မှီငြမ်းလက်ရာအား မည်သို့ အသိအမှတ်ပြုဖော်ပြသင့်သနည်း။

အခန်း ၅.၁ တွင်မြင်တွေ့ခဲ့သော ‘90fied’ ဥပမာသည် မူလအားဖြင့် CC BY 2.0 လိုင်စင် သုံးထားသော ဓာတ်ပုံအား ပြုပြင်ပြောင်းလဲခြင်းဖြင့် ဖန်တီးထားခြင်းဖြစ်သည်။

‘90fied’ သည် CC BY 2.0 [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] အရ tvol ဖန်တီးထားသော Creative Commons 10th Birthday Celebration San Francisco ၏ ဆင့်ပွားလက်ရာတစ်ခုဖြစ်သည်။ ‘90fied’ ကို [သင့်နာမည်] မှ [လိုင်စင်အမျိုးအစား] ဖြင့် လိုင်စင် ချထားသည်။

OER တစ်ခုအား မှီငြမ်းထားသည့်လက်ရာများ (ဥပမာ ‘90fied’ ရုပ်ပုံ) နှင့် များစွာသော OER များကို ရောမွှေပေါင်းစပ်ထားသေ (သို့) ပေါင်းစပ်ဖန်တီးထားသော မှီငြမ်းလက်ရာများ (ဥပမာ အစောပိုင်းကမြင်တွေ့ခဲ့ရသည့် smoothie ဖျော်ရည်) နှစ်ခုလုံးအတွက် အသုံးပြုနိုင်သော လိုင်စင်များကို ဤအခန်းတွင် အသေးစိတ် လေ့လာသွားမည်ဖြစ်သည်။ သင်၏ မှီငြမ်းလက်ရာများတွင် စာပေနှင့်အနုပညာမူပိုင်ခွင့် လိုင်စင်ချပေးရန် မည်သည့် ရွေးချယ်စရာများ ရှိသနည်း။ သင်၏ မှီငြမ်းလက်ရာကို ဖန်တီးစဉ် အသုံးပြုခဲ့သော မူလလက်ရာ(များ)မှ အစိတ်အပိုင်းများအား ပြန်လည်အသုံးပြုမှုအပေါ် မူလလိုင်စင်(များ)က ဆက်လက်သက်ရောက်နေမည် ဖြစ်သည်။ သင်၏ မှီငြမ်းလက်ရာတွင်ရှိသည့် သင်၏အခွင့်အရေးများက သင့်ကိုယ်ပိုင် ဖန်တီးမှုများနှင့်သာ သက်ဆိုင်ပါသည်။

အောက်ပါ မှီငြမ်းပြုပြင် သူလိုင်စင်ပြဇယား (Adapters Licence Chart) အား လေ့လာကြပါစို့။ ဇယား၏ဘယ်ဘက် ် ကော်လံသည် မူ လလက်ရာ၏အခြေအနေအားဖော်ပြသည်။ ဇယားအသုံးပြုရာတွင် သင် မှီငြမ်းသည့်လက်ရာ၏ မူလလက်ရာအား သက်ရောက်နေသည့် လိုင်စင်ကို ရွေးချယ်ရမည်ဖြစ်သည်။ ရင်းမြစ်တစ်ခုထက်ပိုကာ ပေါင်းစပ်ရသော အခြေအနေများတွင် (ဥပမာ အထက်တွင်ပါရှိသော smoothie ဖျော်ရည်) သဟဇာတမဖြစ်သော ရင်းမြစ်များကို မပေါင်းစပ်မိရေး သေချာစေရန် အထက်တွင်ပါရှိသော ပေါင်းစပ်ဖန်တီးဖန်တီးခြင်းဇယားကွက်အား သင်သည်အသုံးပြုပြီးဖြစ်နေလိမ့်မည်။ ဆိုလိုသည်မှာ သင်ဖန်တီးလိုက်သော ရင်းမြစ်အသစ်အား မည်သို့လိုင်စင်တင်နိုင်သည်ကို စစ်ဆေးရန် ပေါင်းစပ်ထားသည့်လက်ရာထဲမှ အတင်းကျပ်ဆုံးလိုင်စင်ကို လေ့လာသုံးသပ် သင့်ပါသည်။

