နောက်ဆုံးမှတ်ချက်

တက္ကသိုလ်များသည် သိပ္ပံနည်းကျသုတေသနများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေပြီး ပညာရပ်ဆိုင်ရာ ထုတ်ဝေခြင်းသည် တွေ့ရှိချက်များအား လုပ်ဖော်ကိုင်ဖက်များနှင့် အများပြည်သူတို့နှင့် ဖလှယ်ဖို့ရာအတွက် အဓိကနည်းလမ်းတစ်ခုဖြစ်သည်။ အဖွဲ့အစည်းများအတွင်း အသိပညာဗဟုသုတများအား စုစည်းစီစဉ်သူများအဖြစ် ့် စာကြည့်တိုက်မှူးများသည် သတင်းအချက်အလက်များ လက်လှမ်းမီခြင်းကို မြှင့်တင် ရန် တက္ကသိုလ်မှ သုတေသီများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။ အခြားအိုင်စီတီနှင့် နည်းပညာဆိုင်ရာဝန်ထမ်းများသည်လည်း သင်၏တက္ကသိုလ်တွင် ယင်းဆွေးနွေးမှုပုံစံများကို ပံ့ပိုးပေးနိုင်ပါသည်။ open access ၏ ‘အလုပ်လုပ်ပုံ ’နှင့်‘အကြောင်းရင်း’များအား အသိအပညာပေးခြင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်ပတ်သက်သည့်မေးခွန်းများအား ဖြေဆိုခြင်း၊ သက်ဆိုင်ရာနယ်ပယ်များမှ ပညာရပ်ဆိုင်ရာ ထုတ်ဝေမှုများ၏ ပေါက်ရောက်မှုနှင့် သက်ရောက်မှုများ မြင့်မားလာစေရေး လမ်းညွှန်ချက်များနှင့် အကြံပြုချက်များပေးခြင်းတို့ဖြင့် ပံ့ပိုးနိုင်ပါသည်။ သင့်ကိုကူညီပံ့ပိုးရန် နောက်ထပ်ရင်းမြစ်များအား နောက်ဆက်တွဲ အရင်းအမြစ်များ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)]   အခန်းတွင် တွေ့ရှိနိုင်သည်။

သင်၏ကိုယ်ပိုင်အလေ့အကျင့်

၆.၂ သင်၏တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်းအား လွတ်လပ်စွာ လက်လှမ်းမီစေ ခြင်း