မိတ်ဆက်
လွတ်လပ်စွာ ရယူအသုံးပြုနိုင်ခြင်း (Open Access - OA) ဆိုသည်မှာ သုတေသန ရေးသားလုပ်ဆောင်မှုများကို အခမဲ့ သို့မဟုတ် အခြားကန့်သတ်ချက်များမရှိဘဲ အွန်လိုင်းတွင် ဖြန့်ဖြူးသော ကျင့်ကြံလုပ်ဆောင်မှု အမျိုးမျိုးနှင့် အခြေခံမူများ ဖြစ်ပါသည် (Open Access, Wikipedia)။ ရယူအသုံးပြုခွင့်ပေးသောလိုင်စင် (open licence) ဖြင့်ရရှိနိုင်ပြီး အသုံးပြုရန် အသင့်ဖြစ်ချိန်တွင် သုံးစွဲသူများအတွက် အခမဲ့ဖြစ်သည်။
လွတ်လပ်စွာ ရယူသုံးစွဲနိုင်သော (open access) သုတေသနသည် သိပ္ပံပညာရပ်နှင့် ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းတို့ကို ပျံ့နှံ့စေရာတွင် အသုံးပြုသော လက်ရှိ ့ 'အပိတ်' စနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းအပိတ်စနစ်တွင် ဂျာနယ် ရယူသုံးစွဲခွင့်အတွက် အခကြေးငွေပေးနိုင်သော ကျောင်းများသာ သုတေသနစာတမ်းများကို ရရှိနိုင်ပြီး သုတေသနစာတမ်းများသည် ဈေးကြီးကာ အခကြေးငွေပေးသူများကိုသာ အသုံးပြုခွင့်ပေးသည့် ဝက်ဘ်ဆိုက်စနစ်များ၏ နောက်ဘက်တွင် ရှိပါသည်။ ဆိုလိုသည်မှာ အကြောင်းအရာ၊ အချက်အလက်များကို များစွာသော ကမ္ဘာတစ်ဝန်းရှိပညာ ရှင်များ (သို့) ပညာရေးနယ်ပယ်၌အလုပ်မလုပ်သောသူများက ရယူသုံးစွဲခြင်းမပြုနိုင်ပါ။ ထိုအချက်သည် စိတ်ကူးစိတ်သန်းများနှင့်တီထွင်ဆန်းသစ်မှုများ၏ တိုးတက်မှုအမြန်နှုန်းအပေါ် သက်ရောက်စေနိုင်သည်။
ဤသင်ခန်းစာတွင် လွတ်လပ်စွာ ရယူသုံးစွဲနိုင်သော (open access) ထုတ်ဝေဖော်ပြခြင်းအကြောင်းအားလေ့လာသွားမည်ဖြစ်ပါသည်။ ၎င်းသည် အဆင့်မြင့် လေ့လာသင်ယူမှုများအား အခမဲ့ရယူသုံးစွဲနိုင်စေရန်ရည်ရွယ်ပြီး တက္ကသိုလ်များနှင့် ကောလိပ်များအနေဖြင့် ကျောင်းသားများနှင့် ဆရာများထံ ခေတ်နှင့်အညီဖြစ်သော ရင်းမြစ်များနှင့် သုတေသနများကို အခမဲ့ထောက်ပံ့ပေးနိုင်သော အလားအလာ ကို ပေးပါသည်။ အပြန်အလှန်အားဖြင့် လွတ်လပ်စွာ ရယူသုံးစွဲနိုင်စေသော (open access) ဂျာနယ်များနှင့် အင်တာနက် မော်ကွန်းတိုက်များ (repositories) သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များကို ၎င်းတို့၏သုတေသနများအား ပိုကျယ်ပြန်သည့်နိုင်ငံတကာမှစာဖတ်သူများထံ ပြသရန် အခွင့်အလမ်းများကိုလည်း ပေး ပါသည်။
လွတ်လပ်စွာ ရယူသုံးစွဲနိုင်ခြင်း (open access) ၏ဖြစ်နိုင်ခြေများကိုစူးစမ်းရှာဖွေရန် တက္ကသိုလ်တစ်ခုအား ကျွန်ုပ်တို့မည်သို့ပံ့ပိုးနိုင်သည်ကို အသေးစိတ်လေ့လာကြပါစို့။
၆.၁ အဆင့်မြင့် လေ့လာသင်ယူမှုအား လွတ်လပ်စွာ လက်လှမ်းမီစေခြင်း
