုတစိုက်စဉ်းစားရန် လွန်စွာအရေးကြီးပါသည်။

သင့်တွင် လက်ရာတစ်ခု၏ စာပေနှင့်အနုပညာမူပိုင်ခွင့်အား ပိုင်ဆိုင်ခွင့် (သို့) ထိန်းချုပ်ခွင့်ရှိရမည်။

လိုင်စင် သုံးလိုက်သော မည်သည့်လက်ရာမဆို၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ကို ထိန်းချုပ်နိုင်ရမည်။ ဥပမာ - သင်သည် အများပြည်သူပိုင်နေရာ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] တွင်ရှိသော လက်ရာ၏မည်သည့်မူပိုင်ခွင့်ကိုမဆို မပိုင်ဆိုင်ပါ (သို့) မထိန်းချုပ်ရ ပါ။ ဥပမာ သင်သည် မေဆွိ၏ သီချင်းတစ်ပုဒ်၏မူပိုင်ခွင့်အား မပိုင်ဆိုင်ပါ (သို့) မထိန်းချုပ်ရ ပါ။

ထို့အပြင် သင် လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် လက်ရာတစ်ခုကို ဖန်တီးလိုက်ပါက သင်သည် ယင်းလက်ရာ၏အခွင့်အရေးများကို ကိုင်ဆောင်သူမဟုတ်နိုင်ပါ။ CC လိုင်စင် မသုံးခင် သင်၏အလုပ်ရှင်ထံမှ ခွင့်ပြုချက်တောင်းခံရန်လိုအပ်သည်။ CC လိုင်စင် မသုံးခင် သင် သက်ရောက်စေ မည့်လက်ရာ၏ မူပိုင်ခွင့်သည် သင်၌ရှိပါသလားဆိုသည်ကို သတိပြုပါ။

၅.၁ CC လိုင်စင်တစ်ခုကို ရွေးချယ် အသုံးပြုခြင်း

မည်သည့် Creative Commons လိုင်စင်များကို အသုံးပြုသင့်လဲ