သင်၏ကိုယ်ပိုင်လက်ရာကို အမှတ်အသားပြုလုပ်ခြင်း

ပထမအဆင့်မှာ သင်၏ကိုယ်ပိုင်လက်ရာကို အမှတ်အသားပြုလုပ်ခြင်းဖြစ်သည်။ သို့မှသာ အခြားသူများက သင်၏လက်ရာကို အလွယ်တကူ ရှာဖွေ၊ ပြန်လည်အသုံးပြုနိုင်ကာ သင့်အား နာမည်ဖော်ပြညွှန်းဆိုနိုင်မည်/အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။ သင်၏လက်ရာအားအမှတ်အသားပြုလုပ်ရန် အကောင်းဆုံးနည်းလမ်းမှာ အကြောင်းအရာ၊ အချက်အလက်မှ သင်နှင့်သက်ဆိုင်သောအစိတ်အပိုင်းနှင့် အခြားသူများဖန်တီးထားသော အစိတ်အပိုင်းတို့အတွက် TASL နည်းကို အသုံးပြုခြင်းဖြစ်သည်။

  • T = ခေါင်းစဉ် (Title)
  • A = လက်ရာရှင် (Author) ( ပြန်လည်အသုံးပြုသူများကို အသိအမှတ်ပြု ဖော်ပြရမည့်သူက မည်သူဆိုသည်ကို ပြောပြခြင်း)
  • S = ရင်းမြစ် (Source) ( ပြန်လည်အသုံးပြုသူများကို ရင်းမြစ်၏ အင်တာနက်လင့်ခ်ကို ပေးခြင်း)
  • L = လိုင်စင် (Licence) (CC လိုင်စင်လင့်ခ်ထည့်သွင်းပေးခြင်း)

အသိအမှတ်ပြုဖော်ပြရာတွင် ရည်ရွယ်ချက်သည် လက်ရာကို ပြီးပြည့်စုံသော TASL အချက်အလက်များနှင့် အမှတ်အသားပြုလုပ်ရန်ဖြစ်သည်။ လက်ရာတစ်ခုနှင့်ပတ်သက်ပြီး အချို့သော TASL အချက်အလက်များ မရှိပါက အကောင်းဆုံးကြိုးစား၍ အသေးစိတ်အချက်များကို အတတ်နိုင်ဆုံးထည့်သွင်းဖော်ပြပါ။

လိုင်စင်မူကွဲ (version) 4.0 မှစတင်ကာ ပြန်လည်အသုံးပြုသူများအနေဖြင့် လိုင်စင်များတွင် အသိအမှတ်ပြုဖော်ပြခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခေါင်းစဉ်အားထည့်သွင်းဖော်ပြရန် မလိုအပ်တော့ပေ။ သို့ရာတွင် ခေါင်းစဉ်အားဖော်ပြထားပါက လက်ရာရှင်အား အသိအမှတ်ပြုဖော်ပြရာတွင် ယင်းခေါင်းစဉ်အားထည့်သွင်းရန် CC မှသင့်အား တိုက်တွန်းခြင်းဖြစ်သည်။

မတူညီသောအခြေအနေများတွင် သင်၏ကိုယ်ပိုင်လက်ရာအား အမှတ်အသားပြုလုပ်နည်းနှင့်ပတ်သက်သော နမူနာများကိုလေ့လာလိုပါက CC’s extensive marking page [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] တွင် အချိန်အနည်းငယ်ပေးကာ လေ့လာနိုင်သည်။

ဓာတ်ပုံတစ်ပုံအား TASL အချက်အလက်များနှင့် အမှတ်အသားပြုလုပ်ခြင်း နမူနာကို အောက်တွင်ကြည့်ရှုနိုင်သည်။ အသိအမှတ်ပြုဖော်ပြချက်တွင် သင့်တော်သောလင့်ခ်အားလုံးနှင့်အတူ TASL များကိုဖော်ပြထားသောကြောင့် အောက်ပါဓာတ်ပုံသည် CC အမှတ်အသားပြုလုပ်ရာတွင် ကောင်းမွန်သောနမူနာတစ်ခုဖြစ်သည်။

မိမိကိုယ်ပိုင်လက်ရာကို CC လိုင်စင်တစ်ခု မည်သို့ သက်ရောက်စေမည်နည်း။

သင်၏လက်ရာက အခြားသူ၏လက်ရာပေါ် အခြေခံမှုရှိမရှိကို ညွှန်ပြခြင်း