ဇယားကွက်၏ ထိပ်ဆုံးအတန်းသည် သင်၏ ့် မှီငြမ်းလက်ရာအား လိုင်စင် ချပေးရန် ရွေးချယ်စရာများကိုဖော်ပြသည်။ ဇယားကွက်ကိုယ်ထည်တွင် သင်ပေါင်းစပ်လိုသော 'မူရင်းလက်ရာ၏အခြေအနေ' (သို့) OER တွင်ပါရှိသည့် လိုင်စင် သည် သင်ပေါင်းစပ်ဖန်တီးသည့်လက်ရာသစ်အတွက် ် အသုံးပြုလိုသည့် လိုင်စင်နှင့် သဟဇာတဖြစ်မှု ရှိမရှိနှင့်စပ်လျင်းပြီး ဖြစ်နိုင်ခြေအဖြေ (၃) ခုရှိပါသည်။

  •  

    • အမှန်ခြစ်သင်္ကေတ (✔) သည် မူရင်းလက်ရာ၏အခြေအနေမှာ သင်ရွေးချယ်ထားသောလိုင်စင်အမျိုးအစားနှင့် သဟဇာတဖြစ်မှုကို ဆိုလိုပြီး - သင်၏ မှီငြမ်းလက်ရာအတွက် ၎င်းလိုင်စင်လျှောက်ထားပါက အဆင်ပြေချောမွေ့နိုင်သည်။
    • အမှားခြစ်သင်္ကေတ (✘) သည် ၎င်းလိုင်စင်အမျိုးအစားဖြင့် သင်၏ မှီငြမ်းလက်ရာအား လိုင်စင် ချပေး၍မရကြောင်းကို ဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် သင်ရွေးချယ်ထားသောလိုင်စင်အမျိုးအစားသည် OER ၏ မူရင်းလိုင်စင်နှင့် သဟဇာတမဖြစ်သောကြောင့်ဖြစ်သည်။
    • သင်၏ မှီငြမ်းလက်ရာအတွက် သီးခြားလိုင်စင်တစ်ခုလျှောက်ထားနိုင်သည့် ဥပမာအနည်းငယ်ရှိပါသည်။ သို့ရာတွင် လုပ်ဆောင်ရန်အကြံမပြုပါ။ ဤရွေးချယ်စရာများကို 'အကြုံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည် (Not recommended but technically possible) ဟု ဖော်ပြကြပါသည်။

ဇယားအား အသေးစိတ်လေ့လာကြပါစို့။

ဤဇယားကွက်အား OEPS သင်တန်း ဖြစ်သည့် Becoming an open educator အတွက် ပြသသည့်အတိုင်း ပြန်လည်ဖွဲ့စည်းထားသည်။ (အခန်း ၄.၂ ‘OER အားပေါင်းစပ်ဖန်တီးခြင်း’) မူရင်း မှီငြမ်းပြုပြင သူလိုင်စင်ပြဇယားကွက် အား Creative Commonsအမေးများသောမေးခွန်းများ မှ ရယူထားခြင်းဖြစ်ပြီး CC BY 4.0 လိုင်စင် သုံးထားပါသည်။

လိုင်စင်တွင် ဆင့်ပွားလက်ရာခွင့်မပြု (NoDerivatives) အစိတ်အပိုင်းပါဝင်သော ရင်းမြစ်များကို ပြောင်းလဲ၍မရပါ။ ဆိုလိုသည်မှာ ရင်းမြစ်တစ်ခုသည် CC BY-ND (သို့) CC BY-NC-ND ဖြင့် လိုင်စင် သုံးထားပါက ၎င်းအားပြောင်းလဲခြင်း မျှဝေခြင်းများ ပြုလုပ်၍မရပါ။ ထို့ကြောင့် ၎င်းရင်းမြစ်များအတွက် လိုင်စင်ရွေးချယ်ခွင့်မရှိဘဲ မှီငြမ်းပြုပြင် သူလိုင်စင်ရွေးချယ်ခွင့်များအားလုံးအား အမှားခြစ်ပြထားခြင်းဖြစ်သည်။

