ပေါင်းချုပ်များ

ပေါင်းချုပ်တွင် အိန္ဒိယ ထာလီ အမယ်စုံ ထမင်းဟင်းပွဲ (thali) ကဲ့သို့ မတူညီသောလက်ရာများကို စုစည်းထားပြီး တချိန်တည်းတွင် ၎င်းတို့ကို ထူးခြားသော သီးခြားအရာများအဖြစ်လည်း စီစဉ်ထားရှိပါသည်။ ဆိုလိုသည်မှာ smoothie ဥပမာတွင်မြင်တွေ့ခဲ့ရသည့်အတိုင်း OER များကိုရောစပ်ခြင်းမဟုတ်ဘဲ ရင်းမြစ်များကို သီးခြားစီခွဲပေးထားရမည် ဆိုလိုသည်မှာ ပေါင်းချုပ်ထဲတွင် ဆင့်ပွားလက်ရာခွင့်မပြု (NoDerivatives) လိုင်စင် သုံးထားသောရင်းမြစ်များနှင့် မှီငြမ်းပြုပြင် ထားသည့်ရင်းမြစ်များကို ထည့်သွင်းနိုင်သည်။ အဘယ်ကြောင့်ဆိုသော် open liscense သုံးထားသောရင်းမြစ်များသည် သီးခြားစီရှိနေမည်ဖြစ်သောကြောင့်ပင် ။ အစောပိုင်းတွင်မှတ်သားခဲ့ရသည့်အတိုင်း ပေါင်းချုပ်တစ်ခုသည် မှီငြမ်းလက်ရာတစ်ခုမဟုတ်ပါ။

ပေါင်းချုပ်တစ်ခု၏ဥပမာသည် မတူညီသောရင်းမြစ်များမှ open license သုံးထားသော အက်ဆေးများကို အတူတကွစုစည်းထားသော စာအုပ်တစ်အုပ်လည်းဖြစ်နိုင်သည်။

အသိအမှတ်ပြုဖော်ပြခြင်းများ (Attributions) CC Thali [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] အား Beck Pitt ဖန်တီး၍ CC BY 2.0 လိုင်စင် သုံးထားပါသည်။ CC BY 2.0 ဖြင့်အသုံးပြုထားသော SteveR ၏ ‘Thali‘ (https://www.flickr.com/ photos/ git/ 3936914188/) နှင့် CC BY 4.0 ဖြင့်အသုံးပြုထားသော Creative Commons ၏ များစွာသော Creative Commons လိုင်စင်ပုံများ (https://creativecommons.org/ about/ downloads) ၏ ဆင့်ပွားလက်ရာဖြစ်သည်။ Nate Angell ၏ ‘CC TV Dinner’ ရုပ်ပုံ http://xolotl.org/ open-licensing-over-tv-dinners-and-smoothies/ အား အခြေခံသည်။

ပေါင်းချုပ်တစ်ခုထဲသို့ လက်ရာတစ်ခုပေါင်းထည့်ပါက သင့်တွင် လိုင်စင် ချပေးနိုင်သော သီးခြားစာပေနှင့်အနုပညာမူပိုင်ခွင့်တစ်ခု ရရှိလာနိုင်သည်။ သို့ရာတွင် သင်၏စာပေနှင့်အနုပညာမူပိုင်ခွင့်မှာ လက်ရာတွင် သင်အသစ်ပြုလုပ်သောအချက်များအတွက်သာ အကျုံးဝင်သည်။ ပေါင်းချုပ်တွင်မူ ပေါင်းချုပ်ထဲရှိ အမျိုးမျိုးသောလက်ရာများအား ရွေးချယ်စီစဉ်ခြင်းအတွက်သာအကျုံးဝင်ပြီး လက်ရာတစ်ခုချင်းစီအတွက် အကျုံးမဝင်ပါ။

ဥပမာ သင်သည် အခြားသူများထုတ်ဝေထားသော ရှိရင်းစွဲကဗျာများကို ရွေးချယ်ကာ ကဗျာပေါင်းချုပ် အဖြစ်ပြန်လည်စီစဉ်ပြီး နိဒါန်းရေးကာ မျက်နှာဖုံးဒီဇိုင်းရေးဆွဲနိုင်သည်။ သို့ရာတွင် သင်၏မူပိုင်ခွင့်နှင့် သင်လိုင်စင်ချပေးနိုင်သော တစ်ခုတည်းသော မူပိုင်ခွင့်မှာ ကဗျာများအား စီစဉ်ထားမှု (ကဗျာများမဟုတ်) နှင့် သင်၏ကိုယ်ပိုင်ဖြစ်သော နိဒါန်းနှင့် မျက်နှာဖုံးဒီဇိုင်းကိုသာ ဖြစ်သည်။ ထိုကဗျာများသည် လိုင်စင်ချပေး ရမည့် သင်၏ကဗျာများမဟုတ်ပါ။ သင်စုဆောင်းထားသည့် ပေါင်းချုပ်ထဲရှိ လက်ရာတစ်ခုခြင်းနှင့်ဆိုင်သော အသိအမှတ်ပြု ဖော်ပြချက်နှင့် လိုင်စင် အချက်အလက်များကိုလည်း ပေးရပါမည်။ ယင်းက အများပြည်သူကို မည်သူက မည်သည့်အရာကို ဖန်တီးပြီး တသီးတသန့်ဖြစ်သော မည်သည့် အကြောင်းအရာ၊ အချက်အလက်ကို မည်သည့်လိုင်စင်စည်းကမ်းများ သက်ရောက်မှုရှိသည်တို့နှင့် သက်ဆိုင်သည့် ၎င်းတို့နားလည်ရန်လိုသော အချက်အလက်များကို ပေးပါသည်။

