လွတ်လပ်စွာ ရယူအသုံးပြုနိုင်မှု (Open access) ဆိုင်ရာရွေးချယ်စရာများ

Open access လက်ရာရှင်များသည် နည်းလမ်းအနည်းငယ်ဖြင့် ထုတ်ဝေခွင့်များရရှိကြပြီး အသုံးအများဆုံးမှာ ‘အစိမ်းရောင်(green)’ နှင့် ‘ရွှေရောင်(gold)’ open access များဖြစ်သည်။

အစိမ်းရောင် OA (Green OA)

ဆိုလိုသည်မှာ စာမူ၏မူကွဲ (ဗားရှင်း) တစ်မျိုးအား မော်ကွန်းတိုက်တစ်ခု(repository) တွင် အခမဲ့ လွတ်လပ်စွာရယူသုံးစွဲနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းကို ကိုယ်တိုင်သိမ်းဆည်းခြင်းဟုလည်း လူသိများပါသည်။

အစိမ်းရောင် OA ၏နမူနာတစ်ခုမှာ တက္ကသိုလ်သုတေသန မော်ကွန်းတိုက် ဖြစ်သည်။ မြန်မာနိုင်ငံတွင် EIFL နှင့် ဂျပန်နိုင်ငံမှ National Institute of Informatics ၏ ပံ့ပိုးကူညီမှုဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီ၏ စီမံကိန်းဖြစ်သော မြန်မာ့ပညာရေးသုတေသနနှင့် လေ့လာသင်ယူရေး ပေါ်တယ် (MERAL) က သုတေသန စာစောင်စာတမ်းများ (နိုင်ငံတကာနှင့် ပြည်တွင်းဂျာနယ်များ၊ ဘွဲ့အတွက် တင်သွင်းသောကျမ်းများ၊ ဆွေးနွေးပွဲစာတမ်းများ စသဖြင့်) ကို လွတ်လပ်စွာ အခမဲ့ ရယူနိုင်စေပါသည်။ နောက်ထပ်ဥပမာတစ်ခုမှာ The Open University ၏ Open Research Online [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] (ORO) ဖြစ်ပါသည်။

တစ်ခါတစ်ရံတွင် သုတေသနပညာရှင်များသည် အခြားပညာရှင်များ၏ ဆန်းစစ်အကဲဖြတ်ခြင်း (သို့) ဂျာနယ်တွင် ပုံနှိပ် ဖော်ပြခြင်း မပြုလုပ်ရသေးသော ၎င်းတို့၏ စာမူကြမ်းဖြစ်သည့် ကနဦးမူကို အများပြည်သူ ရယူအသုံးပြုနိုင်ရန် ဆောင်ရွက်ပါလိမ့်မည် ။ ကနဦးမူများကို Open license တစ်ခုဖြင့် မကြာခဏ ရယူနိုင်ပြီး အခကြေးငွေဖြင့်မှတ်ပုံတင်ထားသူများသာ ရယူနိုင်သော (သို့) တားမြစ်ကာလနောက်ပိုင်းမှသာ ရယူနိုင်သည့် ‘ပိတ်ထားသော’ ဂျာနယ်စာတမ်းများ၊ ဘွဲ့အတွင်တင်သွင်းသော ကျမ်းများနှင့် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် သုံးထားသော ထုတ်ဝေပြီး ဂျာနယ်ဆောင်းပါးများနှင့်အတူ တက္ကသိုလ်ကျောင်းများရှိ မော်ကွန်းတိုက်များတွင်လည်း တွေ့နိုင်ပါသည်။

ရွှေရောင် OA (Gold OA)

ဆိုလိုသည်မှာ ထုတ်ဝေသူမှ ထုတ်ဝေပြီးပြီးချင်း စာမူ၏နောက်ဆုံးမူ အား လွတ်လပ်စွာရယူနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။ များသောအားဖြင့် open access ဂျာနယ်တစ်စောင်တွင် ဖော်ပြပြီးနောက် ဆောင်းပါးအား open licence ဖြင့်ရရှိစေရန် ဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ဆောင်လေ့ရှိသည်။ ရွှေရောင် OA ဂျာနယ်ထုတ်ဝေသည့် အဖွဲ့အစည်းတစ်ခု၏ နမူနာမှာ PLOS ဖြစ်သည်။

လက်ရာရှင်မှ (က) အများပြည်သူလွတ်လပ်စွာအသုံးပြုနိုင်စေရန် အင်တာနက်ပေါ်တွင် ဆောင်းပါးထုတ်ဝေခြင်းနှင့် (ခ) ဆောင်းပါးမူပိုင်ခွင့်အားထိန်းသိမ်းခြင်း တို့ကို ပြုလုပ်လိုသည့်အခါ ဆောင်းပါးထုတ်ဝေခြင်းဆိုင်ရာဝန်ဆောင်ခ (Article Processing Charge - APC) ကို open access ဂျာနယ်အချို့က ကောက်ခံပါသည်။ APC နှုန်းထားများသည် ဆောင်းပါးတစ်ပုဒ်လျှင် ဒေါ်လာရာဂဏန်းမှ ဒေါ်လာထောင်ချီသည်အထိ အမျိုးမျိုးကွဲပြားပါသည်။ APC များအကြောင်းကို ဝီကီပီးဒီးယား(Wikipedia) တွင် အသေးစိတ်ဖတ်ရှုရန်

ဂျာနယ်များ၏ မတူညီသောပုံစံ များ

မြန်မာနိုင်ငံတွင်လွတ်လပ်စွာ ရယူအသုံးပြုနိုင်ခြင်း (open access)