မူရင်းလိုင်စင်တွင် လိုင်စင်တစ်မျိုးတည်းဖြင့် ပြန်လည်ဝေမျှရန် (ShareAlike) ဆိုသော အစိတ်အပိုင်းပါဝင်သည့် ရင်းမြစ်များအတွက် သင်၏ မှီငြမ်းပြုပြင် ထားသည့်ရင်းမြစ်တွင် တူညီသောလိုင်စင်ကိုသာ သုံးရပါမည်။ မူလ ရင်းမြစ်သည် CC BY-SA လိုင်စင်ဖြစ်နေပါက သင်ဖန်တီးသောရင်းမြစ်အသစ်သည်လည်း CC BY-SA လိုင်စင်ဖြစ်ရမည်။ မူ လရင်းမြစ်သည် CC BY-NC-SA လိုင်စင်ဖြစ်နေပါက သင်၏ရင်းမြစ်ဗားရှင်းသည်လည်း CC BY-NC-SA လိုင်စင်ဖြစ်ရမည်။ လိုင်စင်မူကွဲ ၁.၀ နောက်ပိုင်း SA လိုင်စင်အားလုံးသည် သင်၏ မှီငြမ်းလက်ရာ တွင် လိုင်စင်တစ်မျိုးတည်း၏ နောက်ကျသော လိုင်စင်မူကွဲ ကို အသုံးပြုရန်ခွင့်ပြုသည်။ smoothie ဖျော်ရည်ကို ငှက်ပျောသီး (CC BY NC)၊ စတော်ဘယ်ရီ (အများပြည်သူပိုင်)၊ လိမ္မော်သီး (CC BY NC-SA) နှင့် နာနတ်သီး (CC BY) တို့ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုပေါင်းစပ်ဖန်တီးမှုတွင် အသုံးပြုထားသော အတင်းကျပ်ဆုံးလိုင်စင်မှာ လိမ္မော်သီး (CC BY NC-SA) ဖြစ်သည်။ ပြီးခဲ့သည့်အခန်းတွင် တွေ့ခဲ့ရသည့်အတိုင်းပင် smoothie ဖျော်ရည်တွင် လိမ္မော်သီးကို ထည့်သွင်းလိုက်ခြင်းက ပေါင်းစပ်နိုင်သော ကွဲပြားသည့် လိုင်စင်အမျိုးအစားများကို ကန့်သတ်လိုက်သည်။ ထိုဥပမာတွင် ShareAlike (SA) လိုင်စင်ရှိသော ရင်းမြစ်တစ်ခုကို ထည့်သွင်းသည့်အတွက် ယင်းက smoothie ဖျော်ရည်အတွက် သုံးနိုင်သောလိုင်စင်ကို အဆုံးအဖြတ်ပေးပါသည်။ သို့ဖြစ်၍ smoothie ဖျော်ရည်ကို လိမ္မော်သီး၏ လိုင်စင်နှင့် အတူတူဖြစ်သော CC BY NC-SA လိုင်စင် ပေးထားခြင်း ဖြစ်ပါသည်။ ShareAlike (SA) လိုင်စင်ရှိသော အချက်အလက်၊ ပစ္စည်းတစ်ခုကို အသုံးပြုလျှင် သင်၏ ပေါင်းစပ်ဖန်တီးမှုလက်ရာတွင် အဆိုပါလိုင်စင်အမျိုးအစားကို အသုံးပြုရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။

ဥပမာအားဖြင့်သင်သည် BY-SA 2.0 လက်ရာအားပေါင်းစပ်ပါကသင်မှီငြမ်းပြုပြင်ထားသည့်လက်ရာအား BY-SA 4.0 သက်ရောက်စေနိုင်သည်၊သက်ရောက်စေသင့်ပါသည်။ လိုင်စင်တစ်မျိုးတည်းဖြင့် ပြန်လည်ဝေမျှရန် (ShareAlike) ရည်ရွယ်ချက်အတွက် CC သဟဇာတဖြစ်သောလိုင်စင်များ (CC Compatible Licences) အဖြစ် သတ်မှတ်ထားသော CC မဟုတ်သောလိုင်စင်များလည်း အနည်းငယ်ရှိသည်။ အသေးစိတ်ဖတ်ရှုရန်နှိပ်ပါ

အများပြည်သူပိုင်နေရာ တွင်ရှိနေသော (သို့) CC BY (သို့) CC BY-NC လိုင်စင် သုံးထားသော သင် မှီငြမ်းလိုသည့် OER များအတွက်လည်း ရွေးချယ်ခွင့်များစွာရှိသည်။

အများပြည်သူပိုင်နေရာ တွင်ရှိနေသောအရာသည် သင်ရောက်ရှိ နေထိုင်ရာ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပေါ်မူတည်သည်။ အများပြည်သူပိုင် နေရာရှိ ရင်းမြစ်များသည် မူပိုင်ခွင့်ရယူထားခြင်း မရှိတော့ပါ။ ဖန်တီးသူများက မူပိုင်ခွင့်သက်တမ်းမကုန်ဆုံးခင် ၎င်းမူပိုင်ခွင့်အားတရားဝင်စွန့်လွှတ်ထားသော CC0 လိုင်စင် သုံးထားသည့် ရင်းမြစ်များလည်းရှိသည်။ ဆိုလိုသည်မှာ ၎င်းရင်းမြစ်သည် ယခုအခါ၌ အများပြည်သူပိုင်နေရာတွင် ရှိနေပြီဖြစ်သည်။

