OER အား ရယူသုံးစွဲနိုင်ရန်နှင့် မြင်သာစေရန် သေချာစေခြင်း

သင်၏လက်ရာအား မြင်သာစေရန်နှင့် ရယူသုံးစွဲနိုင်စေရန် စဉ်းစားသင့်သည့်အချက်များကို လေ့လာကြပါစို့။

ရယူသုံးစွဲနိုင်မှုနှင့် ရယူသုံးစွဲခွင့်

ဆိုလိုရင်းအားဖြင့် OER ဆိုသည်မှာ လူတိုင်း ရယူသုံးစွဲနိုင်စေရန် သေချာစေခြင်းဖြစ်သည်။ လူတိုင်းဟုဆိုရာတွင် လူချမ်းသာများ၊ အမြင်နှင့်အကြားအာရုံ ကောင်းမွန်သူများ၊ အင်္ဂလိပ်ဘာသာစကား (သို့) မြန်မာဘာသာစကားကို ဖတ်နိုင်သူများ ကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ အားလုံးကိုဆိုလိုခြင်းဖြစ်သည်။

လက်ရာရှင်များနှင့်အဖွဲ့အစည်းများက ှ OER များကို တည်ဆောက်မျှဝေကြသောကြောင့် ရယူသုံးစွဲရာတွင် အကောင်းဆုံးသောအလေ့အကျင့်များသည် လမ်းညွှန်ချက်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ ဒီဇိုင်းတွင် စတင်စဉ်ကတည်းက ပါဝင်ရန်လိုအပ်သည်။ သင်ယူရေးဆိုင်ရာရင်းမြစ်များအား မသန်စွမ်းသူများအပါအဝင် သင်ယူလေ့လာသူအားလုံး ပြည့်ဝစွာရယူသုံးစွဲနိုင်စေရေးအား သေချာစေရန် တက္ကသိုလ်များတွင် တာဝန်ရှိပါသည်။ National Center on Accessible Educational Materials ၏ အင်္ဂလိပ်ဘာသာဖြင့်ပြောသော ‘Simply said: understanding accessibility in digital learning materials’ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ရုပ်သံအားကြည့်ပါ။ Maricopa Community College မှ သင်တန်းကောက်နုတ်ချက် တွင်လည်း လွတ်လပ်စွာ ရယူအသုံးပြုနိုင်ခြင်းနှင့် သင်ကြားရေးနည်းလမ်းဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များကို ဖတ်ရှုနိုင်ပါသည်။ သင်ယူခြင်းပုံစံအကြောင်းကို ထပ်မံလေ့လာလိုပါက The Open University (UK) တွင် အမျိုးမျိုးသောရင်းမြစ်များကို ကြည့်ရှုနိုင်ပါသည်။ ဤ အကြောင်းအရာ၊ အချက်အလက်များက လုပ်ဖော်ကိုင်ဖက်များအတွက် အသုံးဝင်နိုင်ပါသလား။

သင်က သင် တန်းများ (သို့) သင်ထောက်ကူများကို ကိုယ်တိုင်မဖန်တီးသည့်တိုင် သင်၏တက္ကသိုလ်ရှိ ကျောင်းသားများက ရင်းမြစ်များကို ရယူသုံးစွဲနိုင်စေရန် သင်မည်သို့ပံ့ပေးပေးမည်နည်း။ မြန်မာနိုင်ငံမျက်မမြင်များအသင်း (MNAB) တွင် မြန်မာစာအသံထွက်ဆော့ဖ်ဝဲ (Burmese to Text Speech Software) အပါအဝင် ရင်းမြစ်များအား ရယူသုံးစွဲနိုင်စေရေးဆိုင်ရာ အချက်အလက်များနှင့် ရင်းမြစ်များရှိပါသည်။ ဖော်ပြပါ ဖရန့်တီးယား ၏ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတွင် ပါရှိသော မသန်စွမ်းအခွင့်အရေးများနှင့်ပညာရေး (အင်္ဂလိပ်ဘာသာ)တွင် မြန်မာနိုင်ငံရှိ မသန်စွမ်းကျောင်းသားများအတွက် လက်ရှိပညာရေးထောက်ပံ့မှုများနှင့် လက်လှမ်းမီနိုင်မှုများကို ရေးသားထားသည်။

ဖွဲ့စည်းမှုပုံစံများ

ဖန်တီးမှုလက်ရာတစ်ခုအား CC လိုင်စင် ပေးလိုက်ရုံဖြင့် အခြားသူများအတွက် ၎င်းလက်ရာအား ပြန်လည်အသုံးပြုခြင်းနှင့် ပေါင်းစပ်ဖန်တီးခြင်းတို့ကိုပြုလုပ်ရန် မလွယ်ကူစေပါ။ အောက်ပါအချက်များကို စဉ်းစားပါ။

