၅.၂ CC လိုင်စင် သုံးပြီးနောက် စဉ်းစားရန်အချက်များ

Visual Thinkery မှ စီစဉ်ဖန်တီးခဲ့သော ‘Reciprocity_my [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ’ သည် UK Aid က ရန်ပုံငွေ ထောက်ပံ့သော SPHEIR အစီအစဉ် spheir.org.uk ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် TIDE စီမံကိန်းအတွက် ဖန်တီးခဲ့ခြင်းဖြစ်ပြီး CC BY 2.0 လိုင်စင် သုံးထားပါသည်။

သင်၏လက်ရာအား လွတ်လပ်စွာဖြင့် လွယ်ကူစွာပြန်လည်အသုံးပြုနိုင်ရေးနှင့် ပေါင်းစပ်ဖန်တီးနိုင်ရေး သေချာစေရန် CC လိုင်စင် သက်ရောက်စေခြင်းတစ်ခုတည်းက မလုံလောက်ပါ။

သင်ယူမှုရလဒ်များ

ဤ အခန်းကိုတက်ရောက်ပြီးနောက် ...

  • လိုင်စင်စည်းကမ်းသတ်မှတ်ချက်များအား ပြောင်းလဲခြင်းကို CC က အားမပေးရသည့်အကြောင်းရင်းကို နားလည်လာခြင်း
  • အကြောင်းအရာ (content) တစ်ခု၏ နည်းပညာဆိုင်ရာဖွဲ့စည်းမှုပုံစံ (technical format) ၏အရေးပါပုံကို ဖော်ပြနိုင်ခြင်း
  • CC လိုင်စင်နှင့်ပတ်သက်ပြီး တစ်စုံတစ်ဦးက စိတ်ကူးပြောင်းသွားသည့်အခါ ဖြစ်လာသည့်အရာများကို ဖော်ပြနိုင်ခြင်း
  • သင်၏ OER အား ရယူသုံးစွဲနိုင်ရန်နှင့် မြင်သာစေရန် လုပ်ဆောင်ခြင်း၏ အရေးပါပုံကို နားလည်လာခြင်း

ပြန်လည်သုံးသပ်ချက်

သင်လွယ်ကူစွာ မူပွားခြင်းနှင့် မျှဝေခြင်းမပြုလုပ်နိုင်ခဲ့သော CC လိုင်စင် အသုံးပြုထားသောလက်ရာအား တွေ့ဖူးပါသလား။ စိတ်ကူးသည့်အတိုင်း ပြန်လည်အသုံးပြုနိုင်ရန် ဘယ်အရာက ခက်ခဲစေပါသလဲ။ နည်းပညာဆိုင်ရာဖွဲ့စည်းမှုပုံစံ (technical format) ကြောင့်လား ပြဿနာများ ရှိပါသလား၊ (သို့) လက်ရာအပေါ်ရယူသုံးစွဲခွင့်ကန့်သတ်ချက်များရှိနေခြင်းကြောင့်လား (သို့) အခြားအကြောင်းကြောင့်လား။

နောက်ဆုံးမှတ်ချက်

မိတ်ဆက်