၆.၂ သင်၏တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်းအား လွတ်လပ်စွာ လက်လှမ်းမီစေခြင်း

အဖွဲ့အစည်းဆိုင်ရာမူဝါဒများ

သင်၏အဖွဲ့အစည်းအတွက် အခမဲ့လွတ်လပ်သည့် ရယူအသုံးပြုမှုဆိုင်ရာ မူဝါဒ (open policy) တစ်ခုရေးဆွဲရန် OER Policy Development Tool [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] အား ခွင့်ပြုချက်ရလျှင် ရယူအသုံးပြုနိုင်ပါသည်။ OER Policy Registry နိုင်ငံတကာဆိုင်ရာ နှင့် မြောက်အမေရိက OER မူဝါဒများနှင့် စီမံကိန်းများ တွင် အခြားသူများဖန်တီးထားခဲ့သော အခမဲ့လွတ်လပ်သည့် ရယူအသုံးပြုမှုဆိုင်ရာ မူဝါဒနမူနာများကို ရှာကြည့်နိုင်ပါသည်။ နိုင်ငံအလိုက်၊ ဒေသဆိုင်ရာအလိုက်နှင့် အဖွဲ့အစည်းအလိုက် OER မူဝါဒများအား OER World Mapတွင်လည်း ကြည့်ရှုနိုင်ပါသည်။

နယူးဇီလန်ရှိ Creative Commons ဆိုင်ရာ မူဝါဒတစ်ခုအရ ဆရာ၊ ဆရာမများသည် ၎င်းတို့၏လက်ရာအရင်းအမြစ်များအား အင်တာနက်ပေါ်တွင် ပြန်လည် မျှဝေခြင်းနှင့်ပြန်လည်အသုံးပြုခြင်းတို့ပြုလုပ်ရန်အတွက် ကြိုတင်ခွင့်ပြုချက်ရရှိကြပါသည်။ ယင်းမူဝါဒသည် နယူးဇီလန်မှ ဆရာဆရာမများက ၎င်းတို့၏အလုပ်တာဝန်ထမ်းဆောင်ချိန်အတွင်း ဖန်တီးထားသော လက်ရာအရင်းအမြစ်များကို ထိုကျောင်းနှင့်ဆရာ၊ ဆရာမများ အပြင် နိုင်ငံအနှံနှင့် ကမ္ဘာတစ်ဝန်းရှိ ဆရာ၊ ဆရာမများ အားလုံးကိုပါ ဆက်လက်အသုံးပြုခွင့်နှင့် မှီငြမ်းပြုပြင် ခွင့်ပေးထားပါသည်။ Creative Commons NZသည် ကျောင်းများက ် မှီငြမ်းရန် ရှင်းလင်းချက်များထည့်သွင်းထားသည့် အသင့်သုံး မူဝါဒနမူနာပုံစံတစ်ခုကို ဖန်တီးပေးထားပါသည်။

စာကြည့်တိုက်ဝက်ဘ်ဆိုက်များ၊ စာကြည့်တိုက်ဘာသာရပ်လမ်းညွှန်ချက်များ၊ စာရင်းပြုစုခြင်းများနှင့် Creative Commons

အကြောင်းအရာ၊ အချက်အလက်ဖန်တီးသူ၏ အခန်းကဏ္ဍတွင် မိမိရောက်နေသည့် အဖြစ်ကို သတိပြုမိသော စာကြည့်တိုက်မှူးများသည် ၎င်းတို့၏လက်ရာအား မည်သို့လိုင်စင ပေးရမည်ကို သိချင်ကြပါလိမ့်မည်။ အမေရိကန်ပြည်ထောင်စုရှိ အဖွဲ့အစည်းပေါင်း ၅၀၀၀ ကျော်တွင် LibGuides အား ၎င်းတို့၏ ဘာသာရပ်နယ်ပယ်အလိုက်လမ်းညွှန်မှု (subject guide) ဆိုင်ရာ အချက်အလက်စီမံခန့်ခွဲမှုစနစ် (Content Management System) အဖြစ်ရွေးချယ်အသုံးပြုကြပြီး ကမ္ဘာအနှံ့တွင် လိုင်စင်ကိုင်ဆောင်ထားသူ ၁၂၀,၀၀၀ ကျော်ရှိထားပါသည်။ သင့်လက်ရာအရင်းအမြစ်များအတွက် Creative Commons လိုင်စင် အသုံးပြုခြင်းသည် သင့်ဝက်ဘ်ဆိုက်သို့မဟုတ် LibGuide အတွက် စက်မှနားလည်နိုင်သော တံဆိပ်ထည့်သွင်းရန် Licence Chooser အား အသုံးပြုရသလောက် လွယ်ကူရိုးရှင်းနိုင်ပါ သည်။

စာကြည့်တိုက် ဝက်ဘ်ဆိုက်များတွင် Creative Commons တစ်မျိုးတည်နှင့် သက်ဆိုင်သော LigGuides ် များ ရာနှင့်ချီ၍ ရှိနေပါသည်။ ဤရှာဖွေမှုရလဒ်များကို လေ့လာကြည့်ပြီး Creative Commons နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အခက်အခဲ၊ ပြဿနာများနှင့် ပတ်သက်၍ ဘာသာရပ်အထူးပြုစာကြည့်တိုက်မှူး (subject librarians) များ ရှာဖွေတွေ့ရှိထားသည့် အရင်းအမြစ်များကို မွှေနှောက်လေ့လာကြည့်ပါ။

၆.၁ အဆင့်မြင့် လေ့လာသင်ယူမှုများအား လွတ်လပ်စွာ လက်လှမ်းမီစေခြင်း