၆.၂ သင်၏တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်းအား လွတ်လပ်စွာ လက်လှမ်းမီစေ ခြင်း

Visual Thinkery မှ စီစဉ်ဖန်တီးခဲ့သော ‘License to share_my [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ' သည် UK Aid က ရန်ပုံငွေထောက်ပံ့သော SPHEIR အစီအစဉ် (spheir.org.uk) ၏အစိတ်အပိုင်းတစ်ခုဖြစ်သော TIDE စီမံကိန်းအတွက်ဖြစ်ပြီး CC BY 2.0 လိုင်စင် သုံးထားပါသည်။

ဤ အခန်း တွင် လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော အကြောင်းအရာ၊ အချက်အလက် (open content) မျာကို အသုံးပြုရာ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မည်သို့ကူညီနိုင်သည်ကို လေ့လာမည်ဖြစ်သည်။ သင်၏ပညာရေးအဖွဲ့အစည်းမှ လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော ပညာရေးဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များ ၊ အလေ့အကျင့်များနှင့် အသိုင်းအဝိုင်းတို့အား ပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကိုလည်း လေ့လာသွားမည်ဖြစ်သည်။

သင်ယူမှုရလဒ်များ

ဤ အခန်း ကိုလေ့လာပြီးပါက အသစ်ပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် OER တို့အား သင်၏ တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်း၌ သိရှိလာရေးအတွက် ဆောက်ရွက်လိုသော နည်းလမ်း အမျိုးမျိုးကို စဉ်းစားမိလာမည်ဖြစ်သည်။

ပြန်လည်သုံးသပ်ချက်

သင်၏တက္ကသိုလ် သို့မဟုတ် ကောလိပ်သည် အသစ်ပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအတွက် အသင့်ဖြစ်နေပြီလား။

သင်၏တက္ကသိုလ်တွင် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် (open license) ရှိသောရင်းမြစ်များက သင့်တော်သည်ဟုထင်ပါသလား။ သင့်တော်လျှင် ၎င်းတို့အား သုံးစွဲမှုကို သင်မည်သို့ပံ့ပိုးနိုင်သလဲ။ မည်သည့်အကျိုးကျေးဇူးများရရှိလာနိုင်သလဲ။

နောက်ဆုံးမှတ်ချက်

မိတ်ဆက်