အများပြည်သူပိုင်ဖြစ်သော (သို့) CC0 လိုင်စင် သုံးထားသော ရင်းမြစ်များအား ပြန်လည်အသုံးပြုရာတွင် မူ လလက်ရာရှင်နှင့်ပတ်သက်သော အချက်အလက်များအား (သိရှိပါက) ဖော်ပြပေးရန်မလိုတော့ပါ။ သို့ရာတွင် အခြားသူများ မူ လလက်ရာကို ရှာနိုင်ရန်အတွက် ၎င်းအချက်အလက်များကို (သိရှိပါက) ၎င်းရင်းမြစ်၏ URL ကို တစ်ပါတည်း ထည့်သွင်းပေးသင့်ပါသည်။ သင်၏ CC0 မူကွဲအသစ် (သို့) အများပြည်သူပိုင်ရင်းမြစ်များ အတွက် မည်သည့် CC လိုင်စင်မဆို သုံးနိုင်သည်။

'အကြုံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည်' ဟုဖော်ပြထားသော မူလအစကတည်းက CC BY-NC နှင့် CC BY လိုင်စင်သုံး ထား သည့် ရင်းမြစ်များအတွက် ရွေးချယ်ခွင့်များစွာရှိသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။

သင်၏ ပေါင်းစပ်ဖန်တီးလက်ရာ (သို့) မှီငြမ်းလက်ရာတွင် ‘အကြံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည်’ ဆိုသော ဖော်ပြချက်ပါရှိသည့်လိုင်စင်ကို အသုံးပြုခြင်းသည် လိုင်စင်စည်းကမ်းချက်များကို ချိုးဖောက်ခြင်း မဟုတ်သော်လည်း သင်၏ရင်းမြစ်ကို အသုံးပြုလိုသော တခြားအသုံးပြုသူများအတွက် အခက်အခဲ ဖြစ်စေနိုင်ပါသည်။ ဥပမာအားဖြင့် သင်သည် CC BY-NC လိုင်စင် သုံးထားသောရင်းမြစ်အား ပြုပြင်ပြောင်းလဲထားပါက သင်၏ ဖန်တီးမှုအသစ်အား CC BY-NC၊ CC BY-NC-SA (သို့) CC BY-NC-ND လိုင်စင် သက်ရောက်စေခြင်းသည် ဖြစ်ရပ်တစ်ခုစီတွင် မူရင်း 'NC' အစိတ်အပိုင်းကို ရှင်းရှင်းလင်းလင်း ထိန်းသိမ်းပေးထားမည်ဖြစ်သည်။ သို့သော် 'SA' နှင့် 'ND' ဗားရှင်းများသည် မူလလိုင်စင်ထက် ပိုမိုကန့်သတ်ထားမည်ဖြစ်သည်။ ထို့ကြောင့် ဤရွေးချယ်ခွင့်အားလုံးကို ဇယားတွင်အမှန်ခြစ်ပြထားခြင်းဖြစ်သည်။ သို့ရာတွင် CC BY-NC ရင်းမြစ်အတွက် CC BY၊ CC BY-ND (သို့) CC BY-SA လိုင်စင်သုံး မည်ဆိုပါက စီးပွားဖြစ်အသုံးပြုရန် မဟုတ်ဆိုသောအပိုင်း၏ စည်းကမ်းချက်နှင့်အညီ မူ လရင်းမြစ်အား စီးပွားဖြစ်အသုံးပြုရန် ခွင့်မပြုသင့်သည့် အချက်မှာ တခြားအသုံးပြုသူများအတွက် မရှင်းလင်းပါ။ ထို့ကြောင့် ဤရွေးချယ်စရာအားလုံးကို 'အကြုံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည်' ဟု ဖော်ပြကြပါသည်။

ထို့ကြောင့် မူရင်းလိုင်စင်၏စည်းကမ်းချက်များကို အခြားသူများသိရှိစေရန် မူရင်းလိုင်စင်နှင့် သက်ဆိုင်သည့် အချက်အလက်များ ထည့်သွင်းသည်ကို သေချာစေရန်လိုအပ်သည်။ Creative Commons ၏ မှတ်ချက်အရ -

