သင်၏ကိုယ်ပိုင်လေ့ကျင့်မှုများ

OER ဖန်တီးရာတွင် (သို့) လက်ရာအား မှီငြမ်းရာတွင် သင်၏လက်ရာအာ ပိုမိုထိန်းချုပ်မှုရှိသောလိုင်စင် သက်ရောက်စေရန် သင့်တော်မည်လားဆိုသည်ကို စဉ်းစားသင့်ပါသည်။ ယခု ယူနစ်၏အစောပိုင်းတွင်ပါရှိသော '90fied' ဓာတ်ပုံကိုစဉ်းစားကြည့်ပါ။ ယင်းမှီငြမ်းလက်ရာသည် CC BY 2.0 လိုင်စင်ရှိသော ‘Creative Commons 10th Birthday Celebration San Francisco’ ဓာတ်ပုံကို အခြေခံထားခြင်း ဖြစ်သည်။ ‘90fied’ မှီငြမ်းလက်ရာအား လိုင်စင်ချပေးသည့်အခါ ပိုမိုထိန်းချုပ်မှုရှိသောလိုင်စင် သက်ရောက်စေရန် ခွင့်ပြုထားပါသည်။ သို့ရာတွင် ပိုမိုထိန်းချုပ်မှုရှိသောလိုင်စင်သက်ရောက်စေခြင်းသည် လွတ်လပ်စွာ ရယူသုံးစွဲစေလိုသည့် (သို့) မူလလိုင်စင်ကို အသုံးပြုစေလိုသည့် ရည်ရွယ်ချက်ကြောင့်ဟုတ်ပါသလား။ အခြေအနေအားလုံးတွင် ပြန်လည်အသုံးပြုစေချင်ပါက ကျွန်ုပ်တို့ပြုပြင်ထားသည့်ရင်းမြစ်ဗားရှင်းအား CC BY ဖြင့်လည်း လိုင်စင် ချထားသင့်သည်။

အခြားသူက သင်၏ရင်းမြစ်ဗားရှင်းအသစ်အား ပြန်လည်အသုံးပြုရာတွင် မည်မျှလွယ်ကူစေမည်နည်းဆိုသည်ကိုလည်း စဉ်းစားရန်လိုအပ်သည်။ အခြားသူများအားကူညီနိုင်ရန် သင်မှီငြမ်းပြုပြင် ထားသော OER များအား ‘အကြုံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည် (Not recommended but technically possible)’ ဟုဖော်ပြထားသော လိုင်စင်များ သုံးခြင်းမှ ရှောင်ကျဉ်ပါ။

အခန်း ၅.၂ တွင်မြင်တွေ့ခဲ့ရသည့်အတိုင်း သင်၏ရင်းမြစ်အား ဖွဲ့စည်းမှုပုံစံ (format) အမျိုးမျိုးနှင့် ပလက်ဖောင်း (platform) အမျိုးမျိုးပေါ်တွင် ရရှိနိုင်ရေး ဆောင်ရွက်ရန် စဉ်းစားသင့်ပါသည်။ သို့မှသာ လူများက ပိုမိုလွယ်ကူစွာ အသုံးပြုလာနိုင်မည်ဖြစ်သည်။

ရည်ညွှန်းဖော်ပြခြင်း

နောက်ဆုံးမှတ်ချက်