  • သင်၏အကြောင်းအရာအတွက် မည်သည့်နည်းစနစ်ဆိုင်ရာဖွဲ့စည်းမှုပုံစံ (technical format) ကို အသုံးပြုမည်နည်း။ (ဥပမာ - PDF၊ MP3 (သို့) အခြားဖွဲ့စည်းမှုပုံစံ တစ်ခုခု)
  • လိုင်စင်မှခွင့်ပြုပါက ၎င်းတို့သည် လက်ရာအား အလွယ်တကူ တည်းဖြတ် (သို့) ပေါင်းစပ်ဖန်တီးနိုင်ပါသလား။
  • တည်းဖြတ်ခြင်းနှင့် ပေါင်းစပ်ဖန်တီးခြင်းပြုလုပ်နိုင်စေရန် ရင်းမြစ်အား ဖွဲ့စည်းမှုပုံစံများစွာဖြင့် ထောက်ပံ့ပေးနိုင်ပါသလား။ ဥပမာ - စာသား (text) အား open Doc၊ Word နှင့် RTF format များဖြင့် မျှဝေနိုင်သည်။
  • သင်၏လက်ရာကို လူတွေ ဒေါင်းလုတ်ရယူနိုင်ပါသလား။

ဖန်တီးသူ များစွာသည် ကိုယ်ပိုင်ရည်ရွယ်ချက်ဖြင့် အသုံးပြုလိုသူများအတွက် ပိုမိုလွယ်ကူစေရန်အလို့ငှာ နောက်ဆုံး ‘လက်စသတ်ပြီးသော’ မူအပြင် ၎င်းတို့ဖန်တီးထားသော အကြောင်းအရာ၊ အချက်အလက်၏ တည်းဖြတ်နိုင်သောရင်းမြစ်ဖိုင်များကိုပါ ထည့်သွင်းပေးလေ့ရှိသည်။ ဥပမာ ကိုင်တွယ်ဖတ်ရှုနိုင်သောစာအုပ် (သို့) အီလက်ထရောနစ်စာအုပ် (ebook) အပြင် အခြားသူများအနေဖြင့် အကြောင်းအရာအား ၎င်းတို့၏ကိုယ်ပိုင်လက်ရာထဲသို့ အလွယ်တကူကူးယူပေါင်းထည့်ခြင်းတို့ ပြုလုပ်နိုင်စေသော CC လိုင်စင် ရှိ သည့်စာအုပ်၏ ဖိုင်များကိုပါ ထည့်သွင်းပေးနိုင်သည်။

DRM (ဒစ်ဂျစ်တယ် အခွင့်အရေး စီမံခန့်ခွဲမှု)

သင်၏လက်ရာအတွက် မူပွားခြင်းကို အကာအကွယ်ပေးသော နည်းပညာကဲ့သို့သော ဒစ်ဂျစ်တယ်အခွင့်အရေးစီမံခန့်ခွဲမှု (DRM) ကို အသုံးပြု သည့် ဖြန့်ဖြူးရေးပလက်ဖောင်းကို သုံးစွဲ ခြင်းသည် တမင်တကာ မရည်ရွယ်သော်လည်း ပြန်လည်အသုံးပြုသူများအနေဖြင့် CC လိုင်စင်၏ခွင့်ပြုချက်များကို အသုံးပြုရန် ခက်ခဲစေနိုင်သော အခြားနည်းတစ်နည်း ဖြစ်ပါသည်။ CC လိုင်စင် သုံးထားသောလက်ရာများကို DRM အသုံးပြုသောပလက်ဖောင်းတွင် ထားရှိမည်ဆိုပါက DRM အသုံးမပြုသော အင်တာနက်စာမျက်နှာများတွင်လည်း ထိုလက်ရာများကို ဖြန့်ဖြူးရန် စဉ်းစားသင့်သည်။

အခြားသူလိုင်စင်တင်ထားသောလက်ရာအား ၎င်းတို့၏ခွင့်ပြုချက်မရဘဲ DRM စနစ်အသုံးပြုခြင်းမှ CC လိုင်စင်များက သင့်အားတားမြစ်ထားပါသည်။

မြင်သာစေမှု

ဤသင် တန်းအစပိုင်းတွင် CC လိုင်စင် သုံးထားသောရင်းမြစ်များအား တွေ့ရှိနိုင်သော အမျိုးမျိုးသောနေရာများကို လေ့လာခဲ့ပါသည်။ ထိုပလက်ဖောင်းများတွင်လည်း သင်၏လက်ရာများကို မျှဝေနိုင်သည်။ အင်တာနက်ပေါ်တွင် သင်၏လက်ရာအား မျှဝေရန် အကောင်းဆုံးနေရာများကို ရွေးချယ်ပြီးပါက အခြားသူများက သင်၏လက်ရာအား မှန်ကန်စွာ အသိအမှတ်ပြုဖော်ပြနိုင်စေရန် သက်ဆိုင်သော အချက်အလက်များ ဖော်ပြထားသည်ကို သေချာသင့်သည်။ ရင်းမြစ်တစ်ခုအား အင်တာနက်ပါ်သို့ တင်သောအခါတွင် မက်တာဒေတာ (ဒေတာအတွက်ဒေတာဟု ဖော်ပြလေ့ရှိ) (သို့) tags များကို ထည့်သွင်းနိုင်ပါက သင်၏လက်ရာအား ရှာဖွေရပိုမိုလွယ်ကူစေပါသည်။

လွတ်လပ်စွာရယူအသုံးပြုခွင့်ပေးသောလိုင်စင်များအကြောင်းမေးခွန်းများ

နောက်ဆုံးမှတ်ချက်