သင်၏ကိုယ်ပိုင်အလေ့အကျင့်

အမျိုးမျိုးသော open access ဂျာနယ်များကို Open Access ဂျာနယ်များ လမ်းညွှန်(DOAJ) [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] မှတစ်ဆင့် ရှာဖွေနိုင်ပါသည်။ ယင်းတို့ထဲမှအချို့အား သင်၏လုပ်ဖော်ကိုင်ဖက်များနှင့် ဝေမျှနိုင်ပါသလား။ သို့မဟုတ် စာကြည့်တိုက်ရှိ ဘာသာရပ်တစ်ခုအတွက် ရွေးချယ်မှုတစ်ခုကို အဓိကထားပြသနိုင်ပါသလား။

အစောပိုင်းတွင် open license သုံးထားသော ရင်းမြစ်များအား အကဲဖြတ်ခြင်းကို လေ့လာခဲ့သည်။ ထိုနည်းတူစွာ သုတေသနအား ထုတ်ဝေရန်နေရာကို မဆုံးဖြတ်ခင် ဂျာနယ်အမျိုးမျိုးကို အကဲဖြတ်ဆန်းစစ်သင့်သည်။ သင်က ် စာကြည့်တိုက်မှူးတစ်ဦးဖြစ်ပါက သင်၏လုပ်ဖော်ကိုင်ဖက်များအား ထုတ်ဝေရန်နေရာကို မဆုံးဖြတ်ခင် စဉ်းစားရမည့်အချက်များကို အကြံဉာဏ်ပေးနိုင်သည်။ ရှေ့တွင်မြင်တွေ့ခဲ့သည့်အတိုင်း မူပိုင်ခွင့်လွှဲပြောင်းသည့်လက်ရာရှင်များသည် ၎င်းတို့၏သုတေသနအား ၎င်းတို့၏ကိုယ်ပိုင် အင်တာနက်စာမျက်နှာပေါ် တင်ခွင့်ကို ဆုံးရှုံး နိုင်ပါသည်။ စဉ်းစား၊ စိစစ်၊ တင်သွင်း စစ်ဆေးစာရင်း သည် သုတေသနအား မည်သည့်ဂျာနယ်မဆိုထံ မတင်သွင်းခင် ထည့်သွင်းစဉ်းစားရမည့် အရေးကြီးသောအချက်များကို ဖော်ပြထားသော အသုံးဝင်သည့်စာရင်းဖြစ်သည်။ ဂျာနယ်တစ်စောင်အား မည်မျှ လွတ်လပ်သလဲ ဆိုသည်ကို ဆန်းစစ်ရာတွင် ကူညီပေးနိုင်သည့် HowOpenIsIt? ကဲ့သို့ အထောက်အကူများလည်းရှိပါသည်။ ၎င်းတို့၏ သုတေသနကိုထုတ်ဝေရန် စိတ်ပါဝင်စားနိုင်သော လုပ်ဖော်ကိုင်ဖက်များနှင့် ယင်းရင်းမြစ်များအား ဝေမျှရန် စဉ်းစားနိုင်ပါသည်။ သင်က သင်၏တက္ကသိုလ်ဂျာနယ်အား ထုတ်ဝေပါက လက်ရှိတွင် သုတေသနစာတမ်းများအတွက် မည်သည့်လိုင်စင်(များ) အသုံးပြုပါသလဲ။ သုတေသနအား အခြားသူများနှင့်မည်သို့ဝေမျှပါသလဲ။

အချို့တက္ကသိုလ်များတွင် အခမဲ့ ရယူအသုံးပြုနိုင်စေသော (open access) ထုတ်ဝေခြင်းဆိုင်ရာမူဝါဒများရှိပါသည်။ ၎င်းတို့၏ တက္ကသိုလ် (သို့) အဖွဲ့အစည်း အတွက် လွတ်လပ်စွာ ရယူအသုံးပြုနိုင်ရေး (open access) မူဝါဒတစ်ခု း ဖော်ထုတ်ရန် စိတ်ပါဝင်စားသော တက္ကသိုလ်စာကြည့်တိုက်မှူးများအတွက် ဟားဗတ်တက္ကသိုလ်၏ Open Access Project က toolkitတစ်ခုဖန်တီးထားပါသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က ယင်း၏ မူဝါဒများကို ချမှတ်သည့်အခါ အဆိုပါ မူဝါဒ ဖော်ပြပုံ၊ အသုံးအနှုန်းများကို ပြန်လည်အသုံးပြုပါသည်။ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နှင့် ရန်ကုန် စီးပွားရေးတက္ကသိုလ်တို့တွင်လည်း လွတ်လပ်စွာ ရယူအသုံးပြုနိုင်ရေး (open access) မူဝါဒများရှိပြီး MERAL တွင် ပါဝင်သော အခြားတက္ကသိုလ်များက မူကြမ်းများ ရေးဆွဲလျက် ရှိပါသည်။