သက်ဆိုင်ရာဇယားကွက်သည် ( အကြုံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည် ) ဟု ဆိုလျှင် လိုင်စင်အသုံးပြုခြင်းကို လိုင်စင်စည်းကမ်းသတ်မှတ်ချက်များအရ သဘာတရားအားဖြင့် ခွင့်ပြုထားသော်လည်း CC က အသုံးပြုရန် အကြံမပြုပါ။ ထိုသို့အသုံးပြုပါက မှီငြမ်းလက်ရာတွင် မတူညီသောစည်းကမ်းသတ်မှတ်ချက်များရှိသည့် မူပိုင်ခွင့်တစ်ခုမက ပါရှိကြောင်းကို အထူးအလေးထားဖော်ပြသင့်သည်။ သို့မှသာ မူပိုင်ခွင့်ကိုင်ဆောင်သူအားလုံး၏ လိုင်စင်စည်းကမ်းများအား လိုက်နာရမည့် ၎င်းတို့၏ဝတ္တရားကို နောင်အခါတွင် အသုံးပြုမည့်သူများက သိရှိနိုင်မည်ဖြစ်သည်။ (Creative Commons, n.d.)

‘90field’ ဥပမာတွင် ဖော်ပြပါ ဆင့်ပွားလက်ရာက အခြေခံထားသော မူရင်းရုပ်ပုံ (Creative Commons 10th Birthday Celebration San Francisco) အား CC BY လိုင်စင် သုံးထားသည်။ မှီငြမ်းပြုပြင်သူ လိုင်စင်ပြဇယား (Adapter’s License Chart) အရ ဆိုလိုသည်မှာ သင်ထပ်ဆင့်ဖန်တီးလိုက်သောလက်ရာသစ်အား မည်သည့် CC လိုင်စင်မဆို သက်ရောက်စေနိုင်ပါသည် (သို့) CC0 အထောက်အကူကိုသုံးပြီး အများပြည်သူပိုင်နေရာအတွက် ရည်စူးနိုင်ပါသည်။ သို့ရာတွင် ဤအရင်းအမြစ်အမျိုးအစားအား အသိအမှတ်ပြုဖော်ပြရန် လိုအပ်ချက်မရှိသောကြောင့် အများပြည်သူပိုင်အဖြစ် ရည်စူး ရန် အကြံမပြုပါ။ ဆိုလိုသည်မှာ အများပြည်သူပိုင်နေရာရှိ အချက်အလက်၊ ပစ္စည်းကို အသိအမှတ်ပြုဖော်ပြရန် မလိုသည့်အတွက် ဖန်တီးမှုအသစ်ကို အသုံးပြုပြီး ပြန်လည်မျှဝေသည့်အခါ မူလရင်းမြစ် ('90fied’) နှင့်ဆိုင်သော အချက်အလက်ကို ဆုံးရှုံးနိုင်ခြေရှိပါသည်။

မည်သည့် OER ကိုအသုံးပြုသည်ဖြစ်စေ ရင်းမြစ်အားလုံးကို သင့်တင့်သောနည်းလမ်းဖြင့် အသိအမှတ်ပြုရန်လိုအပ်ပြီး ပေါင်းစပ်ဖန်တီးထားသည့် ရင်းမြစ်အားလုံးအတွက် အသိအမှတ်ပြုဖော်ပြခြင်းများ အမြဲထည့်သွင်းသင့်ပါသည်။ ထိုသို့အသိအမှတ်ပြုဖော်ပြခြင်းကို (ပြဋ္ဌာန်းစာအုပ်တစ်အုပ်ဖန်တီးနေပါက) အခန်းတစ်ခန်း၏အဆုံးတွင် (သို့) သီးခြားဖော်ပြသည့် အသိအမှတ်ပြုကျေးဇူးတင်လွှာ (သို့) ကိုးကားစာရင်းတွင် ဖော်ပြနိုင်သည်။ ၎င်းစာရင်းနမူနာများကို အောက်တွင်ပါရှိသော ကိုးကားစာရင်းကဏ္ဍတွင် လေ့လာပါမည်။

ထပ်တိုးအကိုးအကားများကဏ္ဍတွင် ပေါင်းစပ်ဖန်တီးခြင်းနှင့် အသိအမှတ်ပြုဖော်ပြခြင်းဆိုင်ရာ ရင်းမြစ် အမျိုးမျိုးကို လေ့လာနိုင်သည်။ မူရင်း မှီငြမ်းပြုပြင် သူလိုင်စင်ပြဇယားကိုလည်း ဤနေရာတွင် ကြည့်ရှုပါ

မှီငြမ်းလက်ရာလား၊ ပေါင်းစပ်ဖန်တီးထားသည့်လက်ရာလား။

ပေါင်းချုပ်များ