အထက်ဖော်ပြပါ ထာလီ (thali) ဥပမာတွင် လိုင်စင်မတူညီသောရင်းမြစ်များကို ပေါင်းစပ်ဖန်တီးထားပါသည်။ Public Domain၊ CC BY၊ CC BY-SA၊ CC BY-ND၊ CC BY-NC-SA နှင့် CC BY-NC-ND ထိုကဗျာပေါင်းချုပ်အတွက် မည်သည့်လိုင်စင် သုံးနိုင်သနည်း။ ND လိုင်စင် သုံးထားသောရင်းမြစ်များပါဝင်သော်လည်း ၎င်းတို့သည် ပေါင်းချုပ်တစ်ခု၏ လိုင်စင်အားလုံးအပေါ် သက်ရောက်မှုမရှိသည်ကို မှတ်သားရန်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ပေါင်းချုပ်တစ်ခုတွင် ရင်းမြစ်အားလုံးသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းခြင်းမရှိဘဲ သီးသန့်စီရှိနေကြသည်။ ပါဝင်သောရင်းမြစ်တစ်ခုချင်းစီအား ကျွန်ုပ်တို့မှ ပြောင်းလဲမှုများပြုလုပ်နိုင်သော်လည်း ၎င်းတို့သည် သီးခြားဖြစ်နေမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် OER အစိတ်အပိုင်းနှင့်သက်ဆိုင်သော ပြုပြင်ပြောင်းလဲမှုများကိုသာ အသိအမှတ်ပြုမည်ဖြစ်သည်။

ထာလီ (thali) ပေါင်းချုပ်တွင် SA နှင့် NC လိုင်စင်သုံးထားသောရင်းမြစ် နှစ်ခုစလုံးလည်း ပါဝင်ပါသည်။ ၎င်းသည် ပေါင်းစပ်ဖန်တီးခြင်းမဟုတ်ဘဲ စုစည်းမှုပေါင်းချုပ်တစ်ခုဖြစ်သောကြောင့် ယင်းစုစည်းမှုအား လိုင်စင်တင်မည့်အပေါ်တွင် SA ကန့်သတ်ချက်များက သက်ရောက်မှုမရှိပါ - သီးခြားဖြစ်နေသော ရင်းမြစ် တစ်ခုချင်းသို့ပြုလုပ်သော မှီငြမ်းမှုများအတွက်သာ သက်ရောက်ပါသည်။ သို့ရာတွင် ပေါင်းချုပ်တစ်ခု (အထက်ပါ ထာလီ ဥပမာမှာကဲ့သို့) ထဲသို့ စီးပွားဖြစ်အသုံးပြုခြင်းခွင့်မပြု (NonCommercial) လိုင်စင် သုံးထားသောလက်ရာအား ပေါင်းထည့်ပါက ယင်းပေါင်းချုပ်ကို စီးပွားဖြစ်သုံးနိုင်မည် မဟုတ်ပေ။ စီးပွားဖြစ် အသုံးမပြုသင့်ကြောင်း တခြားသူများ ရှင်းရှင်းလင်းလင်း သိရှိစေရပါမည်။ ထိုသို့လုပ်ဆောင်ရန် နည်းအမျိုးမျိုးသုံးနိုင်ပါသည်။ ဥပမာ ပေါင်းချုပ်အတွက် စီးပွားဖြစ်အသုံးပြုခြင်းခွင့်မပြု (Non-Commercial) လိုင်စင် သုံးနိုင်သည်။ ယင်းက အသုံးပြုရန် အလားအလာရှိသူများကို ပေါင်းချုပ်ကို စီးပွားဖြစ် အသုံးမပြုသင့်ကြောင့် ရှင်းလင်းစွာ ညွှန်ပြပါလိမ့်မည်။

သို့မဟုတ်လျှင်လည်း သင်၏ပေါင်းချုပ်အတွက် တခြားလိုင်စင် (ဥပမာ CC BY) ကို သုံးလိုကသုံးနိုင်သည် သို့သော် ပေါင်းချုပ်တွင် စီးပွားဖြစ်အသုံးပြုခြင်း ခွင့်မပြုသောလိုင်စင်ရှိသည့် ရင်းမြစ်များပါဝင်ကြောင်း ရှင်းလင်းစွာ ညွှန်ပြရမည်။ ယင်းက အသိအမှတ်ပြု ဖော်ပြချက်နှင့် မသက်ဆိုင်ကြောင်း ရှင်းလင်းချက်တွင် ထပ်မံဖြည့်စွက်လိုက်သည့် ပုံစံတစ်မျိုး ဖြစ်နိုင်ပါသည်။ အဆိုပါ အချက်အလက်ကို ပွင့်လင်းစွာ ထည့်သွင်းထားခြင်းဖြင့် သင်၏ပေါင်းချုပ်တွင် စီးပွားဖြစ်မဟုတ်သော ကိစ္စရပ်များအတွက်သာ အသုံးပြုနိုင်သော အချက်အလက်၊ ပစ္စည်းများ ပါဝင်ကြောင်း အသုံးပြုသူများအတွက် အလွန်ရှင်းလင်းစေမည် ဖြစ်သည်။

၎င်းရင်းမြစ်အမျိုးအစားများအား မည်သို့အသိအမှတ်ပြုဖော်ပြရမည်ကို အသေးစိတ်လေ့လာပါမည်။

မှီငြမ်းလက်ရာအား မည်သို့ အသိအမှတ်ပြုဖော်ပြသင့်သနည်း။

ရည်ညွှန်းဖော်ပြခြင်း