မတူကွဲပြား သည့်ထုတ်ဝေခြင်း ဆိုင်ရာ ရွေးချယ်စရာများက စာဖတ်သူများနှင့် ၎င်းတို့၏ လက်ရာ၏ဂုဏ်သိက္ခာအပေါ် သက်ရောက်ပုံအား ဆရာများနားလည်လာစေရန်လည်း စာကြည့်တိုက်မှူးများက ကူညီနိုင်ပါသည်။ ဂျာနယ်တစ်စောင်၏ ပျမ်းမျှကိုးကားမှု ှ အကြိမ်ရေဖြင့်တိုင်းတာသော သက်ရောက်မှုပြကိန်းသည် ဂျာနယ်တစ်စောင် (သို့) စာအုပ်တစ်အုပ်၏ ထင်ရှားကျော်ကြား မှုအား အဓိကတိုင်းတာမှုတစ်ခုဖြစ်သည်။ သက်ရောက်မှုပြကိန်းများသည် ဂျာနယ်တစ်စောင်၏အရေးပါမှုအတွက် စိတ်ချရသောတိုင်းတာမှုများမဟုတ်သောကြောင့် Nature ကဲ့သို့ ထုတ်ဝေသူများသည် ဂျာနယ်များအတွက် သက်ရောက်မှုပြကိန်း၏ အရေးပါမှုအား ပြည်လည်ဆန်းစစ်နေကြပါသည်။ သမားရိုးကျတိုင်းတာမှုများအပြင် သက်ရောက်မှုနှင့်ပတ်သက်ပြီး အခြားသောတွေးခေါ် ပုံတစ်ခု အား ပေးနိုင်ရန် altmetrics ကဲ့သို့စနစ်များအား လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေသော (open access) ပညာရှင်များအများအပြားမှ အားပေး ကြသည်။ ၂၀၁၇ ခုနှစ်တွင် 1science မှထုတ်ပြန်သည့် အစီရင်ခံစာအရ ပျမ်းမျှအားဖြင့် လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော (open access) ဆောင်းပါးများက အခမဲ့ အသုံးမပြုနိုင်ရန် တင်းကြပ်စွာတားမြစ်ထားသော ဆောင်းပါးများထက် ် ၅၀ ရာခိုင်နှုန်းပိုမြင့်မားသော သုတေသန သက်ရောက်မှုကို ပေါ်ထွက်စေကြောင်း သိရှိရသည်။ လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေခြင်း (open access) ၏အကျိုးကျေးဇူးများအကြောင်းကို နောက်ဆက်တွဲ အရင်းအမြစ်များ အပိုင်းတွင်ပိုလေ့လာနိုင်သည်။

လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေသော (Open access) ထုတ်ဝေခြင်းသည် သင်၏သုတေသနတွင် ပ လွတ်လပ်စွာ ဆောင်ရွက်နိုင်သောနည်းလမ်းတစ်ခုဖြစ်သည်။ လွတ်လပ်စွာ ပူးပေါင်းပါဝင်ကာ မျှဝေနိုင်သော သိပ္ပံပညာ (open science) နှင့် လွတ်လပ်စွာပူးပေါင်းပါဝင်ကာ မျှဝေနိုင်သော သုတေသန (open research) အကြောင်းကိုပိုသိရှိရန် နောက်ဆက်တွဲ အရင်းအမြစ်များ အ ခန်းအား ကြည့်ရှုရန်

မြန်မာနိုင်ငံတွင်လွတ်လပ်စွာ ရယူအသုံးပြုနိုင်ခြင်း (open access)

နောက်ဆုံးမှတ်ချက်